ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ကားလမ်းပေါ်၌ မြေပြိုကျမှုအား ကူညီဆောင်ရွက်
နေပြည်တော်၊ အောက်တိုဘာ - ၇

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုကျေးရွာ- မော် ချီးအောက်ရွာသွား ကားလမ်း၌ ယနေ့နံနက် ၆ နာရီခန့်တွင် မြေသားနံရံပြိုကျမှုကြောင့် လမ်းပေါ်သို့ အကျယ် ၁၂ ပေ၊ အရှည် ၆၀ ပေးခန့်ရှိ မြေစာများဖုံးအုပ်ကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့် နေရာသို့ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဖားဆောင်းတပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များပူးပေါင်း၍ လမ်းပိတ်ဆို့နေသည့် မြေစာများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာ နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment