ကမ္ဘာ့ ကပ်ရောဂါကြီးကို ဖြတ်ကျော်နေရတဲ့ ကာလမှာ တပ်မတော်က ဘာတွေ လုပ်ဆောင်နေလဲ ......

ကမ္ဘာ့ကပ်ရောဂါကြီး ဒုတိယလှိုင်းဟာ တော်တော်လေးကို ဆိုးရွားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီကာလမှာ ပြည်သူတွေအတွက်လည်း အတော့်ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အချိန်ဖြစ်သလို၊ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဆေးရုံတွေမှာလည်း အကြပ်အတည်းတွေ ရင်ဆိုင်နေရတယ်။ ဒီအချိန်မှာ တပ်မတော်ဟာလည်း ဒီအခက်အခဲတွေကို တစ်ဖက်တစ်လှမ်းကနေ ကူညီဖြေရှင်းနေတာ တွေ့ရတယ်။ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို မြန်မာနိုင်ငံက မီဒီယာတော်တော်များများက ဖော်ပြလေ့ မရှိဘူး။ ဒါဟာလည်း မကောင်းတဲ့ အချက်တစ်ခုလို့ မြင်မိတယ်။ မီဒီယာသမားတွေ ပြောတဲ့ သတင်းအမှောင်ချတယ်ဆိုတာ ဒါကိုပြောတာ ဖြစ်လောက်မယ်။
ထားတော့ မီဒီယာက ဘယ်လောက်ပဲ အမှောင်ချထားပါစေ၊ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကတော့ ဖုံးကွယ်ထားလို့ မရဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပြည်သူတွေလိုအပ်ချိန်မှာ တပ်မတော်က အမြဲအသင့်ရှိနေလို့ပဲ။ ဒီကပ်ရောဂါကြီး မဖြစ်ခင်ကတည်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကြီးကလည်း ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံလာခဲ့ရင် သူ့အမိန့်ကို မစောင့်ဘဲ၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားဖို့ ညွှန်ကြားထားပြီးသား။ တပ်မတော်ဟာ ဒီကပ်ရောဂါကြီး စဖြစ်ကတည်းက ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။ ဒီကပ်ရောဂါကြီးကြောင့် အခြေအနေ အရပ်ရပ်ဟာ တော်တော်လေးကို ဂယက်ရိုက်ခဲ့ရတယ်။ ပြည်သူတွေအတွက် တကယ့်ကို အကြပ်အတည်း တစ်ခုပေ့ါ။ ဥပမာပြောရရင် တောင်သူတွေဟာလည်း စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေဟာ ရောင်းဝယ်မှုက ထိုးကျသွားတယ်။ ဒီအချိန်မှာ တပ်မတော်က ကာလပေါက်ဈေးနဲ့ ဝယ်ပြီး တောင်သူတွေကို ကူညီတယ်။ ဒါ့အပြင် တန်ဖိုးသင့် ထမင်း/ဟင်းတွေကို သက်ဆိုင်ရာ တပ်နယ်တွေမှာ ရောင်းချပေးတယ်။
ဒါတွေတင်လားဆိုရင်တော့ မဟုတ်ပြန်ဘူး၊ ဒီဒုတိယလှိုင်းရဲ့ ဆိုးဝါးမှုဟာ ကူးစက်ခံ လူနာတွေ တအားကို များလာခဲ့တယ်။ ဒ့ါကြောင့် ဆေးရုံမှာ ပစ္စည်းလိုအပ်ချက်တွေ ရှိလာတယ်။ ဒီလိုအပ်ချက်တွေကို ချက်ခြင်း ဆောင်ရွက်ပေးနိုင်ခဲ့တာ တပ်မတော်ပဲရှိတယ်။ ဒီရောဂါဆိုးကြီးဟာ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတဲ့ ရောဂါဆိုးကြီးပါ။ ကူးစက်ခံ လူနာတွေဟာ အသက်ရှုနိုင်ရေးအတွက် ခက်ခဲလာတော့ အောက်စီဂျင်ဗူးတွေနဲ့ အသက်ရှုခဲ့ရတယ်။ လူနာ များလာတာနဲ့အမျှ အောက်စီဂျင်ဗူး လိုအပ်လာတယ်။ ဒီလို လိုအပ်လာတဲ့အချိန်မှာ တပ်မတော်ဟာ အချိန်နဲ့တစ်ပြေးညီ ကူညီပေးနိုင်ခဲ့တယ်။
လိုအပ်ချိန်မှာ ကူညီပေးနိုင်ယုံတင်မဟုတ်ဘဲ။ မလိုအပ်သေးပေမယ့် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ထားတယ်။ ဒါကတော့ ဒီကပ်ရောဂါကြီးကို ဖြတ်ကျော်ချိန်ကာလမှာ သွေးလှူဒါန်းမှုတွေဟာ နည်းသထက် နည်းလာတယ်။ ဒ့ါကြောင့် တပ်မတော်ဟာ သက်ဆိုင်ရာ တိုင်းဒေသတွေမှာ သွေးလှူဒါန်းမှုတွေကို လုပ်လာခဲ့တယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်ဟာ အပြောမဟုတ်ဘဲ အလုပ်ကို ဦးစားပေးတယ်ဆိုတာ မြင်လာတယ်။ ဒါတွေ ပြောနေချိန်မှာ တပ်ချုပ်ကြီးရဲ့ စကားတစ်ခွန်းကို သွားသတိရမိတယ်။ "တပ်မတော်အနေနှင့် ပြည့်စုံနေ၍ ဆောင်ရွက်ပေးနေခြင်းမဟုတ်ဘဲ ပြည်သူများနှင့် အတူ အခက်အခဲမှန်သမျှကို မျှဝေခံစားပြီး ကူညီဆောင်ရွက်ပေးနေခြင်းသာ ဖြစ်ပါတယ်။" အချုပ်ပြောရရင် စစ်သားဆိုတာ အပြောကောင်းမှာ မဟုတ်ဘူး ဒါပေမယ့်လည်း အကောင်းကိုတော့ ပြောကြလိမ့်မယ်..........
ဖိုးစည်
0 comments:
Post a Comment