ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်ရှိ ဘုံပျံတောရ မြဝတီ အမှတ်(၂)သီလရှင် စာသင်တိုက်သို့ ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် Face Mask များ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်ရှိ ဘုံပျံတောရ မြဝတီ အမှတ်(၂)သီလရှင် စာသင်တိုက်သို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းတို့ စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် Face Mask များကို ယနေ့နံ၅နက်ပိုင်းတွင် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ တာဝန်ရှိသူများက အဆိုပါစာသင်တိုက်သို့ သွားရောက်၍ စာသင်တိုက် ပဓာနနာယက သီလရှင်ဆရာကြီး ဒေါ်ယုကေသီနှင့် စာချ၊ စာသင် သီလရှင် ဆရာကြီးများထံ ဆက်ကပ်လှူဒါန်းကြသည်။
ထိုသို့ လှူဒါန်းမှုတွင် အဆိုပါစာသင်တိုက်ရှိ စာချ၊ စာသင် သာသနာနွယ်ဝင် သီလရှင် ၇၉ ပါးအတွက် တိုင်းစစ်ဌာနချုပ် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယူနန် ဗုဒ္ဓဘာသာ ဘုရားကျောင်းတို့ စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန် ၂၀ အိတ်၊ ဆီ ၃၅ ပိဿာ အပါအဝင် ဆီ၊ ဆား၊ ပဲ စသည့်အမယ် ၄ မျိုးနှင့် Face Mask များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment