Thursday, October 8, 2020

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ၀ဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများအား COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေး၊ ရောဂါပိုးတွေ့ရှိရခြင်း မရှိ

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ၀ဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများအား COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေး၊ ရောဂါပိုးတွေ့ရှိရခြင်း မရှိ


နေပြည်တော်၊ အောက်တိုဘာ - ၈

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၂ ဦး၊ အိမ်တွင်း
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ၊ စားပွဲ နှင့် အိမ်တွင်း
COVID-19 ရောဂါပိုးတွေ့ရှိမှုသည် များများစစ်နိုင်ပါက များများတွေ့နိုင်မည်ဖြစ် ပြီး ရောဂါပိုးတွေ့ရှိရသူများကိုလည်း အမြန်ဆုံးကုသမှုများလုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်နိုင်ပါက ရောဂါပိုမိုပြန့်ပွားလာစေမည်ဖြစ်ကြောင်း၊ စောစောစစ်၊ စောစောကု၊ စောစောကာကွယ်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်မည်ဖြစ်ပြီး လက်ရှိအချိန်၌ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အများနှင့်သက်ဆိုင်သောနေရာများတွင် ရောဂါကူးစက်မှုနှုန်းမြင့်မားလျက်ရှိသည်ကိုတွေ့ရှိရသဖြင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အားထည့်ဆောင်ရွက်ရန်နှင့် ၎င်းနေရာများကိုစစ်ဆေးပေးနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သော COVID-19 ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ၀ဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်တွင် သတင်းသုံးလျက်ရှိသည့် သံဃာတော်များအနက်မှ သာမဏေ ၁၈ ပါးသည် အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းတွင် အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ကိုယ်အပူချိန်တက်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသဖြင့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဆေးဝန်ထမ်းတပ်ဖွဲ့များက အဆိုပါကျောင်းတိုက်သို့သွားရောက်၍ ရဟန်းသံဃာတော် ၁၂ ပါး၊ သာမဏေ ၆၂ ပါး၊ စုစုပေါင်း ၇၄ ပါးတို့ကို ကျန်းမာရေးစစ်ဆေးပေးပြီး အာခေါင်တို့ဖတ်နမူနာရယူ၍ ဓာတ်ခွဲအတည်ပြုစစ်ဆေးပေးခဲ့ရာ ကျောင်းတိုက်ရှိသံဃာတော်များ၊ သာမဏေများတွင် COVID-19 ရောဂါပိုး တွေ့ရှိခြင်းမရှိ(မရှိ)ကြောင်းသိရှိရသည်။
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: ရပ်နေသော လူများ နှင့် အပြင်ဘက်
ဆက်လက်၍လည်း တပ်မတော်မှဆေးအဖွဲ့များဖြင့် စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အများနှင့်သက်ဆိုင်သောနေရာများတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် စစ်ဆေးခြင်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment