COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုး များလှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၁၄

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုး ၄၈ လုံးကို တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များဖြည့်သွင်းပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက သွားရောက်လှူဒါန်းသည်။
တပ်မတော်အနေဖြင့် COVID-19 ရောဂါကုသရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက် ရာ၌ အောက်ဆီဂျင်လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment