Tuesday, October 27, 2020

Covid-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

Covid-19  ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံ များအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၂၇

   
ကမ္ဘာ့ကပ်ရောဂါ Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ တပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် ရွာငံမြို့နယ်၊ တောကျယ်လဲပြားကျေးရွာတို့ရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ခရမ်းချဉ်သီး ၄၇၅ ပိဿာနှင့်ဂေါ်ရခါးသီး ၁၅၅၀၀ လုံးတို့ကို ဝယ်ယူခဲ့သည်။
   
အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ညောင်ရွှေမြို့နယ်နှင့်ရွာငံမြို့နယ်တို့ရှိ ကျေးရွာများမှ ဒေသခံတောင်သူများ၏စိုက်ခင်းများမှ ရာသီသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီထုပ် ၁၄၄၅ ထုပ်၊ ဂေါ်ရခါးသီး ၄၃၃၅ လုံးတို့ကို အောက်တိုဘာ ၂၅ ရက်တွင် နယ်မြေခံတပ်နယ် များမှ တစ်ဆင့်ဝယ်ယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင်များ Covid-19 ရောဂါ ဖြစ်ပွားမှုကာလအတွင်း စာရေး အဆင်ပြေစေရန်အတွက် ယနေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment