Monday, October 26, 2020

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

COVID-19  ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုး များလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   
COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
   
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံသို့ Oxygen concentrator  ၁ လုံးနှင့်အောက်ဆီဂျင်အိုး ၂၀ လုံးတို့ကို ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၃၀ လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၄၀ လုံးနှင့် ကန်တော်နဒီဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၀ လုံးတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း တပ်မတော် Oxygen Plant   များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး အသီးသီးသွားရောက်ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment