နွားထိုးကြီးမြို့နယ်ရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ အောက်တိုဘာ - ၂၇

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ဒေသခံပြည်သူ များ၏ မျက်စိခွဲစိတ်ကုသရေးနှင့် လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် နွားထိုးကြီးမြို့ရှိ အလည်ကျောင်းပရိယတ္တိစာသင်တိုက်၌အခြေပြု၍ သံဃာတော် ၃ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၂ ပါးနှင့် ဒေသခံပြည်သူ ၁၁၉ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အတွင်းတိမ်ခွဲစိတ် ကုသမှုသီလရှင် ၂ ပါး၊ ဒေသခံပြည်သူ ၁၀ ဦး၊ အသေးစားမျက်စိခွဲစိတ်လူနာ ၄ ဦး၊ စုစုပေါင်းမျက်စိခွဲစိတ်ကုသလူနာ ၁၆ ဦးကို ရွေ့လျားခွဲစိတ်ကုသယာဉ်ပေါ်၌ ခွဲစိတ်ကုသ ပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၂၁ ဦးကို သက်ဆိုင်ရာတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် မျက်စိဝေဒနာ ရှင်များအား မျက်မှန်များတပ်ဆင်ပေးပြီး ဆေးကုသမှုလာရောက်ခံယူသည့်ပြည်သူများအား နယ်မြေခံ တပ်မတော်သားများက နေ့လယ်စာထမင်း၊ဟင်းများဖြင့် ဧည့်ခံကျွေးမွေးသည်။
တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသ ယာဉ်တစ်စီးပါဝင်ပြီး အဆိုပါမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား မျက်စိရောဂါနှင့် အခြား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များနှင့်အညီ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment