Monday, October 19, 2020

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မကွေးတပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မကွေးတပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


နေပြည်တော်၊ အောက်တိုဘာ- ၁၉


 

 

 


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့တွင် မကွေးတပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သက်ဆိုင်ရာတပ်နယ်ခန်းမအသီးသီး၌ သီးခြားစီ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာ ရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦးနှင့် မကွေးတပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များက မကွေးတပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ  အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ၊ သုတ၊ ရသ၊ စာအုပ်၊ စာစောင်များနှင့် အားကစားပစ္စည်းများကိုပေးအပ်ရာ တပ်နယ်အလိုက်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မကွေးမြို့ရှိ တပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့်စစ်သည်များ၏ ကျန်းမာရေး အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment