မည်သည့် နိုင်ငံရေးပါတီမှ တပ်ဧရိယာအတွင်း မဲဆွယ်ခွင့် မရှိခဲ့ပါ
တကယ်တော့ အခု အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ တပ်ဂိတ်မုဒ်ဦးဆိုတာ အဲဒီတပ်မှာ လက်ရှိအသုံးပြုနေတဲ့ ဝင်/ထွက်ဂိတ်လည်း မဟုတ်ပါဘူး။ ၂၀၁၀ ပြည့်နှစ်က တပ်လုံခြုံရေးအတွက် နေရာပြောင်းရွှေ့ခဲ့ချိန်မှာ မဖြိုဖျက်ဘဲ ထားခဲ့လို့ ကျန်ရှိနေတဲ့ မုဒ်ဦး ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ခလရ(၂၃၈)ကို တနိုင်းမြို့မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ အခု လူမှုကွန်ရက် ပေါ်မှာ ပျံ့နှံ့နေတဲ့ မုဒ်ဦးကိုတော့ ၂၀၀၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ တပ် မုဒ်ဦးနဲ့ တပ်ရင်းတည်နေရာ အလှမ်းဝေးလွန်းတာကြောင့် ၂၀၁၀ ခုနှစ်မှာ တပ်မုဒ်ဦး အသစ် ပြောင်းရွှေ့ဆောက်လုပ်ခဲ့ပြီး လက်ရှိလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ မုဒ်ဦးအဟောင်း ကိုတော့ မဖြိုဖျက်ဘဲ ဒီအတိုင်း ထားခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးနဲ့ တခြားလူနေအိမ် အများစုဟာ ခလရ(၂၃၈)က စွန့်လွှတ်ဖို့ လျာထားတဲ့ တပ်ဧရိယာအဟောင်းထဲမှာ ရှိနေတာဖြစ်ပါတယ်။ အခု အဲဒီနေရာကို ကင်ဆားရာ ရပ်ကွက်လို့ ခေါ်ပါတယ်။ ဒါကြောင့် တနိုင်းမြို့နယ် ကြံ့ခိုင်ရေးပါတီက မဲဆွယ် စည်းရုံးရေးထွက်တဲ့အခါတိုင်း တပ်အဝင်ဂိတ် အဟောင်းကို ဖြတ်ရတာ ဖြစ်ပါတယ်။
ဒီဓာတ်ပုံတွေရဲ့ ဖြစ်စဉ်အမှန်က အောက်တိုဘာလ ၈ ရက်နေ့ မနက်မှာ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်(ယခင် ခလရ-၂၃၈ တပ်ဧရိယာအဟောင်း)မှာရှိတဲ့ USDP ပါတီရုံးမှာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့် ကိုယ်တိုင် ဦးစီးပြီး ပါတီဝင်တွေ၊ ပါတီကို ဝန်းရံထောက်ခံတဲ့ ဒေသခံတွေ စုဝေးပြီး လူအင်အား တစ်ထောင်ကျော်၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ကား အစီး ၄၀၀ လောက်နဲ့ ခလရ(၂၃၈)ဂိတ်အဟောင်း လမ်းအတိုင်း ထွက်ပြီး တနိုင်းမြို့နယ် အတွင်းရှိ ကျေးရွာများသို့ လှည့်လည်ကာ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ခဲ့ကြတာလို့ သိရပါ တယ်။
အဲဒါကို NLD ပါတီဝင်တွေက တပ်ထဲမှာ ကြံ့ခိုင်ရေးပါတီက မဲဆွယ်နေတယ်ဆိုပြီး လုပ်ကြံရေးသားနေကြတာ ဖြစ်ပါတယ်။ တကယ်က တပ်ရဲ့ဧရိယာအတွင်းမှာ ကြံ့ခိုင်ရေး ပါတီသာမက ဘယ်နိုင်ငံရေး ပါတီမှ မဲဆွယ်စည်းရုံးခွင့်မရှိပါကြောင်း အသိပေးပြောကြားလိုက်ပါရစေ။



0 comments:
Post a Comment