ပုသိမ်တပ်နယ်မှ တပ်မတော်သားများက ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီးအတွက် စုပေါင်းသွေးလှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၇

COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် သွေးလိုအပ်ချက် အခက်အခဲဖြစ်ပေါ်လျက်ရှိပြီး ဆေးရုံမှ တာဝန်ရှိသူများက အကူအညီ တောင်းခံလာသဖြင့် ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များက တပ်နယ်အားကစားခန်းမ၌ စုပေါင်းသွေး လှူဒါန်းကြသည်။
ထိုသို့ လှူဒါန်းရာတွင် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု စုစုပေါင်း ၅၅ ဦးတို့က သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်း နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment