Tuesday, October 6, 2020

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဆင်နက် ချောင်ကျေးရွာ၌ စာကြည့်တိုက် ဆောက်လုပ်ရန် ပန္နက်တင်ခြင်း ပြုလုပ်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဆင်နက် ချောင်ကျေးရွာ၌ စာကြည့်တိုက် ဆောက်လုပ်ရန် ပန္နက်တင်ခြင်း ပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဆင်နက် ချောင်ကျေးရွာ၌ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်း သည့် စာကြည့်တိုက်ဆောက်လုပ်ရန် ပန္နက်တင်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက စာကြည့်တိုက်ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး စာကြည့်တိုက်ဆောက်လုပ်ရန် မြေနေရာချ ပန္နက်ရိုက် ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆင်နက်ချောင်ကျေးရွာ၌ ဘောလုံးကွင်း ဖောက်လုပ်နေမှုများနှင့် ကြံတောအုပ်စု၊ တပ်ကုန်းကျေးရွာ၌ ကော်ဖီသုသေသန အဆောက်အဦးဆောက်လုပ်မည့် မြေနေရာတို့အား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment