Tuesday, October 13, 2020

COVID-19 ရောဂါကုသရေးတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်များလှူဒါန်း

COVID-19 ရောဂါကုသရေးတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်များ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၂


COVID-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များအား တစ်ဖက်တစ်လမ်း မှအထောက်အကူပြုစေရန်အတွက်

တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၆ လုံးကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၀ လုံးကို လည်းကောင်း တပ်မတော် Oxygen Plant များ၌ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက  အသီးသီးသွားရောက်လှူဒါန်းသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကုသရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ရာ၌ အောက်ဆီဂျင် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြည့်ဆည်း လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment