ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၁၁
တပ်မတော်အနေဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင်သီလရှင် ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ချက်ပြုတ်ရေးအဖွဲ့များ ဖွဲ့စည်း၍ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများအား ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စုစုပေါင်း ၉ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် ဘာသာရေးကျောင်းများ၊ စုစုပေါင်း ၁၁ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် မြို့နယ်စုစုပေါင်း ၄၃ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များရှိ ဆရာတော် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအလိုက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြုမြို့နယ်နှင့် ကော့သောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၅ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ဇီးကုန်းမြို့၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၆ မြို့နယ်တို့၌ တပ်မတော်မှဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးခြင်း များအပါအဝင် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment