Monday, October 19, 2020

မကွေးမြို့နှင့်မိတ္ထီလာမြို့တို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးများအတွက် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း

မကွေးမြို့နှင့်မိတ္ထီလာမြို့တို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးများအတွက် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း

 နေပြည်တော်၊ အောက်တိုဘာ- ၁၉

 


 


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင်  မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းနှင့် အဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သက်ဆိုင်ရာဆေးရုံခန်းမများ၌ COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ COVID-19 ရောဂါကာလအတွင်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် နေ့မအား ညမနားလူနာများကို ကုသရခြင်း၊ မိမိကိုယ်ကိုလည်း COVID-19 ရောဂါပိုးကူးစက်မခံရအောင်ကာကွယ်ရခြင်းစသဖြင့် တာဝန်များကို ပင်ပင်ပန်းပန်းထမ်းဆောင်နေရမှုအပေါ် ကိုယ်ချင်းစာနာစိတ်ဖြင့် ရောဂါကာကွယ်ရေးပစ္စည်းများနှင့် အဟာရဖြည့်စွက်အစားအစာများကို တစ်ထောင့်တစ်နေရာမှအထောက်အပံ့ရစေရန် လှူဒါန်းရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများပေးအပ်ရာ မကွေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းဌေး ကလည်းကောင်း၊ မိတ္ထီလာပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်စိန် ကလည်းကောင်း အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားများပြန်လည်ပြောကြားကြသည်။ ထို့ပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က မအားလပ်သည့်ဆေးရုံမှဝန်ထမ်းများနှင့် လူနာများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများချက်ပြုတ်ကျွေးမွေးနိုင်ရန်အတွက် လှူဒါန်းငွေများပေးအပ်ရာ တပ်နယ်မှူးများကလက်ခံရယူကြပြီး တပ်နယ်များမှမိသားစုဝင်များဖြင့်ချက်ပြုတ်ကာ ဆေးရုံဝန်ထမ်းများနှင့်လူနာများလက်ဝယ်အရောက်  ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ယနေ့လှူဒါန်းမှုအနေဖြင့် မကွေးမြို့နှင့်မိတ္ထီလာပြည်သူ့ဆေးရုံများသို့ဆေးရုံတစ်ရုံလျင်  Personal Protective Equipment (PPE) ဝတ်စုံ အစုံ ၁၀၀ ၊ Face Shield ၂၁၀ ခု ၊ Goggles မျက်မှန် ၁၀ လက် ၊ လက်အိတ် အစုံ ၂၀၀၀ ၊ တပ်မတော်စက်ရုံများကထုတ်လုပ်သော Mask ၄၂၀၀ ခု ၊ ပဒုမ္မာဆပ်ပြာမွှေးအခဲ ၂၀၀ ၊ ကြက်ဥအလုံး ၂၁၀၀ နှင့် နွားနို့ ၅၃ ပိဿာ တို့အားလှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment