ဖျာပုံမြို့နယ်၊ ချောင်းကွင်းကျေးရွာနှင့် ကြံခင်းရေကျော်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူ များအား တပ်မတော်သားများက စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော်၊ အောက်တိုဘာ - ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း အောက်တိုဘာ ၂၀ ရက်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ဖျာပုံမြို့နယ်၊ ချောင်းကွင်းကျေးရွာအတွင်း ဖျာပုံမြစ်ရေဝင်ရောက်မှုနှင့် ကြံခင်းရေကျော်ကျေးရွာတွင် ဂျိုဝါချောင်းရေ ဝင်ရောက်မှုျား ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ရေဘေးသင့် အိမ်ထောင်စု ၇၈၇ စုအတွက် ဆန် ၇၀ အိတ်၊ ဆီ ၄၂ ပိဿာ၊ ဆား ၄၂ ပိဿာ၊ ကုလားပဲ ၂၆ ပိဿာနှင့် Mask ၆၀၀ ခု တို့ကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment