Tuesday, April 30, 2019

Statement on ceasefire and permanent peace

Republic of the Union of Myanmar
Office of the Commander-in-Chief of Defence Services
Statement on ceasefire and permanent peace

(11 Waning of Tagu, 1381 ME) (30 April 2019)



1. With regard to the peace process in Myanmar, the Office of the Commander-in-Chief of Defence Services announced on 21 December, 2018 that Tatmadaw, in order to effectively implement the peace process, has ceased all the military operations in Northern Command, North-Eastern Command, Eastern Command, Eastern Central Command and Triangle Region Command from 21 December 2018 to 30 April 2019.

2. During the ceasefire period, peace negotiations were held with ethnic armed organizations that have not yet signed the Nationwide Ceasefire Agreement (NCA). In so doing, ethnic armed groups such as KIA, TNLA and MNDAA have demanded to extend the ceasefire period until they are able to sign the NCA by continuing peace talks.

3. Therefore, it is hereby announced that the Tatmadaw will extend its ceasefire period until 30 June 2019 in the abovementioned command headquarters as demanded by the ethnic armed organizations so as to implement the stages of the peace process in view of achieving eternal peace.

Office of the Commander-in-Chief of Defence Services

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်

(၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်)
(၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်)
 

၁။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပြီး ဖြစ်သည်။

၂။ အထက်ပါ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးရပ်ဆိုင်းပြီး အပစ်အခတ် ရပ်စဲရေး ကာလအတွင်း NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများမှလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေးကြရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော KIA၊ TNLA နှင့် MNDAA တို့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)အား လက်မှတ်ရေးထိုးနိုင်သည်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆက် လက်ဆွေးနွေး ဆောင်ရွက်နိုင်ရေး အပစ်အခတ်ရပ်စဲရေးကာလအား ထပ်မံတိုးမြှင့်ပေး ရန် တောင်းဆိုလာခဲ့သည်။

၃။ သို့ဖြစ်၍ တပ်မတော်အနေဖြင့် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ တောင်းဆိုချက်အရ ထာဝရငြိမ်းချမ်းရေးရရှိစေရေး ဦးတည်လျက် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်အား ပိုမိုထိရောက်စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် အထက်ဖော်ပြပါ တိုင်းစစ်ဌာချုပ်နယ်မြေများ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန် ကြေငြာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီလေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိ၊ သိုဝှက်ထားသော WFP တံဆိပ်ပါ ရိက္ခာပစ္စည်းများရှာဖွေတွေ့ရှိ

AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီလေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိ၊ သိုဝှက်ထားသော WFP တံဆိပ်ပါ ရိက္ခာပစ္စည်းများရှာဖွေတွေ့ရှိ

နေပြည်တော်၊ ဧပြီ - ၃၀
 
 

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များနှင့် ဒေသ တည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသဖြင့် AA အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနိုင်သော နေရာများအား တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေးအာမခံချက်ရှိစေရန် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၈ ရက်တွင် တပ်မတော်စစ်ကြောင်းက ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ် ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၂၀၀၀ ခန့် အကွာ၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီလေ့ကျင့်ရေးစခန်းနေရာ တစ်ခုအားတွေ့ရှိသဖြင့် ၀င်ရောက်ရှင်းလင်းခဲ့ရာ AA အကြမ်းဖက်သောင်း ကျန်းသူများ အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းများနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး တန်းစီကွင်း ၂ ကွင်း၊ လူနေတဲ ၄၉ လုံးနှင့် ပစ်ကျင်းများပါဝင်သော ယာယီလေ့ကျင့်ရေး စခန်းတစ်ခုအား သိမ်းဆည်းရမိခဲ့သည်။

ယနေ့တွင် အဆိုပါ နေရာအနီးတစ်ဝိုက်အား အသေးစိတ်ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ကျင်းတူး၍ သိုဝှက်ထားသော ရိက္ခာပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အထဲတွင် WFP တံဆိပ်ပါ ဆန်အိတ် ၁၅ အိတ်နှင့် WFP တံဆိပ်ပါ ဆီဗူး ၃၈ ဗူးတို့ ပါဝင်ကြောင်း တွေ့ ရှိရသည်။

အထက်ပါ ရိက္ခာထုပ်များသည် စစ်ရှောင်စခန်းများအတွက် အလှူရှင်များက လှူဒါန်းထားသော ထောက်ပံ့ရေးပစ္စည်းဖြစ်ပြီး AA အကြမ်းဖက်သောင်းကျန်းသူများက ယင်းထောက်ပံ့ရေးပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရရှိသုံးစွဲနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာ၌ SSA (၀မ်ဟိုင်း)အဖွဲ့နှင့် SSA (ရွက်ဆစ်) အဖွဲ့တို့အတွက် ဆက်ကြေးကောက်ခံပေးနေသူအား ဆက်ကြေးငွေများ၊ စာရွက်စာတမ်းများ နှင့်အတူ ဖမ်းဆီးရမိ

ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာ၌ SSA (၀မ်ဟိုင်း)အဖွဲ့နှင့် SSA (ရွက်ဆစ်) အဖွဲ့တို့အတွက် ဆက်ကြေးကောက်ခံပေးနေသူအား ဆက်ကြေးငွေများ၊ စာရွက်စာတမ်းများ နှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၃၀
 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ နမ့်ဟူးတောင်း(အောက်)ကျေးရွာ ၌ ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ဆက်ကြေးငွေများ ကောက်ခံနေကြောင်း သတင်းအရပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ SSA(၀မ်ဟိုင်း)အဖွဲ့နှင့် SSA(ရွက်ဆစ်)အဖွဲ့တို့မှ ဆက်ကြေးတာဝန်ခံ၊ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေသူ စိုင်းတင်ချို၊ ၅၆ နှစ် (ဘ) ဦးသာလှိုင်အား ဆက်ကြေးကောက်ခံ ရရှိငွေကျပ် ၁၅ သိန်း၊ စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးမေးမြန်းချက်များအရ ၎င်းသည် SSA(၀မ်ဟိုင်း)အဖွဲ့နှင့် SSA(ရွက်ဆစ်)အဖွဲ့တို့အတွက် ဆက်ကြေး ကောက်ခံပေးနေသည်မှာ မှန်ကန်ကြောင်းနှင့် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၎င်းအဖွဲ့ ၂ ဖွဲ့အတွက် နှစ်စဉ်ဆန်နှင့် ငွေများကို နမ့်ဟူးတောင်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ ကောက်ခံပေးရကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိသူ ဆက်ကြေးတာဝန်ခံအား ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Monday, April 29, 2019

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများအား နေရပ်သို့ ပြန်လည်ပို့ဆောင်

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများအား နေရပ်သို့ ပြန်လည်ပို့ဆောင်

နေပြည်တော် ဧပြီ ၂၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာအုပ်စု၊ နန်ဆန်ယန် ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများက ဧပြီ ၁၄ ရက်မှ ၁၉ ရက်အထိ ကျေးရွာများ အတွင်းရှိ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက် အအုံများနှင့် ပတ်ဝန်းကျင် တစ်ဝိုက်၌ ဒေသခံ ပြည်သူများ အန္တရာယ်မရှိစေရန် မိုင်းရှင်းလင်း ရေးနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအား ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလျက် ၎င်းတို့ ခေတ္တတည်းခို နေထိုင်လျက်ရှိသည့် မြစ်ကြီးနားမြို့၊ ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာ၊ အင်ဂျန်ဒုံရပ်ကွက်နှင့် ဝိုင်းမော်မြို့နယ် တို့မှ အိမ်ထောင်စု ၅၂ စု၊ လူဦးရေ ၃၁၇ ဦးနှင့် အိမ်ထောင်ပရိဘောဂ ပစ္စည်းများအား တပ်မတော်ယာဉ်များဖြင့် ၎င်းတို့ကျေးရွာများသို့ ပြန်လည် ပို့ဆောင်ပေးသည်။ ထို့နောက် နန်ဆန်ယန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တိုက်ပွဲရှောင် ပြည်သူများအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွား ရောက်တွေ့ဆုံ၍ ကျေးရွာပြန်လည် ထူထောင်ရေးနှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ အိမ်ထောင်စုဝင် အသီးသီးက လက်ခံရယူ ကြပြီး တိုက်ပွဲရှောင်ပြည်သူများ ကိုယ်စား ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က တိုက်ပွဲရှောင်ပြည်သူ များအား အဆိုပါကျေးရွာရှိ စိန်ပေါလ်ဘုရား ကျောင်း၌ လိုအပ်သည့် ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ခင်ဗျားတို့ပြောတဲ့ စစ်ခွေး

 Image may contain: outdoor
ခင်ဗျားတို့ပြောတဲ့ စစ်ခွေး
 
တစ်နေ့က …
ကိုယ်တို့ စခန်းက ခွေးတစ်ကောင်ပျောက်သွားတယ် ။

ရဲဘော်တွေကို မေးကြည့်တော့ …
အောက်ကိုဆင်းသွားတာ တွေ့လိုက်တယ် ဆိုတာက လွဲလို့
ကျန်တဲ့အဖြေအတိအကျ ဘာမှမသိခဲ့ရဘူး ။

အဲလိုနဲ့ အဲဒီခွေးလေး …
တစ်ပါတ်လောက် ပျောက်နေခဲ့ရတယ် ။

မနေ့ကတော့ …
မိုးငွေ့နဲ့ အတူ
အပုပ်နံ့က တစ်ချက် တစ်ချက် သဲ့သဲ့လာလို့
ကိုယ်တို့ စုဖွဲ့ပြီး အောက်ကို ဆင်းကြည့်ကြတယ် … ။

ထင်ထားတဲ့ အတိုင်းပါပဲ
အဲဒီခွေးလေး ကုန်းတစ်ဝက်လောက်မှာ သေနေတယ်
နောက်ခြေထောက်တစ်ဖက်က …
ရန်သူ ထောင်ထားတဲ့ တိုက်မိုင်း တိုက်မိခဲ့ပုံပဲ ။

အရင်းနားကနေ …
အသားတွေ ဖွာပြီး ပြတ်နေတယ် ။

ဒီ့ထက်ပို စိတ်မကောင်းဖြစ်ရတာက …
ခွေးလေးဟာ စခန်းကုန်းပေါ်ကို မျက်နှာမူထားပြီးသေနေတာပဲ
သူ့ခမျာ ကျန်နေသေးတဲ့ ခြေလက်တွေနဲ့ …
ဒဏ်ရာတွေ ရထားတဲ့ ကြားထဲကနေ
အတင်းရုန်းကန်ပြီး တက်လာခဲ့တဲ့ပုံပါပဲ ။

မြေကြီးပေါ်မှာ …
သူ့ရဲ့ လက်ကျန်အားလေးနဲ့
ကုပ်ဖက်တွယ်တက်ထားတဲ့ အရာတွေဟာ ဗလဗွနဲ့ပေါ့ ။

သူ ဘာလို့ အသံမပေးခဲ့တာလဲလို့ ကိုယ်စဉ်းစားမိတယ်
သူ မိုင်းနင်းမိတဲ့နေရာက စခန်းနဲ့ဝေးပြီး …
သူ အဲဒီကနေ ဒီအထိ ကြိုးစားပြန်လာခဲ့ရင်း
စခန်းနားရောက်တော့ သူ အသံကို မထွက်နိုင်လောက်အောင်
အားကုန်သွားခဲ့ပုံ ရတယ် … ။

တကယ်လို့ အသံထွက်ရင်တောင် ခပ်ယဲ့ယဲ့ပေါ့လေ …
တောကြီးမျက်မည်းထဲ ပိုးမွှားကောင်တွေနဲ့
မိုးသံလေသံတွေ သည်းထန်နေတဲ့ အနေအထားမှာ
တောင်တဝက်က ခွေးတစ်ကောင်ရဲ့ ညည်းသံသဲ့သဲ့ကို
တောင်ပေါ်ကလူတွေ ကြားနိုင်ဖို့ ဆိုတာ တကယ်မှ မလွယ်ဘဲလေ ။

ဆောင်းရာသီမို့ …
မြောက်ပြန်လေကလဲ အရိုးကွဲမတတ် တိုက်နေတာတော့
ပိုဆိုးတာပေါ့လေ … ။

ကိုယ် သူ့ရဲ့ အလောင်းကို စိတ်မကောင်းခြင်းကြီးစွာ ကြည့်မိတယ်
သူ့ရဲ့မျက်လုံးတွေဟာ စခန်းကုန်းပေါ်ကို
နောက်ဆုံးထွက်သက်အထိ မမှိတ်မသုန်နဲ့ ကြည့်နေခဲ့ပုံပဲ ။

သူ … သိတယ်
ဒီကုန်းဟာ သူ့အိမ်ပဲ …
သူ့ အိမ်ကို ရောက်ရင် သူ အဆင်ပြေပြီ
သူ့အိမ်မှာ သူ့ကိုဆေးကုပေးမယ့်သူတွေ ရှိတယ်
သူ့ကို အစာကျွေးမယ့် သူတွေ ရှိတယ် …
အချမ်းပြေအောင် မီးဖိုပေးမယ့် သူတွေ ရှိတယ်
သူ့မိန်းမနဲ့ ကလေးတွေ ရှိတယ် … ။

သူ … သိတယ်
သူ့အိမ်ကို ရောက်ရင် သူ အကုန်အဆင်ပြေပြီ
တစ်လမ်းလုံး ရုန်းကန်ခဲ့ရသမျှ ဝေဒနာဆိုးတွေဟာ
အဆင်ပြေသက်သာသွားတော့မှာကို … ။

နောက်ဆုံး ဒုက္ခတိဘဝနဲ့ သူ တစ်သက်လုံးနေခဲ့ရရင်တောင်
သူ့အတွက် နေဖို့ စားဖို့ မပူရတော့ဘူး ဆိုတာ … ။

ဒါပေမယ့် …
သူ … အိမ်ပြန်မရောက်နိုင်ရှာခဲ့ဘူး
မိုးသည်းညဟာ သူ့အတွက် ကံကြမ္မာဆိုးပဲ
သူဟာ သူ့အိမ်နားအထိ ရောက်ခဲ့ပေမယ့်
သူ့အိမ်ထဲအထိတော့ မရောက်နိုင်ခဲ့ရှာဘူး … ။

သူ … ဘယ်လောက်များ ခံရခက်လိုက်မလဲ …
သူ … ဘယ်လောက်များ နာကျင်ကြေကွဲလိုက်မလဲလို့
ကိုယ် တွေးနေမိတယ် … ။

ဒီအတွေးဟာ …
ဘယ်ဘက်ရင်အုံထဲက နှလုံးသားကို
အပြင်ဘက်ကို ဆွဲထုတ်ပြီး ဖြတ်အရိုက်ခံလိုက်ရသလိုပဲ ။

ဘရတ်ဒ်ပစ်ရိုက်ထားတဲ့
FURY(ဖြူရီ) ဆိုတဲ့ စစ်ကားလေးကို သွားသတိရမိတယ် ။
ဂျာမန်တွေ ချီတက်လာမယ့် လမ်းကြောင်းပေါ် …
FURY ဆိုတဲ့ တင့်ကားကြီး မိုင်းနင်းမိပြီး ဆက်သွားလို့မရတော့
အဖွဲ့ဝင်တွေအားလုံးက တင့်ကားကို စွန့်ခွာဖို့ ပြင်ကြတယ် ။

ဘရတ်ဒ်ပစ်က ပြန်လိုက်ဖို့ ငြင်းတယ်
'' မင်း ရူးနေလား '' လို့ သူ့ရဲဘော်တွေက ဒေါသတကြီးပြောတော့
ဘရတ်ဒ်ပစ်က မဲ့ပြုံးလေး ပြုံးပြီး ပုခုံးနှစ်ဖက်ကို တွန့်ပြီးဖြေတယ် ။

'' ငါ … ပြန်မလိုက်ဘူး
ဒါ … ငါ့အိမ်ပဲ '' တဲ့ ။

အဲဒီအခန်းကို ကြည့်မိတဲ့အချိန်
မျက်ရည်စတချို့က ကိုယ့်မျက်ဝန်းထဲမှာ ဝေ့ကနဲ ပါပဲ ။

သြော် … အိမ် တဲ့ လား ။

မိတ်ဆွေတို့ …
ခင်ဗျားတို့မှာ အိမ်ဆိုတာများ ရှိခဲ့မယ်ဆိုရင်
ချစ်စရာကောင်းတဲ့ မိသားစု အသိုက်အမြုံလေးသာ
ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် … … ။

အတူနေရတဲ့ အခိုက်မှာ တန်ဖိုးထားကြပါ
ချစ်ခင်မြတ်နိုးကြပါ
ရိုသေလေးစားကြပါ - လို့ မှာလိုပါတယ် ။

လောကကြီးမှာ …
သေလောက်အောင် အိမ်ပြန်ချင်ပေမယ့်
အိမ်ကိုပြန်ခွင့် မရခဲ့ရှာတဲ့ …
အိမ်ကိုဘယ်တော့မှ ပြန်မရောက်နိုင်တဲ့
အိမ်ပြန်ဖို့ဘယ်တော့မှ ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့
ဘဝတွေများစွာ ရှိတတ်ကြပါတယ် ။

ဒီ့အတွက် အခွင့်အရေးရတုန်းမှာ …
မိတ်ဆွေတို့ရဲ့အိမ်ကို မိသားစုကို
ချစ်ခင်မြတ်နိုး တန်ဖိုးထားကြပါ ဗျာ ။

ဒါဟာ …
ဒီကမ္ဘာလောကကြီးမှာ
ခင်ဗျားတို့ ရှိမှန်းတောင်မသိခင် ပျောက်ကွယ်ခဲ့ရတဲ့
သေလောက်အောင်အိမ်ပြန်ခဲ့ချင်ရှာပေမယ့်
အိမ်ကိုမပြန်ခဲ့နိုင်ရှာတဲ့
စစ်ခွေးလေးတစ်ကောင်ရဲ့ အမှာစကားပါပဲ … ။ ။

ဇေယျကျော်ထင်
Photo . Credit
Aung Koko

AA ဖမ်းဆီးထားတဲ့ ခူမီးတိုင်းရင်းသား ၅၂ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆို


AA ဖမ်းဆီးထားတဲ့ ခူမီးတိုင်းရင်းသား ၅၂ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆို
~~~~~~~~~~
■ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာက ခူမီးတိုင်းရင်းသား ၅၂ ဦးကို ရက္ခိုင့် တပ်မတော် AA က ဖမ်းဆီးခေါ်ဆောင်သွားတာကို ပြန်လွှတ်ပေးဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က မနေ့က ဧပြီလ ၂၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

Image may contain: 1 person, outdoor
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က တပ်မတော်နဲ့ AA တို့ ကင်းတလင်းရွာနားမှာ တိုက်ပွဲဖြစ် ပွားရာကနေ မိသားစု ၁၂ စု က လူဦးရေ ၅၄ ဦးတို့ကို AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရ တာလို့ KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက RFA ကို ပြောပါတယ်။

အားလုံးဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ၅၄ ဦးထဲက နှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် တဲ့သူတွေဟာ AA စခန်းချနေရာတွေမှာ နေထိုင်နေရဆဲဖြစ်ပြီး အစာရေစာ မလုံမလောက်ဖြစ်နေကြရ တယ်လို့ ပြောပါတယ်။

ပြန်လွတ်လာသူ နှစ်ဦးရဲ့ပြောပြချက်အရ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် ထိစပ်တဲ့နေရာမှာ တပ်စခန်းချထားတာလို့ပြောကြောင်း ဦးကျော်ငြိမ်း က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် တောထဲထွက်ပြေးနေရတဲ့ ခူမီးလူမျိုးတွေကို စစ်ဘေးလွတ်ရာ ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်နေရာဆီ AA က ပို့ဆောင်ပေးခဲ့တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က ပြန်လည်တုံ့ပြန်ထားပါတယ်။


ချင်းပြည်နယ်က ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ဒေသဖွံ့ဖြိုးရေးပိုင်းကို ထိခိုက်နေကြရပြီး ဒေသ တွင်းတည်ငြိမ်မှုမရှိတာတွေကြောင့် စိုးရိမ်စိတ်တွေနဲ့ နေထိုင်လာကြရတယ်လို့ Chin Civil Society Network က ဧပြီလ ၂၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

"ဒီအခုတော့ တိုက်ပွဲတော့မဖြစ်ပေမယ့် ဒီလိုမျိုး ဖွံ့ဖြိုးရေးစီမံကိန်းတွေ အဟန့်အတားဖြစ်စေတာကို တွေ့ရတာကို၊ တိုက်ပွဲဖြစ်လာရင်တော့ လုံးဝရပ်တန့်သွားမှာပေါ့၊ စစ်ဘေးရှောင်ပြည်သူတွေလည်း ခု ချိန်ထိ ကြောက်စိတ်တွေ မပြေသေးဘူး၊ တိုက်ပွဲရှောင်ပြည်သူတွေလည်း ပိုများလာတာကို၊ ချင်းပြည် နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး ပြည်သူတွေရဲ့ ကြောက်စိတ်တွေမရှိအောင် အဟန့်အတားပေး နေတဲ့ဟာတွေမလုပ်ဖို့ကို တောင်းဆိုတာကို"

Chin Civil Society Network က ဆလိုင်း ဇကုတ်ထန်း က ပြောသွားတာဖြစ်ပါတယ်။

ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာက ခူမီးတိုင်းရင်းသား ၅၂ ဦးတို့ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က အစိုးရတပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကင်းတလင်းရွာက ၅၄ ဦးတို့ကို AA က ဖမ်းဆီးခေါ်ဆောင်သွားတာ ပြန်လွှတ်ပေးဖို့အတွက် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) က မနေ့က ဧပြီလ ၂၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုထားပါ တယ်။

အဲဒီထဲက နှစ်ဦးဟာပြန်လည်လွတ်မြောက်လာခဲ့ပြီး သူတို့ကို မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်နိမိတ်နေရာက AA စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့တာလို့ ပြောကြောင်း KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်ရယ် အိန္ဒိယရယ် မြန်မာရယ် သုံးပွင့်ဆိုင်နေရာက အဲဒီမှာ သူတို့စခန်းရှိတယ် သူတို့နှစ် ဦးက မီးဇာရွာမှာပဲ စခန်းချတယ်၊ ကျန်တဲ့ ၅၂ ဦးက ဟိုမှာပဲကျန်သေးတာ၊ ဌာနချုပ်တော့ မဖြစ်နိုင်ဘူး ပြောလို့မရဘူး၊ အခုစစ်ရှောင်ဒုက္ခသည်က အများကြီးရှိတယ်၊ သက်ဆိုင်ရာပြည်နယ်အစိုးရကို တောင်း ဆိုတာ လောလောဆယ် ကူညီဆောင်ရွက်ပေးပါရန်ဆိုပြီး"
 

RFA Burmese


လီဆူနဲ့ ရှမ်းတိုင်းရင်းသားတွေကို KIA က ဖမ်းဆီးသတ်ဖြတ်နေကြောင်း ဒူးလေးပါတီပြော

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က မြစ်ကြီးနားမြို့မှာ ၂၀၁၉၊ ဧပြီ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်





လီဆူနဲ့ ရှမ်းတိုင်းရင်းသားတွေကို KIA က ဖမ်းဆီးသတ်ဖြတ်နေကြောင်း ဒူးလေးပါတီပြော
~~~~~~~~~~
■ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လီဆူတိုင်းရင်းသားတွေနဲ့ ရှမ်းတိုင်းရင်းသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေရှိနေကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က မြစ်ကြီးနားမြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘန်ကောက်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ လီဆူတိုင်းရင်းသား ဦးဂွါတီးအပါအဝင် လေးဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်တွေက မတ်လ ၁၁ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ကြောင်း ဒူးလေးပါတီက ပြောပါတယ်။

ဖမ်းဆီးသွားသူတွေထဲက သုံးဦးကို မတ်လ ၁၇ ရက်နေ့မှာ KIA အဖွဲ့က သတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းမှာ ကြားနေရတာကြောင်းနဲ့ ဖမ်းဆီးခံရသူတွေ အသက်ရှင်လျက်ရှိတယ်ဆိုရင် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ အဲဒီ လေးဦးကို KIA က ဖမ်းဆီးခဲ့တာမရှိကြောင်း RFA ကို ဧပြီလ ၄ ရက်နေ့က ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒူးလေးပါတီရဲ့ သဘောထားကြေညာချက်တစ်ခုကိုလည်း ဒီနေ့ထုတ်ပြန်ရာမှာ KIA အဖွဲ့က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေမခံရအောင် လီဆူတိုင်းရင်းသားတွေကို ကာကွယ်ပေးဖို့ နိုင်ငံတော် အစိုးရနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။

KIA အနေနဲ့ မတရားညှင်းပမ်းနှိပ်စက်သတ်ဖြတ်တာတွေ၊ မုဒိန်းကျင့်သတ်ဖြတ်တာတွေနဲ့ အဓမ္မ ဆပ်ကြေးကောက်ခံတာတွေ မလုပ်ဖို့ကို လီဆူတိုင်းရင်းသားတွေ စုပေါင်းပြီး ၂၀၁၇ ခုနှစ် မေလက မြစ်ကြီးနားမြို့မှာ စီတန်းလှည့်လည် လမ်းလျှောက် ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။


RFA Burmese

ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းများ ထပ်မံ ထောင်ထားကြောင်း သတင်းအရ တပ်မတော်မှ မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် မိုင်းရှင်းလင်း၊ ဒေသန္တရလက်လုပ်မိုင်း ၃ လုံး တူးဖော်ရရှိ


ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းများ ထပ်မံ ထောင်ထားကြောင်း သတင်းအရ တပ်မတော်မှ မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် မိုင်းရှင်းလင်း၊ ဒေသန္တရလက်လုပ်မိုင်း ၃ လုံး တူးဖော်ရရှိ

နေပြည်တော်၊ ဧပြီ - ၂၉

ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ ဧပြီ ၁၅ ရက် ညနေပိုင်း၌ AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးအား တူးဖော်ရရှိခဲ့ကြောင်း ဧပြီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
အဆိုပါနေရာအနီးတစ်ဝိုက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းများ ထပ်မံထောင်ထားကြောင်း သတင်းအရ တပ်မတော်လုံခြုံရေးစစ်ကြောင်းများမှ မိုင်းရှင်း လင်းရေးအဖွဲ့များဖြင့် မိုင်းရှင်းလင်းခဲ့ရာ ယနေ့ ဧပြီ ၂၉ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မဟာမုနိဘုရားကြီးလမ်းဆုံအနီး ကျောက်တော်-မြောက်ဦးကားလမ်း၏ ယာဘက် ၂ ပေခန့်အကွာ၌ အချင်း ၆ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးအားလည်းကောင်း၊ ၎င်းနေရာ၏ မြောက်ဘက် မီတာ ၂၀ ခန့် အကွာ၌ အချင်း ၆ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ဒေသန္တရလက်လုပ်မိုင်း ၁ လုံးအား လည်းကောင်း ရှာဖွေတွေ့ရှိသဖြင့် ဘုရားဖူးလာခရီးသွားပြည်သူများအန္တရာယ်မဖြစ်စေရေး စနစ်တကျသက်မဲ့ပြုလုပ် မိုင်းရှင်း လင်းပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများ ပေါ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်သည့်အကြိမ် ၁၅ ကြိမ်၊ မိုင်း ၄၆ လုံးရှိပြီး တပ်မ တော်လုံခြုံရေးစစ်ကြောင်းများက အများပြည်သူအန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Sunday, April 28, 2019

ငြိမ်းချမ်းစွာနေထိုင်ရခြင်း၏ အနှစ်သာရကို သိရှိနားလည်လာကြသဖြင့် ဥပဒေ ဘောင်အတွင်း ၀င်ရောက်လာကြသည့် KIA နှင့် TNLA အဖွဲ့ဝင်များ၏ အဆက်အသွယ်ဖြင့် မူဆယ်မြို့နယ်၌ KIA အဖွဲ့ဝင် ၂ ဦး ခဲယမ်းများနှင့်အတူ ထပ်မံဝင်ရောက်




ငြိမ်းချမ်းစွာနေထိုင်ရခြင်း၏ အနှစ်သာရကို သိရှိနားလည်လာကြသဖြင့် ဥပဒေ ဘောင်အတွင်း ၀င်ရောက်လာကြသည့် KIA နှင့် TNLA အဖွဲ့ဝင်များ၏ အဆက်အသွယ်ဖြင့် မူဆယ်မြို့နယ်၌ KIA အဖွဲ့ဝင် ၂ ဦး ခဲယမ်းများနှင့်အတူ ထပ်မံဝင်ရောက်

နေပြည်တော်၊ ဧပြီ - ၂၉

တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကြေညာထားသည့်ကာလအတွင်း ငြိမ်းချမ်းစွာနေထိုင်ရခြင်း၏ အနှစ်သာရကို သိရှိနားလည်လာကြသဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၇ ရက်နံနက်ပိုင်းတွင် KIA အဖွဲ့ဝင် ၄ ဦးနှင့် TNLA အဖွဲ့ဝင် ၇ ဦး လက်နက်မျိုးစုံ ၉ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့ကြောင်း ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့ကြသူများ၏ အဆက်အသွယ်ဖြင့် ဧပြီ ၂၇ ရက် ည ၁၀ နာရီခန့်တွင် KIA အဖွဲ့မှ ဆေးမှူးဗိုလ်ကြီးအဆင့်ရှိသူအပါအ၀င် အဖွဲ့ဝင် ၂ ဦး လက်ပစ်ဗုံး ၃ လုံးနှင့်အတူ မူဆယ်မြို့နယ်ရှိ တပ်မတော် လုံခြုံရေးစခန်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်။

တရားဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများ၏ ပြောပြချက်များအရ ၎င်းတို့၏ အဖွဲ့အစည်းများအတွင်း လက်နက် စွဲကိုင်ပြီး လိုရာတောင်းဆိုခြင်းဖြင့် အကျိုးမရှိနိုင်ခြင်းကို သိရှိလာကြသဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အမှန် တကယ် ဆန္ဒရှိသူများနှင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်လိုကြသူများ ထပ်မံရှိနေသေးကြောင်း သိရှိရပြီး ထပ်မံဝင်ရောက်လာကြသည့် KIA အဖွဲ့ဝင် ၂ ဦးကိုလည်း တပ်မတော်မှ နွေးထွေးစွာ ကြိုဆိုခဲ့ကြကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကော့သောင်းမြို့အနီးရှိ မြန်မာ့ ပင်လယ်ပြင်အတွင်း ငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ကော့သောင်းမြို့အနီးရှိ မြန်မာ့ ပင်လယ်ပြင်အတွင်း ငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၂၉
 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး၌ မြန်မာ့ပင်လယ်ပြင်လုံခြုံရေး တာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်ရေမှ စစ်ရေယာဉ်တစ်စီးသည် ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် ကော့သောင်းမြို့၏ အနောက် ဘက် ရေမိုင် ၁၈၆ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်ရာ စက်လှေတစ်စီးအားတွေ့ရှိသဖြင့် စစ်ဆေးရန် အချက်ပြ ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။

အဆိုပါဖမ်းဆီးရမိ အောင်ပြည်စုံ-၁ အမည်ရှိ စက်ရေယာဉ်မှာ အလျား ၇၀ ပေ၊ အနံ ၁၄ ပေ၊ ရေစူး ၇ ပေခန့်ရှိပြီး စက်ရေယာဉ်ပေါ်မှ Refined Chinese Tea စာတန်းပါ အစိမ်းနုရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသော ICE အမျိုးအစား စိတ်ကြွရူးသွပ်ဆေး အဖြူရောင်ဘလောက်တုံး ၁၂၃၈ ထုပ်(ကာလတန်ဖိုး ငွေကျပ် ၃၀ ဘီလီယံကျော်) နှင့်အတူ ဝေလင်း(ဘ) ဦးစောနိုင် အပါအ၀င် အမျိုးသား ၇ ဦးတို့အား ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား ကော့သောင်းမြို့နယ်၊ မြို့မရဲစခန်းနှင့် မူးယစ်တပ်ဖွဲ့စုသို့ တရားဥပဒေအရအရေးယူနိုင်ရေး ဆက်လက်လွှဲပြောင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အစိမ်းရောင်တွေကို မချစ်သ၍

No photo description available.





အစိမ်းရောင်တွေကို မချစ်သ၍ ရာသီဥတုကတော့ ဖောက်ပြန်နေဦးမှာပဲ ......

-မိုးဟိဏ်း-

Aim & Objectives ...


Aim & Objectives ...

Image may contain: 3 people, people standing and outdoor
ခေါင်းဆောင်တစ်ဦးအတွက်...
ခရီးစဉ်တစ်ခုရဲ့ အောင်မြင်မှုဆိုတာ ဘာလဲ...

ခရီးစဉ်ရဲ့ ရည်ရွယ်ချက်... ရည်မှန်းချက်...

နှစ်ဦးနှစ်ဖက် တည်ဆောက်နိုင်တဲ့ ယုံကြည်ချက်...

တိုင်းပြည်နဲ့ တပ်မတော်အတွက် ရရှိခဲ့တဲ့ အကျိုးအမြတ်...

ခေါင်းဆောင်ကောင်းတွေမှာ ရှိကြတဲ့...
မူဝါဒ Policy
မဟာဗျူဟာ Strategy
စီမံချက်နဲ့လုပ်ငန်းစဉ် Plan and Process
စုဖွဲ့မှုနဲ့ပုံဖေါ်မှု Organization and Structutre

Image may contain: 4 people, people standing and outdoor
နိုင်ငံတကာအကြံပေးတွေမလိုဘဲ...
ကိုယ်ပိုင်ရှုမြင်ချက် ပုံဖေါ်ဖန်တီးချက်တွေနဲ့...

နိုင်ငံတော်နဲ့နိုင်ငံသားများအတွက်...
အကျိုးဖြစ်ထွန်းအောင် စွမ်းဆောင်နိုင်တယ်ဆိုတာ...

အများမြင်သာအောင် အလွယ်ပြောရမယ် ဆိုရင်...

ခေါင်းဆောင်နှစ်ဦး နိုင်ငံတော်အလံကိုယ်စီထောင်ပြီး
နှစ်ယောက် လက်စွဲနုတ်ဆက်ရုံ...
ဖက်လဲတကင်း အာဘွားနမ်းပြရုံနဲ့ မရဘူးဆိုတာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်...၏
ရုရှာနိုင်ငံခရီးစဉ်ရဲ့ အောင်မြင်မှုအချို့ကို...
ဂုဏ်ယူစွာဖော်ပြရင်း...

ငြိမ်းချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဆီသို့...
စည်းလုံးညီညွတ်စွာ လျှောက်လှမ်းနိုင်ကြပါစေလို့...

credit-
 
Image may contain: 2 people, people smiling, people standing and suit 
 
Image may contain: 1 person, ocean, outdoor and water 
 
Image may contain: 4 people, people smiling, people standing and suit

KIA အဖွဲ့ဝင် ၄ ဦးနှင့် TNLA အဖွဲ့ဝင် ၇ ဦး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကြေညာထား သည့်ကာလအတွင်း ငြိမ်းချမ်းစွာနေထိုင်ရခြင်း၏ အနှစ်သာရကို သိရှိနားလည် လာကြသဖြင့် မူဆယ်မြို့နယ်၌ KIA အဖွဲ့ဝင် ၄ ဦးနှင့် TNLA အဖွဲ့ဝင် ၇ ဦး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်

နေပြည်တော်၊ ဧပြီ - ၂၈
 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည့် တပ်မတော်စခန်းများသို့ ဧပြီ ၂၇ ရက်နံနက်ပိုင်းတို့တွင် KIA အဖွဲ့ဝင် ၄ ဦးနှင့် TNLA အဖွဲ့ဝင် ၇ ဦး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ကနဦးမေးမြန်းချက်များအရ ၎င်းတို့အနေဖြင့် တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်း ရေးအတွက် ထုတ်ပြန်ချက်ကြေညာထားသည့်ကာလအတွင်း ငြိမ်းချမ်းစွာနေထိုင်ရခြင်း၏ အနှစ်သာရကို သိရှိနားလည်လာကြခြင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ်ဆန္ဒရှိလာခြင်း၊ ၎င်းတို့၏ ဆန္ဒများကို လက်နက်စွဲကိုင်ပြီး တောင်းဆိုခြင်းဖြင့် အကျိုးမရှိနိုင်ခြင်းကိုသိရှိလာခြင်း၊ တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေရသည်ကို တွေ့မြင်နေရသဖြင့် ဆက်လက်တိုက်ပွဲဝင်လိုစိတ်မရှိ တော့ခြင်း၊ တရားဥပဒေဘောင်အတွင်း တည်ငြိမ်အေးချမ်းစွာနေထိုင်လိုခြင်းတို့ကြောင့် လက်နက်ငယ်မျိုးစုံ ၉ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဆက်လက် ၍လည်း ၎င်းတို့၏ အဖွဲ့များအတွင်း အခြေအနေ ပေးပါက တရားဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက် လိုသူများ အများအပြားရှိကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့ကြသူများအား တာဝန်ရှိသူများက လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Saturday, April 27, 2019

တပ်မတော်သားတွေ

Image may contain: one or more people, outdoor and nature


မိသားစုကို ကျောခိုင်းပြီး
ပြည်သူကို ရှေ့တန်းတင်ထားတဲ့
တပ်မတော်သားတွေ ........

မိသားစုရဲ့လိုအပ်ချက်ကိုမေ့ဖျောက်ထားပြီး
ပြည်သူတွေရဲ့လိုအပ်ချက်ကို အမြဲဦးစားပေးဖြစ်တဲ့
တပ်မတော်သားတွေ .......

-မိုးဟိဏ်း-

ရခိုင်တစ်​ဦးရဲ့ရင်​ဖွင့်​သံ

ရခိုင်တစ်​ဦးရဲ့ရင်​ဖွင့်​သံ
===============

ကျနော်သည် ရခိုင် မိဘ နှစ်ပါးမှာ မွေးဖွားလာရေ ရခိုင် လူငယ် တစ်ယောက်ပါ။

ရခိုင်ပြည်ဇာကြောင့် မြီဇာပင် ဖြစ်ရ
-----------------------------------



Image may contain: 5 people, people smiling, people sitting, people eating and food
တစ်ရက် တစ်ရက် မြင်တွီ့ နိမ်ရရေ စစ်ဘေး ဒုက္ခသည်တိ များလာ စော်ကို ကြည့်ပြီး ရင်ထဲ လုံးဝ မကောင်း ဖြစ်မိပါရေ နှစ်ဖက် စစ်ပွဲဖြစ်ရရေ အကြောင်း အရင်း ကြောင့် ကြားက ရခိုင်ပြည်သူ တိ မြေစာ ပင်ဖြစ်ရရေ
ဇာကြောင့် စစ်ပွဲဖြစ်ရရေ ဇာပိုင် လုပ်ကေ ရခိုင်ပြည်ကြီး အရင်ပိုင် အီးချမ်းဖို့  ဆိုစော် အမှန်း ဖက်က တွေးမိပီးရေ လူ နည်းပါး သလောက် ဇာပိုင်လုပ်ကေ ဇာပိုင် ဆူပူမူ့  ဖြစ်ဖို့ ဆိုပြီး အဝီးရောက် နိုင်ငံခြား ကျွန် သသိုက်က မြောက်ပင့် ပီးလို့  ရိုးသားရေ လူငယ်တိ/ လက်ရှိ ရခိုင်ပြည်မှာ နိမ်ရေ ရခိုင်ပြည်သူတိ ခံစားနိမ်ရစော် ပိုင် တောထဲ တစ်နိမ်ရာမှာ ဒုက္ခ တိနံ့ အချိန် မှန်မှန် မစားရ အိပ်ချိန်မှာ မအိပ်ရ ကြုံနိမ်ရရေ မင်းရို့ သိလား

မင်းရို့  မသိ သိမ်းရေ လူတိအများကြီး ရှိပါရေ
----------------------------------------------------------------

မင်းရို့ သိအောင် တစ်ခုပြော လိုက်မေ
စစ်တပ်မှာ မင်းရို့  ငါရို့ ပိုင် ရခိုင်သားတိ တစ်ဝက်နီးပါးရှိရေ
ဇာဖြစ်လို့  တိုက်ပွဲကို ဖန်တီး နိမ်ဂတ်စော်လေ့ ဇာပိုင်ရည်ရွယ်ချက်နံ့ လက်နက်ကိုင် လမ်းစဉ်ကို ရွီးချယ်နိမ် ဂတ်စော်လေ့ တပ်ထဲမှာ ရခိုင် တစ်ဝက်နီးပါး ရှိရေ ဆိုစော် သိ လား
ရခိုင်ပြည်ကို ကာကွယ်ဖို့ အတွက် တိုက်ပွဲဝင်ရရေ ဝင်ဂတ်မေ စကားကို မပြောဂေ့ တစ်ချက်လောက် ဘုရားမှာ စစ်ပွဲကို ဖန်တီးပြီး အိမ်ပေါ်က ပစ်တေ အဖွဲ့ လားဝေး ရခိုင်ပြည်ကို ကာကွယ် ဖို့  ဟုတ်လား မျက်မြင်ကိုယ်တွီ့ နှမ်းးချီးဘုံကို လက်နံ့ သတ်စော် ပိုင်အဖြစ်ချင် လို့ ငြိမ်နိမ်ရရေ ဘဝ ရခိုင့် နိုင်ငံ ရခိုင့်ကံကြမ္မာ ကို ရခိုင်သားသာ ရွီး ပိုင်ခွင့် ရှိရေ ဆို စိတ်ကို ဖျောက်ဖို့  အချိန်မှာ ဖျောက်ရပါဖို့ 
မတ်ရို့ ထက် ဆရာကြရေ Kia မတ်ရို့ ဆရာ တောင်မှ မရေးလှုပ်ကေ မြုတ်ဖို့ လိုက်နိမ်စော် ကို မတွီ့ မိလား

ငါ စော် ရခိုင်ပြည်ကို ချစ်တေ ရခိုင်သား တစ်ယောက်ဖြစ်လို့  AA ကို လွန်ခရေ ၃ နှစ်လောက်ထိ အကြွင်းမဲ့ ထောက်ခံ ခရေ လူတစ်ယောက်ဖြစ်တေ ရှင်းရှင်းချေ ပြောလိုက်မေ ဝေး မြောက်ဦးမြို့ နယ် တိမ်ညို ရွာသား အစစ် ကြား လား

နောက်ဆုံး မတ်ရို့ တိ လုပ်ကွက် တိကိုလွန်လားလို့  မထောက်ခံ ဖြစ်လားစော် ငါ့ ပိုင် ရွာသားတိ မတ်ရို့ အကြောင်းကို ဂတ်ဂတ်နန သိလားရေ လူ မှန်သမျှ မတ်ရို့  အဖွဲ့ ကို ချီးထက်လွန်နိမ် ဂတ်ယာ ဆိုစော် တစ်ခါတည်း ပြော လိုက်မယ် မတ်ရို့ မယုံကေ တစ်ယောက်ချင်း ဇီ လိုက်လို့ မေးကေ့ လီဂတ် ရေတာလဲ AA ဆိုစော် မသိဇီကေ့ ရွာသား အသွင်ပြောင်းပြီး မေကေ့လီ ကြုံလို့ ရှိဂေ

#အညတရ မိုးတိမ်#

ကျောက်ဖြူမြို့နယ်၊ အစိုးရရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း AA အကြမ်းဖက်သောင်းကျန်း သူများ ထောင်ထားသော အဝေးထိန်းဒေသန္တရလက်လုပ်မိုင်း တစ်လုံးတွေ့ရှိ

ကျောက်ဖြူမြို့နယ်၊ အစိုးရရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း AA အကြမ်းဖက်သောင်းကျန်း သူများ ထောင်ထားသော အဝေးထိန်းဒေသန္တရလက်လုပ်မိုင်း တစ်လုံးတွေ့ရှိ

နေပြည်တော်၊ ဧပြီ - ၂၇
 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အစိုးရရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်း အတွင်း၌ မသင်္ကာဖွယ်ရာ ပေါက်ကွဲစေတက်သည့် ပစ္စည်းတစ်ခုတွေ့ရှိကြောင်း သတင်းအရ ကျောက်ဖြူတပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ ၀င်များက ဧပြီ ၂၆ နေ့လည်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၏နေအိမ်အရှေ့ဘက် ပေ ၂၀ ခန့်အကွာ၌ ကွန်ကျူးပိုက်အပြာရောင်ဖြင့်ပြုလုပ်ထားသော အချင်း ၄ လက်မ၊ အမြင့် ၆ လက်မခန့်ရှိ အဝေးထိန်း ဒေသန္တရလက်လုပ်မိုင်း တစ်လုံးအား တွေ့ရှိခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အများပြည်သူများ ဘေးအန္တရာယ်မရှိစေရေးအတွက် မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် သက်မဲ့ပြုလုပ်နိုင်ခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူအသုံးပြုသွားလာ လျက်ရှိသည့် လမ်းများပေါ်တွင် မိုင်းထောင်၊ မိုင်းခွဲခြင်းများ ဆက်တိုက်ဆောင်ရွက်လာသည့်အပြင် ယခုကဲ့သို့ အစိုးရအုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာအဆောက်အဦများအားဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လာနိုင် သောကြောင့် အများပြည်သူများအနေဖြင့် ပေါက်ကွဲစေတက်သည့်ပစ္စည်းဟု ယူဆရသော မသင်္ကာဖွယ် ရာများ တွေ့ရှိပါက ဘေးအန္တရာယ်မရှိစေရေးအတွက် နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များသို့ အချိန်မီအကြောင်းကြား ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းအန္တရယ် ကင်းရှင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Friday, April 26, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားတပ်မတော် ရေတပ်ဦးစီးချုပ် ကိုယ်စား ဒုတိယရေတပ်ဦးစီးချုပ်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားတပ်မတော် ရေတပ်ဦးစီးချုပ် ကိုယ်စား ဒုတိယရေတပ်ဦးစီးချုပ်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ - ၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားတပ်မတော် ရေတပ်ဦးစီးချုပ်ကိုယ်စား ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Volozhinskiy Andrei Olgertovich က ယနေ့နံနက်ပိုင်းတွင် ရေတပ်ဦးစီးချုပ်ရုံးရှေ့၌ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
အဆိုပါဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့တက်ရောက်ကြပြီး ရုရှားတပ်မတော် ဒုတိယရေတပ်ဦးစီးချုပ်နှင့်အတူ ရုရှားတပ်မတော်ရေတပ်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုမည့်နေရာ သို့ရောက်ရှိရာ ရုရှားတပ်မတော်ဒုတိယရေတပ်ဦးစီးချုပ်က ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားတပ်မတော်ဒုတိယရေတပ် ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကြသည်။ ထို့နောက် နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးပြီး ဂုဏ်ပြုတပ်ဖွဲ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အမြန်လျှောက်ဖြင့်ချီတက်အလေးပြုသည်။
 
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော် ဒုတိယရေတပ် ဦးစီးချုပ်တို့သည် အခမ်းအနားတက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများနှင့် အတူအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော် ဒုတိယ ရေတပ်ဦးစီးချုပ်တို့သည် အစည်းအဝေးခန်းမတွင်တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှင့် ရေတပ်နှစ်ရပ်အကြား စစ်ဘက်နည်းပညာဆိုင်ရာများနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစစ် သဘောင်္များ အပြန်အလှန်လည်ပတ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံတပ်မတော်နှင့်ရေတပ်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီး မှုပိုမိုတိုးတက်ခိုင်မာ စေရေးအတွက် အဆင့်အလိုက်ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
 
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော်ဒုတိယ ရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရုရှားတပ်မတော်ရေတပ်သမိုင်းပြခန်းအတွင်း မြန်မာနိုင်ငံသမိုင်းကြောင်းများ အားရုရှားဘာ သာဖြင့်ရေးသားထားသည့် စာအုပ်များ ထိန်းသိမ်းထားရှိမှုအားကြည့်ရှုလေ့လာကြသည်။
 
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Admiralteyskie Verfy သင်္ဘောကျင်းသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် သင်္ဘောကျင်းညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရေငုပ် သင်္ဘောများထုတ်လုပ်နေမှုအခြေအနေများ အားရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်္ဘောကျင်းအတွင်းရေငုပ်သင်္ဘောများထုတ်လုပ်နေမှုအခြေအနေများနှင့် ရေငုပ် သင်္ဘောများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု လေ့လာကြရာ သင်္ဘောကျင်းညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
 
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညနေပိုင်း တွင် Joint Stock Company (JSC) ''STC" စက်ရုံသို့ရောက်ရှိကြပြီး စက်ရုံအတွင်း မောင်းသူမဲ့ကင်းထောက်လေယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ စက်ရုံမှတာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြ ခဲ့ကြကြောင်းသတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
 
 
 

ကျောက်တော်မြို့အနီး AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်း ၂ လုံးတွေ့ရှိ၊ အများပြည်သူအန္တရာယ်မရှိစေရေး တပ်မတော်လုံခြုံရေး စစ်ကြောင်းများကမိုင်းရှင်းလင်း ဆောင် ရွက်


ကျောက်တော်မြို့အနီး AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်း ၂ လုံးတွေ့ရှိ၊ အများပြည်သူအန္တရာယ်မရှိစေရေး တပ်မတော်လုံခြုံရေး စစ်ကြောင်းများကမိုင်းရှင်းလင်း ဆောင် ရွက်
နေပြည်တော်၊ ဧပြီ - ၂၆
 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်း ၂ လုံး အား ဧပြီ ၂၆ ရက်နံနက်ပိုင်းတွင် တပ်မတော်လုံခြုံရေး စစ်ကြောင်းများက ရှာဖွေတွေ့ရှိခဲ့သဖြင့် အများပြည်သူ အန္တရာယ်မရှိစေရေးအတွက် မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်တော်မြို့အနီးဝန်းကျင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်း များက ဧပြီ ၂၆ ရက် နံနက် ၈ နာရီခွဲခန့်တွင် ၀ဂင်းကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀ ခန့်အကွာ ကျောက်တော်မြို့သို့ ဆက်သွယ်ထားသည့် မြေသားလမ်းပေါ်၌ မသင်္ကာဖွယ်နေရာတစ်ခုအား တွေ့ရှိသဖြင့် ရှင်းလင်းရာမှ ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံးအား ရှာဖွေတွေ့ရှိခဲ့ပြီး အနီးဝန်းကျင် ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါမိုင်းတွေ့ရှိသည့်နေရာ၏ မြောက်ဘက်မီတာ ၅၀ ခန့်အကွာမှ ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံး နှင့် Samsung အမျိုးအစားဖုန်း ၁ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရရှိခဲ့ကာ သိမ်းဆည်းရရှိမိုင်းများအား တပ်မတော်လုံခြုံရေးစစ်ကြောင်းမှ မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် စနစ်တကျသက်မဲ့ပြုလုပ်ဖျက်ဆီးပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်း အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများပေါ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ခဲ့သည့် အကြိမ် ၁၄ ကြိမ်၊ မိုင်း ၄၃ လုံးရှိပြီး ခရီးသွားပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
 
 

Thursday, April 25, 2019

တပ်မတော်သားတွေက အမိုးအကာ စားစရာ အကုန် ပြည့်စုံအောင် တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေတဲ့ပုံ

Image may contain: outdoor and nature

ရခိုင်တွေ မကူညီ လို့ စစ်ဘေးမရှောင်နိုင်သော လူမှုကွန်ယက်ပေါ်မှာ ခေတ်စားနေတဲ့
ရခိုင်အဖိုးအဖွား လင်မယားရဲ့ နေအိမ်ကို

တပ်မတော်သားတွေက အမိုးအကာ စားစရာ
အကုန် ပြည့်စုံအောင် တတ်နိုင်သလောက်
ဖြည့်ဆည်းပေးနေတဲ့ပုံပါ။

Crd: အောင် ကျော် လွင်

မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ်အား AA အကြမ်းဖက် သောင်းကျန်းသူ အချို့က ကျေးရွာအတွင်းမှ နေရာယူ၍ လက်နက်ကြီး/လက်နက်ငယ် များဖြင့် လာရောက် နှောက်ယှက်ပစ်ခတ်


မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ်အား AA အကြမ်းဖက် သောင်းကျန်းသူ အချို့က ကျေးရွာအတွင်းမှ နေရာယူ၍ လက်နက်ကြီး/လက်နက်ငယ် များဖြင့် လာရောက် နှောက်ယှက်ပစ်ခတ်

နေပြည်တော်၊ ဧပြီ - ၂၅
 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ် အား ဧပြီ ၂၄ ရက် ညပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက ကျေးရွာ အတွင်းနှင့် ရန်ကုန်-စစ်တွေကားလမ်းမပေါ်တို့မှ နေရာယူ၍ လက်နက်ကြီး/လက်နက်ငယ် များဖြင့် လာရောက်နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်၊ လုံခြုံရေးဂိတ်ကင်းနေရာများသို့ AA အကြမ်းဖက်သောင်းကျန်းသူအချို့က ကျေးရွာအတွင်းမှ နေရာယူ၍ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူ့ပစ်ခတ်မှု ည ၇ နာရီ မိနစ် ၄၀ ခန့်တွင်ရပ်တန့် သွားခဲ့ပြီး ရန်ကုန်-စစ်တွေကားလမ်းမပေါ်မှ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကြီး ဖြင့်လည်းကောင်း၊ ည ၉ နာရီခန့်တွင် လက်နက်ငယ်များဖြင့်လည်းကောင်း ထပ်မံနှောက်ယှက် ပစ်ခတ်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ရှာ ဖွေစစ်ဆေးခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် တပ်ဌာနချုပ်အိမ်ထောင်သည် လိုင်းခန်းများနေရာမှ AA အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၁ လောင်းရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဘောင်းဒုတ်ကျေးရွာအတွင်းမှ တပ်ဌာနချုပ်များသို့ AA အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ် တိုက်ခိုက်ခဲ့မှုအနေဖြင့် ယခုအကြိမ်အပါအ၀င် ၃ ကြိမ်ရှိပြီး ယင်းကိစ္စနှင့်ပတ်သက်၍လည်း ဧပြီ ၁၈ ရက်တွင် တာဝန်ရှိသူများက ၎င်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ AA အကြမ်းဖက်သောင်းကျန်းသူများ ရွာအတွင်းသို့ ၀င်ရောက်မှုမရှိစေရေး၊ ရောက်ရှိလာပါက သက်ဆိုင်ရာသို့သတင်းပို့၍ ရပ်ရွာလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့အား စည်းရုံးဆွေးနွေး ခဲ့ပြီးဖြစ်သည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်အပေါ်ပြည်သူလူထု အထင်မြင်လွဲမှားစေရန် မြို့၊ ရပ်ကွက်၊ ကျေးရွာများနှင့် ကျေးရွာလူထုအား လူသားတံတိုင်း အဖြစ် အသုံးချလျက် တပ်ဌာနချုပ်များနှင့် တပ်မတော်လုံခြုံရေးစစ်ကြောင်းများကို မကြာခဏချောင်းမြောင်း ပစ်ခတ်လျက်ရှိကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး