Wednesday, October 7, 2020

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော စေတုတ္တရာမြို့နယ်ရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော စေတုတ္တရာမြို့နယ်ရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၇


တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ ရာသီဥတု ဖောက်ပြန်ပြီး မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းထောက်ပံ့မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ထောက်ပံ့ ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပန်းအိကျေးရွာအုပ်စု၊ ဒွေးကျေးရွာအုပ်စုနှင့် နတ်ကြီးကျေးရွာအုပ်စုများရှိ ကျေးရွာ ၁၂ ရွာတို့မှ သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စလင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်နှင့် တာဝန်ရှိသူများက ခွေးမလောင် ကျေးရွာ၌ သွားရောက်ပေးအပ်သည်။

ဦးစွာ တပ်နယ်မှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သီးနှံများပျက်စီးခဲ့သည့် ကျေးရွာ ၁၂ ရွာတို့မှ အိမ်ထောင်စု ၆၆၀ စု၊ တောင်သူ ၂၆၄၀ ဦးအတွက် ဆန် ၄၁၈ အိတ်၊ ဆီ ၇၃၈ ပိဿာ၊ ဆား ၆၄၆ ပိဿာနှင့် ပဲ ၁၁၀၇ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးတို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ကျေးရွာ ၁၂ ရွာတို့မှ သီးနှံများပျက်စီးဆုံးရှုံးခဲ့မှုသည် စုစုပေါင်း ၇၉၆ ဧက ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ တပ်မတော်က ထောက်ပံ့ပေးအပ်ခြင်းအပေါ် ဒေသခံ တောင်သူများနှင့် ကျေးရွာနေပြည်သူများက အထူးပင်ဝမ်းမြောက်၍ တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများကို ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment