စစ်သားတွေ က နိုင်ငံတော်ရဲ့
လစာကို စားနေတာ မှန်ပါတယ် ..
ပြည်သူ့ဝန်ထမ်း ...
ဒါဆိုရင် ခင်ဗျားကို အဲ့လစာ
နှစ်ဆပေးမယ်ဗျာ ...
- မိုးညှင်းတို့
- လောက်ကိုင်တို့
- ပလက်ဝတို့
- တရုပ်မြန်မာနယ်စပ်တို့မှာ
သွားပြီးတာဝန် ထမ်းဆောင်မလား ?
ကျုပ်တို့က ခင်ဗျားပြောသလို စစ်တိုက်ရလို့
လစာပိုတောင်းတယ်ပေါ့လေ ... (ထားပါတော့)
ကျေးဇူးရှင်မလုပ်ပါနဲ့ ... (ဟုတ်လား)
၁၉၄၉ မှာ ရန်ကုန်အစိုးရလို့
နိုင်ငံတကာရဲ့ လှောင်ပြောင်ခံနေရတဲ့ ဘဝကနေ
ခုလို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုတဲ့
ဘဝမျိုးကိုရအောင် -
- အင်းစိန်တိုက်ပွဲ
- စောဘွားကြီးကုန်းတိုက်ပွဲ
- သာစည်တိုက်ပွဲ
- ပုသိမ်တိုက်ပွဲ
- မန္တလေးတိုက်ပွဲ
- မိတ္ထီလာတိုက်ပွဲ
- ဖြူးတိုက်ပွဲ
- ပဲခူးတိုက်ပွဲ
- တောင်ငူတိုက်ပွဲ
- ဟင်္သာတတိုက်ပွဲ
- မေမြို့တိုက်ပွဲ
- ရေနံချောင်းတိုက်ပွဲ
- ဝက်ကောတိုက်ပွဲ ......
အဲ့တိုက်ပွဲကြီးတွေကို
ကျုပ်တို့ အသက်ပေါင်း မြောက်များစွာရင်းပြီး
တိုက်ခဲ့တယ်ဆိုတာကို မမေ့ပါနဲ့ ...
၁၉၅၀နောက်ပိုင်း
တရုတ်ဖြူတွေ ကိုယ့်နိုင်ငံပိုက်နက်ကို
- ကျူးကျော်
- စစ်စခန်းဆောက်
- ရထားတွေမိုင်းဆွဲ
- မိန်းမတွေကို လိင်ကျွန်အဖြစ်ရောင်းချ
- တက္ကသိုလ်ကျောင်းသူတွေကို တရုတ်ဖြူဆီမှာ
လက်နက်နဲ့ ဖလှယ်ခံရတဲ့ဘဝကနေ
- ကျိုင်းတုံ၊ ဖရော့မော်၊ ပန်လုံ....စတဲ့
တိုက်ပွဲတွေကို ကျုပ်တို့ သွေးတွေ၊ ချွေးတွေ
အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်လာခဲ့တာကို မမေ့ပါနဲ့ ...
လူညွန့်မတုံးရအောင် ကျုပ်တို့တွေရဲ့
ဘဝတွေနဲ့ရင်းပြီး
ဘိန်းစစ်ဆင်ရေးတွေနဲ့ တိုက်ထုတ်ပြီိး
ကယ်တင်ခဲ့တာကို မမေ့ပါနဲ့ ...
ဗကပတွေကို ထိုးစစ်ဆင်ခဲ့တဲ့
၁၉၆၀ ဒီဇင်ဘာကနေ ၁၉၆၁ မတ်လ
အထိ တိုက္ခဲ့တဲ့
- မဲခေါင်စစ်ဆင်ရေး
- မိုးဟိန်းစစ်ဆင်ရေး
- ရွှေလင်းယုန် စစ်ဆင်ရေး
- ထော်ပိုင်စစ်ဆင်ရေး
- သိလ္လာစစ်ဆင်ရေးတွေ....
- ၁၉၇၃မှာ တိုင်လုံးကျော်စစ်ဆင်ရေး
- အောင်စိုးမိုး စစ်ဆင်ရေး
အဲ့စစ်ဆင်ရေးတွေက
တပ်မတော်ကပဲ တိုက်ခဲ့ရတာ ...
နောက် ( ၄၀၆၁) တိုက်ပွဲ၊
ကြူကုတ် (ပန်ဆိုင်း) တိုက်ပွဲ၊
ပါဂျို/ နားဖော့ စခန်းတိုက်ပွဲတွေ....
မဲသဝေါ၊ မဲလ၊ မော်ဖိုးကေ၊ ဝါခ၊ ဝေါလေ၊
မိုင်းယန်း တိုက်ပွဲတွေနဲ့အတူ
ဗကပ ကို တိုက်ခဲ့တယ် ...
တစ်ကယ်လို့ ဗကပကိုသာ မတိုက်နိင်ဘူးဆိုရင်
မြောက်ကိုရီးယားမှာလို
ကွမ်လုံတိုက်ပွဲ၊
ဟိုက်ကမ်းပါးတိုက်ပွဲ၊
ခြူးရွှေပန်ကောက်တိုက်ပွဲ၊
ပေါင်မုန့်တစ်လုံးစားပြီး တစ်နေကုန်
အလုပ်လုပ်နေရတဲ့ ဘဝနဲ့ကြုံရမှာ ...
၁၉၈၈မှာလဲ ဖုန်းမော်သေတာ
အကြောင်းပြပြီး
ကျောင်းသားပုန်ကန်ထကြွအောင်
ဖန်တီးခဲ့ကြတယ် ...
မင်းမဲ့စရိုက်တွေဆန်လာတယ် ...
လမ်းလယ်ခေါင် အုံနဲ့ကျင်းနဲ့
တုတ်ဆွဲဓားဆွဲပြီး
စိတ်ထင်ရာလုပ်ကြတယ် ...
မြို့လယ်ခေါင်မှာ
ဗမာလူမျိုးအချင်းချင်း
ခေါင်းဖြတ်သတ်တာတွေ ...
ရေချမ်းစင်မှာ ရေလာသောက်တဲ့
သူတောင်းစားလေး
တစ်ယောက်ကို ထောက်လှမ်းရေးက
လွှတ်ထားတဲ့ သူလျှိူလို့စွပ်စွဲပြီး
တစ်ကိုယ်လုံး ဘရိတ်ဓားနဲ့ မွှန်းတဲ့
လုပ်ရပ်တွေ လုပ်လာတယ် ...
စခန်းထဲ ကင်းစောင့်နေတဲ့ တပ်စုတွေကို
ခြံစည်းရိုးအပြင်ကနေ ဂဲနဲလာထုပြီး
နေဝင်းခွေးတွေ သတ္တိရှိရင်ပစ်လိုက် ...
စစ်ခွေးတွေ ဇရှိရင်အပြင်ထွက်ခဲ့ဆိုပြီး
စိန်ခေါ်ခဲ့ကြတယ် ...
ခင်ဗျားကြည့်ဖူးတဲ့
The Lady ကဇာတ်ကားထဲမှာလို
ဆန္ဒပြတာမျိုး မဟုတ်ဘူး ...
သစ်ပင်ကြီးတွေကို လမ်းပေါ်မှာ
ကန့်လန်ဖြတ်လှဲပြီး
ကားတွေ သွားလို့လာလို့
မရအောင်လုပ်တယ် ...
အဓိကက စစ်ယာဉ်တန်းတွေ
ဖြတ်မသွားနိုင်အောင် ...
The Lady ဇာတ်ကားမှာ
စစ်သားတွေ အကြမ်းဖက်နည်း
သုံးပြီးနှိမ်နှင်းကြတာကိုပဲ
ရိုက်ပြထားတယ် ...
စခန်းထဲ ကင်းထိုင်စောင့်နေတဲ့
စစ်သားတွေကို ခဲနဲ့ထုတာ
လေးဂွနဲ့ချောင်းပစ်ကြတာ ဂျင်ကလိနဲ့
အပစ်ခံရတာတွေကိုကြတော့
မရိုက်ပြထားဘူး ...
၈၈၈၈ တုန်းကသာ တပ်မတော်က
မထိမ်းသိမ်းနိုင်ခဲ့ရင် သူ့ကျွန်ဖြစ်မှာကို
မသိချင်ယောင်ဆောင်နေကြတယ် ...
နောက်ပြီး RSOတွေ ကျူးကျော်တယ် ...
နဂါးမင်း စစ်ရေးနဲ့
တိုက်ထုတ်တာလဲ ကျုပ်တို့ပဲ ...
နို့မဟုတ်ရင် အခုချိန်ဆို
ခင်ဗျား သောကြာနေ့တိုင်း
ဗလီတက်နေရလောက်ပြီဆိုတာကိုမမေ့ပါနဲ့ ...
ပြည်တော်အေး စစ်ဆင်ရေးနဲ့အတူ
ဖုန်ကြားရှင်ကို တိုက်ခဲ့တာ တပ်မတော် ...
၂၀၁၆ မိုးပြာစစ်ဆင်ရေးကို ဆင်နွဲနေဆဲ ...
သောင်းကျန်းသူတွေကိုတိုက်နေဆဲ ...
ထမင်းတစ်လုပ် ရေတစ်မှုတ်လောက်
ကိုယ့်အပေါ်ကျေးဇူးရှိဖူးရင်
အဲ့ကျေးဇူးကို
မပြစ်မှားရဘူးဆိုတာ နားလည်တယ် ...
စစ်သားက ထမင်းကျေးဇူးကို
အသက်နဲ့ရင်းပြီးဆပ်တယ် ...
သူတို့တွေ အသက်နဲ့ရင်းပြီး
ရလာတဲ့ ငြိမ်းချမ်းမှုပေါ်မှာနေပြီး
သူတို့ကို စော်ကားတာကတော့
ကျေးဇူးကန်းတဲ့အလုပ်ပဲ ...
ခင်ဗျားတို့တွေ ရှက်တတ်ရင်
လဲသေလို့ရတယ် ကိုယ့်လူ ...
ကဲထားပါတော့
ကျုပ်ပြောချင်တာက တစ်ခုထဲပဲ ...
စစ်သားစားတဲ့ ထမင်းတစ်လုပ်မှာ
ပြည်သူတွေရဲ့ ပိုက်ဆံတွေပါနေတယ်ဆိုရင်
ခင်ဗျားတို့ ရှူနေတဲ့လေထဲမှာ ကျုပ်တို့
ရဲ့သွေးတွေ ချွေးတွေ
အများကြီးပါတယ်ဆိုတာ မမေ့နဲ့ ။။။။။
#crd



0 comments:
Post a Comment