Sunday, October 25, 2020

သာကူးသွားတဲ့သူတွေကိုတွေ့ရင် တခွန်းတော့ ပြောလိုက်မယ် မင်းတို့ သစ္စာစူးလိမ့်မယ်။

တပ်မတော်ထဲကနေ
ဘယ်လို အကြောင်းအမျိုးမျိုးနဲ့ထွက်သွားရပါစေ
စစ်သားစိတ်ရှိလွန်းတဲ့ ၊
တပ်မတော်ကို ချစ်လွန်းတဲ့ စစ်သားဟောင်းတွေလည်း
အများကြီး တွေ့ဖူးခဲ့တယ်။
----


ကိုယ်တစ်ယောက်တည်းရဲ့ သဘောပြောရရင်
တပ်မတော်မှာနေတဲ့ ကာလတစ်လျှောက်လုံး
စစ်သားဟာ စစ်သားနဲ့ မတူတဲ့
ခံယူချက်ရှိတဲ့ သူတွေကို အမုန်းဆုံးပဲ...
-----
ရှေ့တန်းစစ်မြေပြင်မှာ
နှစ်နဲ့ချီပြီးသွားရတဲ့အချိန်တိုင်း၊
လူသူအရောက်အပေါက်နည်းတဲ့ နယ်စပ်စခန်းတွေမှာ
လနဲ့ချီပြီး စခန်းထိုင်တာဝန်တွေကိုထမ်းဆောင်ကြတဲ့အချိန်တိုင်း
ဖျားနာဖြစ်တဲ့အချိန်တွေမှာ
ဂရုစိုက်ကြတာလည်း ဒီရဲဘော်ရဲဘက်တွေပဲ၊
တစ်ယောက်အခက်အခဲကို တစ်ယောက်က
ကူညီပေးခဲ့ကြတာတွေကလည်း ဒီရဲဘော်ရဲဘက်တွေကပဲ၊
တစ်ယောက်ပစ္စည်းတစ်ယောက်ကူထမ်းပေးခဲ့တာတွေကလည်း
ဒီရဲဘော်ရဲဘက်တွေကြီးပဲ။
--------
သာယာတဲ့နေရာ...
အဆင်ပြေတဲ့နေရာရောက်သွားရင်...
ကိုယ့်ရဲဘော်ရဲဘက်တွေကို မချစ်တော့တဲ့သူတွေ၊
ကိုယ့်လက်တွဲဖော် စစ်သည်တွေကို
အပြစ်မြင်တတ်တဲ့သူတွေတွေ့ရင်
သေလောက်အောင်မုန်းတယ်။
ပိုဆိုးတာက
ကိုယ်သစ္စာဆိုထားတဲ့ အဖွဲ့အစည်းကိုနင်းပြီး
တခြားသောသူတွေအပေါ်
ချစ်ပြချင်ယောင်ဆောင်တာမျိုးတွေ၊
သာကူးလုပ်ချင်၊ ပေါ်ပင်လုပ်ချင်တာမျိုးတွေမြင်ရရင်
သိပ်စိတ်နာချင်စရာကောင်းတယ်။
-------
တာဝန်ထမ်းဆောင်နေဆဲ ဆိုရင်လည်း
စစ်သားဟာ စစ်သားနဲ့တူနေမှ ။
ဒီယူနီဖောင်းဝတ်ထားပြီး
ဒီအဖွဲ့အစည်းအပေါ်သစ္စာရှိပါ့မယ်လို့ သစ္စာဆိုထားပြီးမှ
သာကူးသွားတဲ့သူတွေကိုတွေ့ရင်
တခွန်းတော့ ပြောလိုက်မယ်
မင်းတို့ သစ္စာစူးလိမ့်မယ်။


#ဖိုးစီ

0 comments:

Post a Comment