Thursday, October 8, 2020

မန္တလေးမြို့တွင် တပ်မတော် COVID-19 လူနာများကုသရေးဌာန ပြင်ဆင်ဆောင်ရွက်ပြီးစီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ် သွေးမျိုးစုံလိုအပ်ချက်အတွက် မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်း

မန္တလေးမြို့တွင် တပ်မတော် COVID-19 လူနာများကုသရေးဌာန ပြင်ဆင်ဆောင်ရွက်ပြီးစီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ် သွေးမျိုးစုံလိုအပ်ချက်အတွက် မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်း
 
နေပြည်တော်၊ အောက်တိုဘာ - ၈


ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ
အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရောဂါပိုးတွေ့ရှိမှုသည် များများစစ်နိုင်ပါက များများတွေ့နိုင်မည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိရသူများကိုလည်း အမြန်ဆုံးကုသမှုများ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်နိုင်ပါက ရောဂါပိုမိုပြန့်ပွားလာစေမည်ဖြစ်ပြီး စောစောစစ်၊ စောစောကုသ၊ စောစောကာကွယ်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်ဟု လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းလမ်းညွှန်မှာကြားချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၌ ကုတင်(၂၀၀)ဆံ့ တပ်မတော် COVID-19 လူနာများ ကုသရေးဌာန(မန္တလေး)အား တည်ဆောက်လျက်ရှိရာ ယခုအခါတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ COVID-19 လူနာများထားရှိကုသဆောင်များတွင်ရှိရမည့် သတ်မှတ်ချက်အင်္ဂါရပ်များဖြစ်သော ရဟန်းသံဃာနှင့်သီလရှင် သီးခြားကုသဆောင်၊ အမျိုးသား၊ အမျိုးသမီးကုသဆောင်၊ ရေချိုးခန်း၊ ရေအိမ်များအပြင် စားသောက်ရေးအဆင်ပြေစေရေးအတွက် ထမင်းစားဆောင်များ၊ စားချက်ဆောင်နှင့် ပြင်ဆင်ဆောင်များအား ဆောင်ရွက်ထားရှိပြီဖြစ်ပါသည်။
ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
COVID-19 လူနာများ၏ ရောဂါအခြေအနေများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေးအတွက် Control Room များထားရှိကာ ဆရာဝန်များမှ CCTV ကင်မရာများဖြင့် နေ့ညမပြတ်စောင့်ကြည့်၍ လိုအပ်ပါက အရေးပေါ်ကုသနိုင်ရေးအတွက် အထူးကြပ်မတ်ဆောင် (ICU) အခန်းများ၊ အရေးပေါ်အသက်ရှူစက်များ၊ အောင်စီဂျင်ဘူးများကိုလည်း ပြည့်စုံစွာထည့်သွင်းစီမံပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါသည်။ ၎င်းအပြင် COVID-19 လူနာများ ကျန်းမာရေးပြုလုပ်နိုင်ရန် အားကစားကိရိယာများ ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။

ထို့ပြင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှ သွေးမျိုးစုံလိုအပ်လျှက်ရှိကြောင်းသိရှိရသည့်အတွက် ယနေ့နံနက်ပိုင်းတွင် တပ်မတော် COVID-19 လူနာများကုသရေးဌာန(မန္တလေး)၌ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၁၀၀ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ ယနေ့သွေးလှူဒါန်းမှုမှာ COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း (၁၀) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်းဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ ဇီဝိတဒါနဖြစ်သည့် သွေးလှူဒါန်းမှုအား မန္တလေးတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ မစိုးရိမ်ကျောင်းတိုက် ပါဠိနယူပဒေသကျောင်းဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်ကြည့်ရှုအားပေးကြပြီး တပ်မတော် COVID-19 လူနာများကုသရေးဌာန(မန္တလေး) အန္တရာယ်ကင်းဘေးကင်းစေရန် ပရိတ်တရားတော်များကို ရွတ်ဖတ်ချီးမြှင့်တော်မူရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုအစုစုလှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။ 

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ၊ ထိုင်နေသော လူများ နှင့် အိမ်တွင်း

0 comments:

Post a Comment