Thursday, October 1, 2020

CIA က လူထုထဲထိုးဖောက်နိုင်တဲ့ မီဒီယာကိုမွေးတယ်

CIA က လူထုထဲထိုးဖောက်နိုင်တဲ့ မီဒီယာကိုမွေးတယ်
=======================
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၉ ဦး၊ ရပ်နေသော လူများ
ဘယ်ကရမှန်းမသိတဲ့ငွေနဲ့ တည်ထောင်ထားပြီး ရပ်တည်နေတဲ့သတင်းဌာနက ဘယ်ကရမှန်းမသိတဲ့ငွေနဲ့ ထောင်ထားတဲ့ပါတီအကြောင်းကို သာမန်အရပ်သူအရပ်သားမသိနိုင်တဲ့ အချက်အလက်တွေနဲ့ ဖော်ကောင်ထလုပ်တယ်...

မသိရင် သတင်းဌာနက မရှိမဲ့ ရှိမဲ့ ငွေလေးနဲ့ ထောင်ထားတယ်တယ်ဆိုပြီး မျက်ရည်ချူ အလှူခံပြ... နောက်ကွယ်မှာတော့ ကြိုက်သလောက်သုံးလို့ရနေတယ်...

သူ့ရဲ့ Comment တွေဖတ်ကြည့်တော့လည်း သူ့အမျိုးတွေရေးထားတဲ့ မန့်တွေကြီး...ပြီးရင် လုပ်စားလို့ကောင်းအောင် ဆုလေးတောင်ပေးထားလိုက်သေးတယ်...သူ့ဇာတ်နဲ့ သူတော့ ဟုတ်နေကြတာပဲ...

ညီအကို နှစ်ယောက်ကတော့ အတိုင်အဖောက် ညီညီနဲ့ ကြိုးဆွဲရာကနေကြရတာပေါ့...

ပေါ်ချင်တဲ့ဟာကြတော့ အသေးစိတ် တိတိကျကျ ဖော်တတ်ပြီး မဖော်ချင်တဲ့ဟာကြတော့ မဖော်တဲ့အပြင် အစတောင်ဆွဲမထုတ်...

တင်တဲ့ သတင်းတွေကလည်း အစိမ်းနဲ့ Army ကို တစ်ဖက်သတ် လိုက်တိုက်နေတဲ့ Post တွေက အများသား..အသိသာကြီးပေါ့...

ဟိုတလောက ကြားလိုက်ပါသေးတယ် ကားတွေထောက်ပံ့ပေးလိုက်တယ်ဆိုတာ..အဲဒါကတော့ ပြည်ပကမဟုတ်ဘူးနော် ပြည်တွင်းကပဲ...အဲလောက်ဆို သဘောပေါက်...

အားလုံးသိပြီးတဲ့အတိုင်း တစ်ကမ္ဘာလုံးခြေမချဘူးတဲ့နေရာ မရှိတဲ့ CIA ခြေလှမ်းတွေကို Counter လုပ်နေတာက ရုရှား...

တရုတ်ကတော့ရှင်းတယ် ကွန်မြူနစ်ဆိုတော့ သူတို့အတွက်ကောင်းရင် ဘာမဆိုလုပ်မှာ...ဓနအင်အားသုံးပြီး လွှတ်တော်ထဲရအောင်ထည့်မယ်..ပြီးရင် သူတို့လိုလားချက်တွေကို တောင်းဆိုခိုင်းမယ်...

အစိုးရက တရုတ်နဲ့နီးစပ်လာတော့ အမေရိကန်နဲ့ အနောက်အုပ်စုက မကြိုက်..ကြားထဲမှာ ခေတ်မကောင်းလို့ ငြိမ်နေတဲ့ OIC ရှိသေးတယ်...

သေချာတာကတော့ မြန်မာနိုင်ငံရေးမှာ CIA . Mi-6 . EU စတဲ့ အနောက်အုပ်စုတို့ကတော့ အရင်တုန်းကသာမက ခုရော နောင်ရော ရှုပ်နေဦးမှာပဲ...

၂၀၂၀ ရွေးကောက်ပွဲနီးလေ မြန်မာပြည်သူပြည်သားအပေါင်းတို့ ဆင်ခြင်နားလည်တွေးတောတတ်ပြီး သတိထားနိုင်ကြပါစေ။

ဆက်လက်ဖော်ပြမည်။

ရွှေမြန်မာ မီဒီယာ

#ရွှေမြန်မာမီဒီယာ #မြန်မာ့နိုင်ငံရေး

0 comments:

Post a Comment