ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် ဘိလပ်မြေ အိတ်များ လှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၂၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာအတွင်း ရပ်ကွက်ချင်းဆက် လမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဘိလပ်မြေ အိတ်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ သုဓမ္မာကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဘိလပ်မြေအိတ် ၂၀၀ ကိုပေးအပ်လှူဒါန်းရာ ရပ်မိရပ်ဖတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ မုရစ်ကလေးကျေးရွာအတွင်း ကျေးရွာချင်းဆက်လမ်းမှာ အရှည်ပေ ၂၁၄၀ ပေရှိပြီး မိုးတွင်းအခါတွင် သွားလာရခက်ခဲသဖြင့် ကွန်ကရစ်လမ်းခင်းနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment