တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သင်တန်းသားများအလိုရှိသည်

၁။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ အမျိုးသား(လူပျို)ဖြစ်ရမည်။
(ခ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ (၁)လအတွင်း ရရှိသည့် ထောက်ခံစာမူရင်းနှင့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၃)ပုံတို့ကို ပူးတွဲတင်ပြရမည်။
(ဂ) လျှောက်ထားသူသည် ၁-၁-၂ဝ၂၁ ရက်နေ့တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက်မကြီးရ။
(ဃ) အနည်းဆုံးအရပ်(၅)ပေ(၃)လက်မနှင့် ကိုယ်အလေးချိန်(၁ဝဝ)ပေါင်ထက်မနည်းရ။ ပေါင်(၁၄ဝ)ထက် မကျော်ရ။
(င) မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ။
(စ) မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိရမည်။
(ဆ) လျှောက်လွှာနှင့်အတူပါရှိသောဆေးစစ်ပုံစံဖြင့် မိမိတို့နေထိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/ မြို့နယ်ရှိ တပ်မတော်ဆေးရုံ/ပြည်သူ့ဆေးရုံတွင် ပဏာမကျန်းမာရေး စစ်ဆေးအောင်မြင်သူ ဖြစ်ရမည်။
(ဇ) တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒ၊ ဓါတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲများဖြင့် အောင်မြင်ပြီးသူ ဖြစ်ရမည်။ (အမှတ်စာရင်းတင်ပြရမည်။)
(ဈ) တပ်မတော်၏အုပ်ချုပ်မှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal တွင် Download ရယူ၍ဖြစ်စေ ၁၂-၁၀-၂၀၂၀ ရက်နေ့မှ ၁၁-၁၁-၂၀၂၀ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်။
၃။ သင်တန်းဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင် စာမေးပွဲသင်ရိုးညွှန်းတမ်းအတိုင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များတွင် ဖြေဆိုကြရမည်ဖြစ်ပြီး ဖြေဆိုရမည့် ရက်အား ထပ်မံအကြောင်းကြားပါမည်။
၄။ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် သတ်မှတ်ရက်တွင် တပ်မတော်ဗိုလ်ရွေးအဖွဲ့၌ ဝင်ရောက်အစစ်ဆေးခံရမည်။
၅။ သင်တန်းကာလတွင်လစာအဖြစ် ပထမနှစ်(၁၆၈ဝဝဝ)ကျပ်၊ဒုတိယနှစ်(၁၇၄ဝဝဝ)ကျပ်၊ တတိယနှစ် (၁၈ဝဝဝဝ)ကျပ်၊ စတုတ္တနှစ်(၁၈၆ဝဝဝ)ကျပ် ရရှိမည်။
၆။ သင်တန်းအောင်မြင်ပြီးလျှင်မိမိတို့သင်ယူခဲ့သည့်ဘာသာရပ်အလိုက် အောက်ပါဘွဲ့များ အပ်နှင်းပေးမည်-
(က) သူနာပြုသိပ္ပံဘွဲ့ B.N.Sc(Bachelor of Nursing Science)
(ခ) ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ B.Pharm(Bachelor of Pharmacy)
(ဂ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓါတ်ခွဲနည်းပညာ) B.Med.Tech (Medical Laboratory Technology)
(ဃ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှုနည်းပညာ) B.Med.Tech(Physiotherapy)
(င) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓါတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ) B.Med.Tech(Medical ImagingTechnology)
(စ) ခြေတုလက်တုနှင့်အားပြုကိရိယာနည်းပညာသိပ္ပံဘွဲ့ B.Med.Tech(Prosthetics and Orthotics)
၇။ သင်တန်းပြီးမြောက်အောင်မြင်သောအခါ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)နှင့် ဆေးဘက်ကျွမ်းကျင်သူများအဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီပါက မိမိတို့ သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့ (Master of Science)နှင့် ပါရဂူဘွဲ့ (Ph.D ) သင်တန်းများ တက်ရောက်ခွင့်ရရှိမည်။
၈။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)/ဆေးဘက်ကျွမ်းကျင်သူ(တတိယတန်း) အမှုထမ်းသက် (၁)နှစ်၊ အထက်တန်းသူနာပြု/ဆေးဘက်ကျွမ်းကျင်သူ(ဒုတိယတန်း) အမှုထမ်းသက်(၂)နှစ်၊ စုစုပေါင်း (၃)နှစ် ပြည့်မြောက်ပြီး သက်ဆိုင်ရာတို့မှ ပြန်တမ်းဝင်အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ဒုတိယဗိုလ် (အထက်တန်းသူနာပြု/ ကျွမ်းကျင်သူ(ဒုတိယတန်း))အဖြစ် စတင်ခန့်အပ်ပေးမည်။
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက မိမိတို့လျှောက်လွှာထုတ်ယူခဲ့သည့် တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။
0 comments:
Post a Comment