Wednesday, October 7, 2020

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်သူ့ဆေးရုံများသို့ တပ်မတော်က အောက်ဆီဂျင်များလှူဒါန်း

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်သူ့ဆေးရုံများသို့ တပ်မတော်က အောက်ဆီဂျင်များလှူဒါန်း

ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ပြည်သူ့ဆေးရုံများသို့ တပ်မတော်က အောက်ဆီဂျင်များလှူဒါန်းကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သိရသည်။

ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များရှိလာပါက အောက်ဆီဂျင်အိုးများ လှူဒါန်းနိုင်ရေးအတွက် တပ်မတော်က အောက်ဆီဂျင်ထုတ်လုပ်သည့်စက်များကို ကောင်းအောင်စီစဉ်ထားရှိရန်နှင့် အောက် ဆီဂျင်အိုးများကို တပ်မတော်မှကားများဖြင့် ပို့ဆောင်လှူဒါန်းပေးနိုင်ရန်လိုအပ်ကြောင်း အောက်တိုဘာ လ ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၇ ရက်တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပြည်သူ့ ဆေးရုံကြီး၌ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုး အလုံး ၅၀ ကို မင်းဓမ္မလမ်းရှိ မြန်မာစီး ပွား ရေးကော်ပိုရေးရှင်း Oxygen Plant ၌ အောက်ဆီဂျင်များဖြည့်သွင်းပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တပ်မတော်မော်တော်ယာဉ်များဖြင့် သွားရောက် လှူဒါန်းပေးကြကြောင်းလည်း သိရသည်။

ထပ်မံ၍လည်း ဆေးရုံများတွင် အောက်ဆီဂျင်များ လိုအပ်ချက်ရှိပါက တပ်မတော် Oxygen Plant များ၌ ဖြည့်သွင်း၍ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။

ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
#ပြည်မြန်မာ

0 comments:

Post a Comment