Wednesday, October 7, 2020

ဘုန်းတော်ကြီးကျောင်းများသို့ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများသို့ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၇


COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေ သည့်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း အခက်အခဲများဖြေရှင်းပေးနိုင်ရန်အတွက် ချက်ပြုတ်ရေးအဖွဲ့များ စုဖွဲ့ထားရှိပြီး ကျောင်းများအလိုက် နေ့စဉ်ဆွမ်းချက်ပြုတ်လှူဒါန်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့ကြောင့် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက် ရှိ ဆုထူးပန်ပရိယတ္တိရွှေကျင်ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ပင်မဗုဒ္ဓဝါဒီကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ သိမ်ကုန်းကျောင်းတိုက်၊ နွယ်ခွေ ကျေးရွာရှိ ရွှေကျီးပင်စာသင်တိုက်၊ သန်လျင်မြို့နယ်၊ အေးမေတ္တာရပ်ကွက်ရှိ မြို့ဦး စက်ပစ်ကွင်းကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကွင်းကျေးရွာရှိ တပ်ဦးကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ ရွာဦးကျောင်းတိုက်၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်း ကျေးရွာရှိ ဇေတဝန်တပ်ဦးကျောင်းတိုက်နှင့် တွံတေးမြို့နယ်၊အလံအုပ်ကျေးရွာရှိ တပ်ဦး ကျောင်းတိုက်များ၌ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောင်းကြီးစုရပ်ကွက်၊ ဝေဠုဝန်ပရိ ယတ္တိစာသင်တိုက်သို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်ရှိ ရွှေရေးဆောင်ကျောင်းတိုက်သို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များကလည်းကောင်း သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍လည်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များအလိုက် ချက်ပြုတ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ဆွမ်းဆက်ကပ်လှူဒါန်းမှုများကို နေ့စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ တပ်မတော်မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုအပေါ် မန္တလေးမြို့၊ ချမ်းမြ သာစည်မြို့နယ်၊ ရွှေရေးဆောင်ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ က ယခုကဲ့သို့ မုဒိတာပွား မေတ္တာစကားများ ပြန်လည်မိန့်ကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment