Sunday, October 11, 2020

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်

၁။  လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

      (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

      (ခ)    တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

      (ဂ)    ၁-၁-၂ဝ၂၁ ရက်နေ့တွင် အသက် ၁၆ နှစ် ပြည့်ပြီး ၁၉ နှစ်ထက်မကြီးရ။

      (ဃ)    ကိုယ်အလေးချိန် ပေါင်(၁ဝဝ)ထက်မနည်းရ၊ ပေါင်(၁၄ဝ)ထက်မကျော်ရ။

၂။   လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal  တွင် Download ရယူ၍ဖြစ်စေ   အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၂-၁၀-၂၀၂၀ ရက်နေ့မှ ၉-၁၂-၂၀၂၀ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

      (က)    နိုင်ငံသားစိစစ်ရေးလက်မှတ်။         

                                   (ခ)    တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။

                                   (ဂ)    အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ် / တိုင်းဒေသကြီး / မြို့နယ်ရဲတပ်ဖွဲ့စခန်း  တစ်ခုခုမှ ထောက်ခံစာ(မူရင်း)။

                                   (ဃ)    (၁)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၃) ပုံ။

                                   (င)    မိဘအုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်ပါရှိရမည်။           

၃။  သတ်မှတ်ချက်များနှင့်ပြည့်စုံသူများအား စစ်ဌာနချုပ်များအစီအစဉ်ဖြင့် တပ်မတော်(ကြည်း)၊အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းသို့ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင် မြင် သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၄။  သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာတို့အပြင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာဘာသာရပ် တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip,C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။  သင်တန်းကာလ(၂)နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ် လစာ  ၁၄၄ဝဝဝိ /- ကိုလည်းကောင်း၊ ခြေလျင်တပ်သားသစ်သင်တန်း ပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည် အထိ သတ်မှတ်ထားသော တပ်သားအခြေခံလစာ ၁၅ဝဝဝဝိ/- ကိုလည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း)အဖြစ် ခန့်အပ်ပေးမည်။

၆။  လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့် /အတန်း တိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့် /အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး  ယှဉ်တွဲဖော်ပြပါ လစာ ၊ စရိတ်များ ရရှိမည်-

                          အဆင့်အတန်း                                                   အခြေခံ လစာ    အရည်အချင်း လစာ     M.H.R.A         ပေါင်း

                                                                                                

     (က)   တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း)                 ၂ဝ၄ဝဝဝ            ၄ဝဝဝ                    ၁ဝဝဝဝ        ၂၁၈ဝဝဝ

     (ခ)  တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ဒုတိယတန်း)                     ၂ဝ၄ဝဝဝ            ၆ဝဝဝ                    ၁ဝဝဝဝ        ၂၂ဝဝဝဝ

     (ဂ)  တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ပထမတန်း)                       ၂ဝ၄ဝဝဝ           ၈ဝဝဝ                      ၁ဝဝဝဝ       ၂၂၂ဝဝဝ

     (ဃ)   ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ)                             ၂၄ဝဝဝဝ              ၈ဝဝဝ                      ၁ဝဝဝဝ       ၂၅၈ဝဝဝ

     (င)  အရာခံဗိုလ်(စာရေး/ကွန်ပျူတာ)                                         ၂၅၈ဝဝဝ              ၈ဝဝဝ                     ၁ဝဝဝဝ       ၂၇၆ဝဝဝ

     မှတ်ချက်။   နှစ်တိုးလစာကို ၂ နှစ်လျှင် ၂ဝဝဝိ/- နှုန်းဖြင့် ၁ဝဝဝဝိ/- အထိ ခံစားခွင့်ရှိသည်။                         

၇။ တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် အဆင်ပြေစွာဖြေဆိုနိုင်သည်။

၈။ ဘွဲ့ရရှိသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်မှုထမ်းသက် ၆ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း၊ ဘွဲ့မရသေးသူများသည် စစ်မှုထမ်းသက် ၈ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း ဗိုလ်လောင်းသင်တန်းသို့ လျှောက်ထား နိုင်သည်။

၉။ ထို့အပြင် ဘွဲ့ရရှိသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်သံစစ်မှုထမ်းစာရေးအဖြစ် စိစစ်ရွေးချယ် ခံရပါက နိုင်ငံခြားရှိ မြန်မာစစ်သံ(ကြည်း ၊ ရေ ၊ လေ)ရုံးများတွင် မိသားစုနှင့်အတူသွားရောက်၍  အမှုထမ်းဆောင် နိုင်ခွင့်ရှိသည်။

            မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။

0 comments:

Post a Comment