COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ လာရောက်ပေးအပ်လှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၅

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် FASTRO Co.,Ltd က အလှူငွေများနှင့် အထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ လာရောက်ပေးအပ် လှူဒါန်းကြသည်။
ဦးစွာ အလှူရှင် FASTRO Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက လှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေကျပ်သိန်း ၅၀နှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၅၅၀၀၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အလားတူ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဦးလျူဖူဝေ+ ဒေါ်ဖူမြင့်ကြူမိသားစု ကိုယ်စား တာဝန်ရှိသူတစ်ဦးက အလှူငွေများနှင့် အထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ လာရောက်ပေးအပ် လှူဒါန်းကြသည်။

ဦးစွာ အလှူရှင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ်သိန်း ၂၀ နှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များဖြစ်သည့် N-95 Mask၂၀၀ ခု၊ Surgical Gloves ၅ ဘူး၊ Vita Cee Vitamin C ၂၅ ဘူး၊ SC Immu- up အားဆေး ၇၀ ဘူး၊ PPE BP-005 ၁၀၀ ခုနှင့် Face Shield ၂၀၀ ခုတို့ကိုပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြာင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment