Sunday, October 11, 2020

တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့်အမျိုးသမီး စစ်မှုထမ်းများ အလိုရှိသည်

တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင်  စစ်မှုထမ်းဆောင်ရန် အခြားအဆင့်အမျိုးသမီး စစ်မှုထမ်းများ အလိုရှိသည်

၁။    လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

                               (က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

                               (ခ)     ၁-၁-၂ဝ၂၁ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၅)နှစ်ထက် မကျော်လွန်စေရ။

                               (ဂ)    အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။

                               (ဃ)  အရပ်(၅)ပေ(၂)လက်မ၊ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။ (အထက်ပါအတိုင်း ကိုယ်အလေးချိန်သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ   ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)

၂။    လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများ နှင့်အတူ နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

       (က)     နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)။   

                               (ခ)      အခြေခံပညာအဋ္ဌမတန်းအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းထွက်လက်မှတ်(မူရင်း)နှင့်  ဒီပလိုမာ/ဘွဲ့ရရှိပြီးသူများဖြစ်ပါက ဒီပလိုမာ/ဘွဲ့လက်မှတ်(မူရင်း)။

                               (ဂ)    အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး/ မြို့နယ်ရဲတပ်ဖွဲ့    စခန်း တစ်ခုခုမှ တစ်လအတွင်းရရှိသော ထောက်ခံစာ(မူရင်း)။

                               (ဃ)     တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

                               (င)     အိမ်ထောင်စုဝင်စာရင်းမိတ္တူ။

                               (စ)     မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။  

၃။    လျှောက်ထားသူများသည် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရမည်-

                               (က)       လျှောက်လွှာ၊ သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ ၁၂-၁၀-၂၀၂၀ ရက်နေ့မှ     ၁၀-၁၁- ၂၀၂၀ ရက်နေ့အတွင်း နီးစပ်ရာ တပ်/ဌာနချုပ်များသို့ ပေးပို့လျှောက်ထားရမည်။

                               (ခ)     ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာရရှိသူများသည် သတ်မှတ်ရက်အတွင်း  လျှောက်ထားခဲ့သည့် စစ်ဌာနချုပ်များသို့ သတင်းပို့ရမည်။   

                               (ဂ)   ရွေးချယ်ခံရသူများသည် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းကို ခံယူရမည်။

                               (ဃ)     စစ်ဘက်ဆိုင်ရာ ဆေးစစ်အောင်မြင်သူများအား တပ်ဝင်စာချုပ်ချုပ်ဆိုပြီး အခြေခံစစ်ပညာ သင်ကြားရန် သက်ဆိုင်ရာလေ့ကျင့်ရေးသင်တန်းကျောင်းများသို့ ပို့လွှတ်ခြင်းခံရမည်။

၄။    အခြေခံတပ်သားသစ်သင်တန်းကို ၄ လ တက်ရောက်ရမည်။ သင်တန်းတက်ရောက်နေစဉ်ကာလ အတွင်း တပ်သားသစ်လစာ ၁၄၄ဝဝဝိ/-ကျပ် ကိုခံစားခွင့်ပြုမည်။ သင်တန်းပြီးဆုံးပါက(တပ်သား အခြေခံ လစာ ၁၅ဝဝဝဝိ/-+ M.H.R.A ၁ဝဝဝဝိ/- = ၁၆ဝဝဝဝိ/-)ခံစားခွင့်ရရှိမည်။

၅။    အခြေခံတပ်သားသစ်သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း မိမိတာဝန်ထမ်းဆောင်လိုသည့် တပ်မတော်(ကြည်း၊ရေ၊လေ)လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့တစ်ခုခုသို့ ဆန္ဒပြုရွေးချယ်နိုင်ပြီး၊ သင်တန်းဆင်းပြီး သတ်မှတ်ချက် ကိုက်ညီပါက မိမိဆန္ဒပြုရွေးချယ်ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့(သို့မဟုတ်) သင့်လျော်ရာလက်ရုံးဝန်ထမ်းတပ်ဖွဲ့ တစ်ခုခုတွင် တာဝန်ထမ်းဆောင်ရမည်။

မှတ်ချက်။     အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။

0 comments:

Post a Comment