Sunday, October 11, 2020

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး (အမျိုးသမီး)များအလိုရှိသည်

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး (အမျိုးသမီး)များအလိုရှိသည်

၁။           လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

              (က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

              (ခ)      တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

              (ဂ)      ၁-၁-၂ဝ၂၁ ရက်နေ့တွင် အသက် ၁၆ နှစ် ပြည့်ပြီး ၁၉ နှစ်ထက်မကြီးရ။

              (ဃ)     အရပ်(၅)ပေ(၂)လက်မ၊ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။ (အထက်ပါအတိုင်းကိုယ်အလေးချိန်သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)

              (င)     မိဘအုပ်ထိန်းသူ၏ သဘောတူညီကြောင်းထောက်ခံချက်ပါရှိရမည်။

၂။          လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal တွင် Download ရယူ၍ဖြစ်စေ   အောက်ပါစာရွက်စာတမ်းများနှင့် အတူ ၁၂-၁၀-၂၀၂၀ ရက်နေ့မှ ၁-၁၁-၂၀၂၀ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

              (က)      နိုင်ငံသားစိစစ်ရေးလက်မှတ်။

              (ခ)     တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။

              (ဂ)     အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ် / တိုင်းဒေသကြီး / မြို့နယ်ရဲ တပ်ဖွဲ့   စခန်းတစ်ခုခုမှ တစ်လအတွင်းရရှိသော ထောက်ခံစာ(မူရင်း)။

              (ဃ)      တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

၃။           သတ်မှတ်ချက်များနှင့်ပြည့်စုံသူများအား စစ်ရေးချုပ်ရုံး၊ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့မှ ပဏာမ ရွေးချယ်ပါမည်။ ပဏာမရွေးချယ်ခံရသူများအား တိုင်းစစ်ဌာနချုပ်အစီအစဉ်ဖြင့် လေ့ကျင့်ပေးမည့် သင်တန်း ကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြု ရွေးချယ်မည်။

၄။        သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ အခြေခံရုံးလုပ်ငန်းစည်းမျဉ်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာ ဒီပလိုမာ Dip.C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။          သင်တန်းကာလ ၂ နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် တပ်သားသစ်လစာ ၁၄၄ဝဝဝိ/-ကျပ်ကိုလည်းကောင်း၊ ခြေလျင်တပ်သားသစ်သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည် အထိ တပ်သားအခြေခံလစာ ၁၅၀ဝဝဝိ/-ကျပ်ကို လည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) (အခြေခံလစာ- ၂၀၄ဝဝဝိ + အရည်အချင်းလစာ ၄ဝဝဝိ + M.H.R.A  ၁ဝဝဝဝိ= ၂၁၈ဝဝဝိ)အဖြစ် ခန့်အပ်ပေးမည်။

၆။              တပ်မတော်(ကြည်း၊ရေ၊လေ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) အဆင့်/အတန်းတိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့်/အတန်းတိုးမြှင့်ရေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ စာမေးပွဲအောင်မြင် ပါက အောက်ဖော်ပြပါ အဆင့်/အတန်းများတိုးမြှင့်ရရှိနိုင်ပြီး  ၎င်းတို့နှင့်ယှဉ်တွဲဖော်ပြပါ လစာ၊စရိတ်များ ရရှိမည်-

     

                    အဆင့်အတန်း                                                         အခြေခံလစာ        အရည်အချင်းလစာ    M.H.R.A           ပေါင်း

                                                                                                        

            (က)   တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ) (ဒုတိယတန်း)       ၂၀၄ဝဝဝ                ၆ဝဝဝ                    ၁ဝဝဝဝ          ၂၂၀ဝဝဝ

            (ခ)   တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ) (ပထမတန်း)         ၂၀၄ဝဝဝ                 ၈ဝဝဝ                    ၁ဝဝဝဝ          ၂၂၂ဝဝဝ

            (ဂ)   ဒုတိယအရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                     ၂၄ဝဝဝဝ                 ၈ဝဝဝ                    ၁ဝဝဝဝ          ၂၅၈ဝဝဝ

            (ဃ)   အရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                              ၂၅၈ဝဝဝ                 ၈ဝဝဝ                   ၁ဝဝဝဝ          ၂၇၆ဝဝဝ

မှတ်ချက်။       နှစ်တိုးလစာကို ၂ နှစ်လျှင် ၂ဝဝဝိ/- နှုန်းဖြင့် ၁ဝဝဝဝိ/- အထိ ခံစားခွင့်ရှိသည်။

၇။        တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် အဆင်ပြေစွာ ဖြေဆိုနိုင်သည်။

မှတ်ချက်။      အသေးစိတ်သိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။

0 comments:

Post a Comment