Tuesday, October 27, 2020

ထို့ကြောင့် ကျနော်တို့ သိပ်ချစ်ကြလေသည်

 ထို့ကြောင့် ကျနော်တို့ သိပ်ချစ်ကြလေသည်

သိမ်ငယ်နေတဲ့ မျက်ဝန်းတစ်ချို့ကို ကွယ်ဝှက်ရင်း....မရှက်တမ်း
လှမ်းနေတဲ့ ခြေလှမ်းတွေကို စားရိပ်သာဆီသို့.......
ဦးတည်လိုက်မိတယ်.....။ အမေ့ဆေးဖိုးနဲ့ အဖေ့လစာနဲ့
မလောက်တဲ့ အချိန် တစ်လရတဲ့ ဗိုလ်လောင်းလစာ
၂ သောင်းခွဲဆိုတော့ ....တကယ်တော့ မလုံလောက်ခဲ့ဘူးလေ။

ရာသီဥတုရဲ့ ကြမ်းတမ်းမှု...တွေ့ကြုံရတဲ့ မိုးတွင်းကာလတိုင်း
တလက်လက် မထနိုင်တော့တဲ့
စစ်ဖိနပ်ရှည်က တဖက်စောင်းနေပြီ..... တစ်ရံကို
၁ သောင်းကျော် ရှိတဲ့ အချိန် .....အသစ်မဝယ်နိုင်တိုင်း
အဟောင်း တစ်ဖက်ကို ပိုးပိုးစီးတက်လာခဲ့တာက လွဲရင်
အသစ်ဆိုတဲ့ စကားလုံးကို
မျက်ကွယ်ပြုထားခဲ့တာ ကြာပြီ မဟုတ်လား.........။

Lance Corporal (LC) လေးကို ကပ်ထားတဲ့
လက်မောင်း တစ်ဖက်မှာ တပ်ခွဲအုပ်ချူ ပ်မှု ကိစ္စတွေ
နဲ့ လုံးချာ လိုက်နေပြည်တော့....သူများေတွ အိပ်ချိန်ရောက်မှ
စာဖတ် ၊ စာကျက်ရတာလဲ အခါခါ ။ အိပ်ချင်စိတ်တွေ
ကြီးစိုးနေတဲ့.......
ကော်ဖီမစ်တွေ အစား ပေါင်တံမှာ ဘောပင်လ် စူးရာတွေပဲ
အဖတ်တင်လာခဲ့တယ်....။

လတစ်လရဲ့သောကြာနေ့ကို ရောက်တိုင်း အမြဲတွေးပူရတဲ့
အရာတစ်ခုက ၁၀၀ တန် လေးရွက်....
ကျန်ပါ့မလားဆိုတာကိုပေါ့.... တပါတ် ၁ ခါ
ညှပ်ရတဲ့ ခေါင်းပေါ်က ဆံပင်ကို ကြည့်ပြီး တစ်ခါတစ်လေ
၁၀၀ တောင်ရှာမရတဲ့ ဒုက္ခကလဲ အကြိမ်ကြိမ်..ကြုံရမြဲ။

သက်လုံ ၅ မိုင်ပြေးပြီး ပြန်လာတာနဲ့
ပထမဆုံးလုပ်ရမှာက ရေချိူ းပြီး ဖိုင်နယ် ရီးယား ဂါဒီယမ်*
ကိုစောင့်ရမယ်....။ အကိုအရင်း မတော်တဲ့ အကို
တစ်ယောက်ရဲ့ဂရုစိုက်မှုဆိုတာ စစ်တက္ကသိုလ်ရောက်မှ
ကိုယ်တိုင် တွေ့ကြုံရတဲ့ အရာတွေပေါ့.....။

စစ်တက္ကသိုလ် စရောက်တော့
ညတိုင်း ခြင်ထောင် လာချပေးပြီး ဘေးမှာ
အိမ်အကြောင်းတွေ မေးတတ်တဲ့ အကို ၊သူ့အခန်းကို
သူသန့်ရှင်းရေး လုပ်တဲ့ အချိန် ဖိနပ်ကလေး အမြင်မတော်လို့
လက်နဲ့ဖယ်ပေးမိလိုက်တာ ဖိနပ်ကိုင်ရမလားဆိုပြီး ဆွဲထိုးတဲ့
အကို........။

အဲဒီလို ညီအရင်းတစ်ယောက်လို ချစ်တတ်တဲ့ ဂါဒီယမ် အကို့ကို
ကျနော် သိပ်ချစ်တယ်.......။

စစ်တက္ကသိုလ် စာမေးပွဲ အတွင်းမှာ
စာကျက်တာ အိပ်ချင်နေမှာစိုးလို့
ဇီးထုတ် ကလေးနဲ့ ၊ခေါက်ဆွဲပြုတ်ထားတဲ့ ရေပုံး ခပ်ကြီးကြီးနဲ့၊
အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီမစ်လေးနဲ့
ဂရုတစိုက်မပျက်ကွက်ပဲ ဂရုစိုက်တတ်တဲ့ သူပေါ့ ၊

အာ့နေ့က သောကြာ သက်လုံပြေးပြီး ပြန်လာတဲ့ အချိန်။
၈ နာရီမှာ စမယ့် အစည်းအဝေးမှာ ပထမနှစ် ဗိုလ်လောင်းတိုင်း
ဆံပင်ညှပ်အပြီးပေါ့ အိတ်ကပ်ထဲ ထည့်စမ်းလို့ လက်ဗလာ
အတိုင်းပြန်ပါလာတဲ့အခါ ဖိုင်နယ်ရီးယား ဂါဒီယမ်ဆီ
ကျနော်ပြေးပြီ၊

၂ မိနစ်လောက်ပဲ ကြာတဲ့ ဆံပင်ညှပ်ဆိုင်ထဲက
ကျနာ်ထွက်လာတော့ တကိုယ်လုံး ပေါ့ပါးနေပြီ။မဖြစ်
မနေလုပ်ရမယ့် အလုပ်တစ်ခု ပြီးမြောက်သွားတဲ့
အချိန် ဖြစ်ပေါ်လာတတ်တဲ့ ခံစားချက်မျိူ းပေါ့၊

စနေနေ့ဗျူ ဟာစသင်တော့ ကျနော့် ဂါဒီယမ်
အရိုက်ခံရတယ်ဆိုတဲ့ သတင်းကို ကျနော်သဲ့သဲ့ကြားမိလိုက်တယ်။

နောက်တစ်ရက်ကျော် တနင်္ဂနွေ နေ့ရောက်လို့ out pass*ရတဲ့
အချိန်။ အဲ့နေ့က ကျနော့်အမေ ကျနော့်ကို ဧည့်တွေ့
လာတွေ့သည့်နေ့။တပ်ပြင်ထွက်ခွင့်
ပေးတဲ့ ဝတ်စုံတန်ဆာထဲက ခါးမှာ ပတ်တဲ့ ရွှေနှင်းဆီ *
ခါးပတ်က ကျိူ းသွားတော့ ပြောင်လက်နေအောင် ပြင်ဆင်ထား
တဲ့ သူ့ခါးပတ်ကို ကျနော့်ကို ပေးပတ်တယ်။အဲ့နေ့က
ရှားရှားပါးပါး ချစ်သူများနေ့။ ပြစ်ဒဏ်ကျ ဗိုလ်လောင်းကလွဲရင်
အကုန်ထွက်ကျမည်မို့ မည်သူ့ဆီကမှ ငှားမရ
ပြီးတော့ (c) ဆောင်က ဧည့်တွေ့ဆောင်မှာ စောင့်နေမယ့်
အစ်မတစ်ယောက်ကို ကျနော်နဲ့လူကြုံပါးပေးလိုက်တဲ့
စာလေးတစ်စောင်.......

ကိုယ့်ရှေ့မှာ မပြုံးပျော်နိုင်တဲ့ အစ်မတစ်ယောက်ရဲ့မျက်နှာကို
အကဲခတ်ရင်း အကိုပေးလိုက်တဲ့ စာက
ဘာများဖြစ်နေမလဲ မအားလို့ပါလို့ပြောလိုက်ပါဆိုတဲ့ အကို့
အမှာစကား ကို ကျနော်ပါးတော့ ဖြတ်ခနဲ ပျက်သွားတဲ့ အဲ့အစ်မ
မျက်နှာ။

ကျနော်တို့သွေးမတော် သားမစပ်ပေမယ့် ဘာလို့များ
ဂါဒီယမ်တွေကို ညီအကိုရင်းလို ချစ်သလဲဆိုရင်
.............
.......
...
...
...
...
...
...
...

ဂါဒီယမ်=အထက်အောက် အုပ်ချူ ပ်မှု
လွယ်ကူစေရန် ဖွဲ့စည်းထားသော Systemတစ်ခု။
Out pass =တပ်ပြင်ထွက်ခွင့်။
Lance coporal =ဒုတိယနှစ် တွင်တပ်ဆင်ရသော
တာဝန်ကျ ဗိုလ်လောင်း အဆောင်အယောင်။

စာကြွင်း။

စနေနေ့အရိုက်ခံရသော အကို ဂါဒီယမ်၏ ပြစ်မှုမှာ
ဆံပင်မညှပ်သော ကြောင်ြ့ဖစ်ပါသည်။
အကြောင်းမှာ သူညှပ်မည့် ပိုက်ဆံအား
ကျနော့်အား ပေးညှပ်စေသောကြောင့် ဖြစ်ပါသည်။

တနင်္ဂနွေနေ့ သူ့ကောင်မလေးဆီ ထွက်မတွေ့ရသည်မှာ
ကိုယ့် ချစ်သူထက်.......
ဂါဒီယမ် ညီငယ် ကျနော့်ရဲ့မိဘနဲ့တွေ့မည်ကို
ဦးစားပေးလိုက်သောကြောင့် ဖြစ်ပါသည်။

ပုံရိပ်စစ်

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင် အိုးများလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၀ လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တပ်မတော် Oxygen Plant  များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Covid-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် ြေျု များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

Covid-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် ြေျု များကို တပ်မတော်သား များက အခမဲ့ပေးဝေလှူဒါန်း


နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသုံးပြု နိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် Mask ၅၀၀၀ ခုကို မြိတ်မြို့နယ်အတွင်း၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask  ၃၀၀၀ ခုကို လှိုင်သာယာမြို့နယ်အတွင်း၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask၂၅၀၀ ခုကို ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့၌ လည်းကောင်း အများပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသည့် နေရာများတွင် ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်သို့အရောက် အခမဲ့ပေးေ၀ လှူဒါန်းကြသည်။
    
Covid-19   ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် Mask  များကို အခမဲ့ ဆက်လက်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် ဘိလပ်မြေ အိတ်များလှူဒါန်း

ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် ဘိလပ်မြေ အိတ်များ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာအတွင်း ရပ်ကွက်ချင်းဆက် လမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဘိလပ်မြေ အိတ်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ သုဓမ္မာကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဘိလပ်မြေအိတ် ၂၀၀ ကိုပေးအပ်လှူဒါန်းရာ ရပ်မိရပ်ဖတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။
    
အဆိုပါ မုရစ်ကလေးကျေးရွာအတွင်း ကျေးရွာချင်းဆက်လမ်းမှာ အရှည်ပေ ၂၁၄၀ ပေရှိပြီး မိုးတွင်းအခါတွင် သွားလာရခက်ခဲသဖြင့် ကွန်ကရစ်လမ်းခင်းနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

 ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး  

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိသည်။
    
ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ ရွေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အထွေထွေရောဂါကု ဆေးရုံကြီး၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် နှင့် မိတ္ထီလာမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများနှင့် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ပြည်သူ့ ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ရေတာရှည်မြို့နယ်၊ ဖြူးမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၌ ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို သက်ဆိုင်ရာတပ်နယ်အသီးသီးရှိ တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။


စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်

 စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့်  စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် Covid-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်း ဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။
    
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စလင်းတပ်နယ်မှ တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
    
ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တပ်ဆိုးကျေးရွာရှိ ဒေသခံ ပြည်သူများအတွက် ဆန် ၁၅ အိတ်အားလည်းကောင်း၊ ပြည်မြို့နယ်၊ ဇလုံကျေးရွာရှိ ဒေသခံပြည်သူများအတွက် ဆန် ၄၄ အိတ်နှင့် ကြက်ဥ ၁၅၇၅ လုံးတို့ကိုလည်းကောင်း၊ သဲကုန်းမြို့နယ်၊ လှည်းဝိုင်းကျေးရွာရှိ ဒေသခံပြည်သူများအတွက် ဆန် ၁၀ အိတ်တို့ကို လည်းကောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ပေးအပ်လှူဒါန်းရာ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိသည်။

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သား များက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၊ လင်းခေးမြို့နှင့် ကျေးသီးမြို့တို့ရှိပြည်သူ့ဆေးရုံများ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးနှင့် နမ့်မယ်ခုံတိုက်နယ်ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီးနှင့် မိုင်းယောင်းမြို့ပြည်သူ့ဆေးရုံ၊  မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၊ ရေးမြို့နယ်၊ ခေါဇာပြည်သူ့ဆေးရုံနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် ပလောက်မြို့ တို့ရှိပြည်သူ့ဆေးရုံများ၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိတိုက်နယ်ဆေးရုံ၊  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သလပ်ခွာကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း^တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
   
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အကူပြုပစ္စည်းများ နှင့် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးအတွက်  Oxygen concentrator အကြီး ၁ လုံးနှင့် Oxygen Clinder  အိုး ၁၀ လုံး၊ OT Gown   ၄၀၀ ခု၊ Surgical Gloves လက်အိတ် ၅ စုံ၊ Face Shield  ၃၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၄၀ စုံနှင့် Hand Sanitizer   ၅၀ ဘူးတို့ကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သား များက စားသောက်ဖွယ်ရာများပေးအပ်


အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သား များက စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း အောက်တိုဘာ ၂၀ ရက်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာအတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်များပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့်ကျေးရွာသို့ ယနေ့တွင် အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ရေဘေးသင့် အိမ်ထောင်စု ၃၂၆ စုအတွက် ဆန် ၆၁ အိတ်နှင့် Mask  ၄၀၀ ခု တို့ကို သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း


နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
 ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများအား ဆောင်ရွက်လျက်ရှိ သည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် မြို့နယ်စုစုပေါင်း ၉ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် စာသင်တိုက်များနှင့် ဘာသာရေးကျောင်းများ၊ စုစုပေါင်း ၁၁ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ အားလည်းကောင်း၊ မြို့နယ်စုစုပေါင်း ၅၁ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်စုစုပေါင်း ၁၅၇ ကျောင်းရှိ ဆရာတော်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများ အားလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်၍ဆက်ကပ်လှူဒါန်းကြသည်။
   
ထို့အပြင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်ပေါင်း ၈    မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နှင့် ဝန်းသိုမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့နှင့် သာယာဝတီမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။


Covid-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

Covid-19  ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံ များအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၂၇

   
ကမ္ဘာ့ကပ်ရောဂါ Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ တပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် ရွာငံမြို့နယ်၊ တောကျယ်လဲပြားကျေးရွာတို့ရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ခရမ်းချဉ်သီး ၄၇၅ ပိဿာနှင့်ဂေါ်ရခါးသီး ၁၅၅၀၀ လုံးတို့ကို ဝယ်ယူခဲ့သည်။
   
အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ညောင်ရွှေမြို့နယ်နှင့်ရွာငံမြို့နယ်တို့ရှိ ကျေးရွာများမှ ဒေသခံတောင်သူများ၏စိုက်ခင်းများမှ ရာသီသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီထုပ် ၁၄၄၅ ထုပ်၊ ဂေါ်ရခါးသီး ၄၃၃၅ လုံးတို့ကို အောက်တိုဘာ ၂၅ ရက်တွင် နယ်မြေခံတပ်နယ် များမှ တစ်ဆင့်ဝယ်ယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင်များ Covid-19 ရောဂါ ဖြစ်ပွားမှုကာလအတွင်း စာရေး အဆင်ပြေစေရန်အတွက် ယနေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

နွားထိုးကြီးမြို့နယ်ရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆက်လက်ဆောင်ရွက်

နွားထိုးကြီးမြို့နယ်ရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ဒေသခံပြည်သူ များ၏ မျက်စိခွဲစိတ်ကုသရေးနှင့် လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် နွားထိုးကြီးမြို့ရှိ အလည်ကျောင်းပရိယတ္တိစာသင်တိုက်၌အခြေပြု၍ သံဃာတော် ၃ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၂ ပါးနှင့် ဒေသခံပြည်သူ ၁၁၉ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အတွင်းတိမ်ခွဲစိတ် ကုသမှုသီလရှင် ၂ ပါး၊ ဒေသခံပြည်သူ ၁၀ ဦး၊ အသေးစားမျက်စိခွဲစိတ်လူနာ ၄ ဦး၊ စုစုပေါင်းမျက်စိခွဲစိတ်ကုသလူနာ ၁၆ ဦးကို ရွေ့လျားခွဲစိတ်ကုသယာဉ်ပေါ်၌ ခွဲစိတ်ကုသ ပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၂၁ ဦးကို သက်ဆိုင်ရာတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။
   
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် မျက်စိဝေဒနာ ရှင်များအား မျက်မှန်များတပ်ဆင်ပေးပြီး ဆေးကုသမှုလာရောက်ခံယူသည့်ပြည်သူများအား နယ်မြေခံ တပ်မတော်သားများက နေ့လယ်စာထမင်း၊ဟင်းများဖြင့် ဧည့်ခံကျွေးမွေးသည်။
    
တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသ ယာဉ်တစ်စီးပါဝင်ပြီး အဆိုပါမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား မျက်စိရောဂါနှင့် အခြား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များနှင့်အညီ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ် တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား


နေပြည်တော်၊ အောက်တိုဘာ - ၂၇



           တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားသွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။

          အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြ သည်။

          တွေ့ဆုံပွဲများ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအနေဖြင့်လည်း နယ်မြေလုံခြုံရေး၊ နယ်မြေ အေးချမ်းသာယာရေးတို့ကို သတ်မှတ်နယ်မြေအလိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေး၊ နယ်မြေထိန်းသိမ်းရေးတာဝန်များထမ်းဆောင်ရာတွင် အမြဲတမ်းတိုက်ပွဲဝင်အသင့်ရှိနေရမည်ဖြစ်ပြီး စစ်ရေးစွမ်းရည် ထက်မြက်စေရေးအတွက် လေ့ကျင့်ရေးဆောင်ရွက်မှုများကို အပြည့်အဝ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှုမပြည့်၀ပါက တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မည်မဟုတ်သဖြင့် တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့လိုက်လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နေခြင်းပင်ဖြစ်ကြောင်း၊ ကျန်းမာအောင်နေထိုင်ရမည်၊ ကြံ့ခိုင်အောင်လေ့ကျင့်ရမည်ဖြစ်ပြီး တပ်မတော်သားပီသစွာနေထိုင်ကျင့်ကြံရမည်ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှုများကို နေ့စဉ်လုပ်ဆောင်နေကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင်ဝင်ရောက် တာဝန်ထမ်းဆောင်ချိန်ကတည်းကပင် တူညီသည့် အခြေခံစစ်ပညာများကို ဦးစွာသင်ကြားပေးခဲ့ပြီး မိမိရောက်ရှိသည့် တပ်ဖွဲ့နှင့် စပ်လျဉ်းသည့် သင်တန်းများကိုပြန်လည်တက်ရောက်ကြရကြောင်း၊ ထို့ကြောင့် တပ်မတော်၌ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ဖွဲ့ဝင် များကဲ့သို့ စစ်ရေးအသိ၊ စစ်ရေးသတိ၊ အတွေးအမြင်များ ရှိနေရမည်ဖြစ်ကြောင်း၊ မိမိတာဝန်နှင့် မိမိအလုပ်ကို ကျွမ်းကျင်အောင် မှန်မှန်ကန်ကန်နှင့် အမြဲတမ်း လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ ရန်သူ၊  သဘာ၀ဘေးနှင့် ကပ်ရောဂါတို့သည် မည်သည့်အချိန်တွင် ဝင်ရောက်လာနိုင်၊ ဖြစ်ပေါ်လာနိုင်သည်ကို မှန်းဆ၍ မရနိုင်သည့်အတွက် အမြဲတမ်း ပြင်ဆင်နေကြရမည်ဖြစ်ကြောင်း။

          လက်ရှိဖြစ်ပွားနေသည့် (COVID-19) ရောဂါအခြေအနေနှင့် ပတ်သက်၍ ယနေ့ နံနက်အထိ မိမိတို့နိုင်ငံတွင် ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာဦးရေ ၄၆၀၀၀ ကျော်၊ သေဆုံးသူဦးရေ တစ်ထောင်ကျော်ရှိပြီဖြစ်ပြီး        ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားသူဦးရေ ၄၃ သန်းကျော်၊ သေဆုံးသူဦးရေ တစ်သန်းကျော်ရှိပြီဖြစ်ကြောင်း၊ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်လိုကြောင်း၊ ရောဂါဖြစ်ပွား မှုကြောင့် ကမ္ဘာနှင့်အဝန်းတွင် လူမှုစီးပွားများ ထိခိုက်လျက်ရှိကြောင်း၊ တပ်မတော်အတွင်း  ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်ကတည်းကပင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သဖြင့် စားရေးတွင် ဖူလုံမှုရှိပြီး ပိုလျှံသည်များကိုလည်း အခက်အခဲရှိသည့် ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေ ရောင်းချပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


          ထို့ပြင် ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် ကျောင်းများပိတ်ထားရသော်လည်း မိမိတို့၏ ကလေးငယ်များအား ယခင်သင်ကြားခဲ့သည့် စာပေများကို ဖတ်မှတ် လေ့လာ နေစေရမည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း စာပေဖတ်မှတ်ကြရမည်ဖြစ်ပြီး သိရှိလာသည့် အသိပညာ၊ ဗဟုသုတများကို ပြန်လည်မျှဝေကြရန်လိုကြောင်း၊ အမျိုးသားဖြစ် စေ၊ အမျိုးသမီးဖြစ်စေ လူတစ်ဦး၏ စာဖတ်အားသည် ဘ၀တိုးတက်ရေးအတွက် အထောက်အပံ့ကို များစွာပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် (COVID-19) ရောဂါ ဖြစ်ပွားမှုကြောင့် စာပေထုတ်ဝေမှုဆိုင်ရာလုပ်ငန်းအများအပြား ရပ်ဆိုင်းလျက်ရှိသော်လည်း တပ်မတော်မှ ထုတ်ဝေလျက်ရှိသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် သုတ၊ ရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနိုင်ရန် ဆက်လက်ထုတ်ဝေလျက်ရှိကြောင်း၊ မိမိတို့၏ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အသိပညာနောက်ကျ မကျန်ခဲ့ရအောင် ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်ကြောင်း။

          မကြာမီတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြုလုပ်တော့မည်ဖြစ်ပြီး မိမိတို့ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များသည် မိမိတို့၏ကိုယ်စား နိုင်ငံတော်၏ အကြီးအကဲဖြစ်သည့် သမ္မတကို ရွေးကောက်တင်မြှောက်ရန်၊ လွှတ်တော်အတွင်း၌ ဥပဒေပြုရေး တာဝန်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် စသည်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိရွေးချယ်သူသည် အထက်ပါတာဝန်များ ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဥပဒေအကြောင်းနားလည်သူ၊ သမာသမတ်ကျပြီး ကိုယ်ကျင့်တရား ကောင်းသူ၊ အတွေ့အကြုံပြည့်၀ပြီးပညာတတ်သူ၊ ဒေသနှင့် နိုင်ငံအတွက် အကျိုးရှိအောင်ဆောင်ရွက်နိုင်သူ စသည့်အချက်များနှင့် ပြည့်စုံသူများကို မိမိအသဲကြားက မဲတစ်ပြားဖြင့် စဉ်းစားချင့်ချိန်ဆန္ဒပြုနိုင်ပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

          တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်အသီးသီးရှိ အရာရှိစစ်သည်မိသားစုများအတွက် Surgical Mask များ၊ စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

          ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျီကုန်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။


          ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာသို့သွားရောက်၍ အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၁ ထပ် ၇ လုံး ဆောက်လုပ်ထားရှိသည့်အခြေအနေများနှင့် ထပ်မံဆောက်လုပ်ရန် ဆောင် ရွက်နေသည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကာ အိမ်ရာတွင် နေထိုင်လျက်ရှိကြသည့် စစ်မှုထမ်းဟောင်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

          ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့ သာသနဇောတိကမြို့မကျောင်းသို့ သွားရောက်၍ မြို့မကျောင်း ဦးစီးပဓာန နာယက ဘဒ္ဒန္တ ဣန္ဒဝံသ နှင့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ  တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၆၀ အိတ်၊ ဆီ ၉၀ ပိဿာ ၊ ဆား ၃၀ ပိဿာ၊ ပဲ ၂၀၀ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများ ကိုဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်၏ ကျန်းမာရေးအခြေအနေများနှင့် သာသနာရေးဆိုင်ရာများ ကို တင်ပြလျှောက်ထားသည်။ ယင်းနောက် ကျောင်းပရိဝုဏ်အတွင်း၌ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် ဓမ္မရာမ ၄ ထပ် ကျောင်းဆောင်တော်ကြီး တည်ဆောက်ပူဇော်ရန် ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုကာ လိုအပ်သည်များကို အကြံပြုတင်ပြလျှောက်ထားခဲ့ပြီး ဒေသခံ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


Monday, October 26, 2020

အားလုံးဟာ ပြည်သူကြားက ပေါက်ဖွားလာတာ

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ၊ ထိုင်နေသော လူများ နှင့် အိမ်တွင်း

 "အားလုံးဟာ ပြည်သူကြားက ပေါက်ဖွားလာတာ။ သီးခြားလူတန်းစားတစ်ရပ် မဟုတ်ဘူး တပ်မတော်က။ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာတာ။ ဒီထဲ မှာ နယ်မြေခံတွေက၊ နယ်မြေခံတပ်တွေက ပေါက်ဖွားလာတဲ့ မိသားစုတွေ ရှိသလို။ အခြားနယ်မြေကနေလာတဲ့ မိသားစုတွေ ရှိကြတယ်။ တပ်ထဲကလူတွေတင် မကဘူး။ အရင် ဘုရင်ခေတ်ကတော့ မင်းညီမင်းသားတွေ၊ နန်းတွင်းမှာ ရောက် နေတဲ့ အဖွဲ့တွေ သူတို့က လူတန်းစားတစ်ရပ်ဖြစ်တယ်။ နန်းတွင်းလူတန်းစားတစ်ရပ် ဖြစ်တာပေါ့။ တို့က အဲ့ဒီလို မဟုတ်ဘူး။ တို့က ပြည်သူနဲ့ တစ်ဆက်တစ်စပ်တည်းနဲ့ ပြည်သူကြားက ပေါက်ဖွားလာသူတွေဖြစ်တယ်။ ပြည်သူနဲ့ကင်းကွာလို့ မရဘူး။"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၂၆-၁၀-၂၀၂၀

"ကျွန်တော်တို့ တက္ကသိုလ် ......" ကာကွယ်ရေး စစ်တက္ကသိုလ် ၁၉၅၄ ခုနှစ် သြဂုတ်လ(၁) ရက်နေ့တွင်စတင်တည်တည်ထောင်သည်။

 "ကျွန်တော်တို့ တက္ကသိုလ် ......"

ကာကွယ်ရေး စစ်တက္ကသိုလ် ၁၉၅၄ ခုနှစ် သြဂုတ်လ(၁) ရက်နေ့တွင်စတင်တည်တည်ထောင်သည်။
--------------------------------


မိခင်ကို ကျောခိုင်း၊ သူငယ်ချင်းကို ပုခုံးဖက်ရင်း....
နောက်လှည့်မကြည်တဲ့ တက်ကြွခြေလှမ်းတွေနဲ့ လှမ်းခဲ့ဖူးတယ် ...
အမေကတော့ မျက်ရည်တွေနဲ့ပေ့ါ ......

ဗိုလ်လောင်းဖြစ်ခါစ၊
ပထမဦးဆုံးသော နိုင်ငံတော် အလံကို အလေးပြုခြင်းဟာ ...
လူပျိုတစ်ယောက်ရဲ့ ပထမဦးဆုံးသော ရင်ခုန်သံဖြစ်ခဲ့ဖူးတယ် .... ။

မနက်အစောထ ကြံ့ခိုင်ရေးပြေးတက်တဲ့ အချိန် ...
နှင်းတွေကြားက ချွေးစက်တွေက အမိမြေအတွက်ရယ်လို့ မှတ်ထင်ဖူးတယ် .... ။
သဲကျောပိုးအိတ် ပုခုံးထက်နဲ့၊
သေနတ်ကိုထမ်း သောကြာနေ့တိုင်း ၅ မိုင်အပြေးတက်ခဲ့ဖူးတယ် ..... ။

မနက်ကြံ့ခိုင်ရေးအပြန် မနက်စာထက် အိပ်ယာခင်ကျင်းမှုကို ဦးစားပေးရင်း
ဝတ်စားဆင်ယင်မှုစစ်ဆေးခံဖို့ အချိန်ကိုလုခဲ့ရဖူးတယ် .... ။
နားထဲမှာ အမြဲကြားနေတာက
" 5 mins Cadet " ......
အပြေးအလွှား ကော်တောင့်တွေနဲ့ ခါးပတ်ပြောင်လို့၊
ဖိနပ်ဘိုးတွေ အရောင်လပ်ရင်း ......
နိုင်ငံတော်အလေးပြု ၊ သစ္စာလေးချက်နဲ့ စီနိယာတွေရဲ့ ကျဆုံးမှုကို
နေ့စဉ်နေ့တိုင်း အောက်မေ့သတိရ ဂုဏ်ပြုခဲ့ကြဖူးတယ် .... ။
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၃ ဦး၊ ရပ်နေသော လူများ နှင့် အပြင်ဘက်
မိုးတွေရွာလို့ PT ဖြုတ်သော်လည်းပဲ ကျွန်တော်တို့ အိပ်ဆောင်အောက်ကနေ ...
သစ္စာလေးချက်ကို မပျက်မကွပ်ရွတ်ဆိုခဲ့ဖူးတယ် ..... ။

PT ဖြုတ်တော့ ရေချိုးအဝတ်လဲ၊
သစ္စာမဆိုခင် စားရိပ်သာကို လက်ကပ် အပြေးတက်ခဲ့ဖူးတယ် .....။

စားရိပ်သာက ကျွေးတဲ့ ပဲနှပ်နဲ့ ချာပါတီက ...
ဘ၀ အတွက် အကောင်းဆုံး နံနက်စာလို့ ထင်မှတ်ခဲ့ဖူးတယ် .....။

နေ့လည် ထမင်းစားပြန် ....
အမိုးအောက်က လွတ်တာနဲ့ အပြေးတက်ရမယ်ဆိုတဲ့ စည်းကမ်းအတိုင်း ....
စားရိပ်သာ အမိုးအောက်ကို အားပ့ါးတရပြေးခဲ့ဖူးတယ် .....။

ခါးပတ်ချွတ်၊ ဦးထုပ်ချွတ်ရင်း ....
စီနီယာအကိုတွေရဲ့ ထွေးပန်ကန်တွေကို ပြင်ဆင်ပေးခဲ့ဖူးတယ် .....။

သတိကို မတ်အောင်ဆွဲ ......
ထမင်းစား သစ္စာကို ကျယ်လောင်စွာ ဆိုရင်း .....
ထမင်းတစ်လုပ်တန်ဖိုးကို နက်နက်ရှိုင်းရှိုင်းသိခဲ့ဖူးတယ် ......။

ထမင်း ၃ ထွေး၊ ပဲဟင်း ၂ ခွက် .....
၅ မီနစ်နဲ့ ပလုံးပထွေး စားခဲ့ဖူးတယ် .......။

ဒါကို နှိပ်စက်တာလားလို့ ...
ကလေး အတွေးတွေးခဲ့ရင်းနဲ့၊
ထမင်းစားပြီး စားရိပ်သာရှေ့တန်းစီတန်းအပ်၊
ဖားခုန်လေးနဲ့ နေ့လည်ပိုင်းသင်ခန်းစာကို ပြန်ဝင်ခဲ့ရဖူးတယ် ......။

ငယ်ငယ်ကအမေပြောခဲ့ဘူးတယ်.......
ထမင်းစားပြီး မပြေးရဘူး၊ ဗိုက်အောင့်တက်တယ်တဲ့ .....။
ဒီစကားက ငါတို့တွေ အတွက် မှားယွင်းတဲ့ အမှား တစ်ခုလို့ .....
ပြန်တွေးပြီး ရယ်မော ခဲ့ဖူးတယ် ......။

ညနေတိုင်တောင် သစ္စာလေးချက် ရွတ်ဆိုမပြတ်၊
စားရိပ်သာထဲ ထမင်းစား သစ္စာက ......
ငါတို့ ဘဝရဲ့ အထွဋ်မြတ်ထားရာ စကားတစ်ခုဖြစ်ခဲ့ဖူးတယ် .....။

ထမင်းမစားခင်၊ စီနီယာစီက ထမင်းစားခွင့်တောင်းခံခြင်းဟာ
ညီအစ်ကိုတွေ လေးစားစရာ ဓလေ့ဖြစ်ခဲ့ဖူးတယ် .......။

တစ်ချိန်က စားရိပ်သာဆိုတာ ....
ငါတို့ ဘဝတွေရဲ့ စိတ်ဓါတ်တွေကို ခိုင်မာလာအောင်
အုတ်မြစ်ချပေးရာ မဏ္ဍိုင်တစ်ခု .........။

ဒါဟာ .....
ကျွန်တော်တို့ စစ်တက္ကသိုလ်ကျောင်းရဲ့ ထုံးတမ်းစဉ်လာပါ .....။
အသေးအမွှား ကိစ္စလေးမှသည် အသက်ထိတိုင်ပင် အရာအားလုံး အရေးပါသည်ကို သင်ကြားပေးရာ ကျောင်းတော်ကြီးတစ်ခုဆိုလည်း မမှားဘူးပေ့ါ ..... ။

ကန်ရေပြင်မရှိဘူး၊ ခုံတန်းပြာလည်းမသိဘူး၊
ရောင်စုံတွေခြယ်သနေတဲ့ ပန်းခင်းကော်ဇော်ကြီးလည်း မရှိဘူး၊
ဂျက်ဆင်ထိပ်က လရိပ်ပြာဆိုတာ ကျွန်တော်တို့အတွက် ဟိုးးရှေးရှေးတုန်းက
ပုံပြင်အလား မှတ်ယူခဲ့ကြဖူးတယ် ..... ။

ရှုမငြီး လှပတဲ့ ပျိုမဒီတွေ ..... ၊
သင်းပျံလှတဲ့ ရေမွေးနံ့တွေ .... ။
ကျောင်းကြိုးကျောင်းပို့မဲ့ ဖယ်ရီကားကြီးတွေ....၊
သင်ခန်းစာပြီးလို့ နားနေစရာ ကန်တင်းကြီးတွေ .... ။
ဘာဆို ဘာမှ မရှိတဲ့ ...
" ဟုတ် / မဟုတ် " ဆိုတဲ့ ကမ္ဘာဂြိုလ်ငယ်တစ်ခု .... ။

စစ်သီချင်းသံတွေ လွှင့်ပံျရင်းနဲ့ ဘယ်ညာညီလွဲှလက်တွေက
အားမာန်အပြည့်နဲ့ ကျောင်းစာသင်းခန်းမကြီးကို
ချီတက်ခဲ့ဖူးတယ် ..... ။

ဘောက်စင်ကာလ၊ ဂျွမ်းဘားအလှ၊ ရေးကူးပြိုင်ပွဲ
နယ်ကျော်ပြေးပွဲ၊ မောပမ်းပစ်ခတ်၊ ချေမှုန်းရေး
ပြိုင်ပွဲပေါင်းစုံကို ဆင်နွဲှရင်းနဲ့
အောင်စစ်သည် ဒေါင်းတံဆိပ်အတွက် ရူးသွပ်ဖူးတယ် ..... ။

နိုင်ငံတော်အလံဘေး၊ တပ်ရင်းအလံ ....
တပ်ရင်းအလံရဲ့ အလှတန်ဆာ ဒေါင်းအလံ ...
အောင်စစ်သည်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက
ဒို့ဗိုလ်လောင်းတွေရဲ့ နှလုံးသွေးကြောအဖြစ် မှတ်ယူခဲ့ဖူးတယ် ..... ။

ရိုးရာ သင်္ကြန် စဉ်လာမပျက်၊ ကော်ရတာ ထွက်ပြီး
သီချင်းတွေနဲ့ ကခုန်ရင်း၊ စီနီယာတွေကို ရေကန်ထဲပြစ်ချခဲ့ဖူးတယ် ..... ။

ကောင်းကင်ထက် ကြယ်တစ်ပွင့်လောက်
ကိုယ့်ကိုယ်ကို မမှတ်ယူဖူးပေမဲ့၊
နိုင်ငံစည်းခြား မြို့ရိုးအလား၊
အုတ်တစ်ချပ်နဲ့ သဲတစ်ပွင့်အဖြစ်တော့ ခံယူခဲ့ဖူးကြတယ် ..... ။

စစ်မြေပြင်မဟုတ် .......
ကျောင်းတော်ကြီးရဲ့ လေ့ကျင့်ပေးမှုအောက်မှာ
စစ်မြေပြင်မှာဆို မင်းကြောင့် တပ်ခွဲ/တပ်စု ကျဆုံးသွားနိုင်တယ်ဆိုတဲ့ စကားသံနဲ့ ....
ကိုယ့်ကြောင့် အပတ်စဉ်တူတွေ 1 for all ဖြစ်ခဲ့မှာကို
သေမလောက်ကြောက်ခဲ့ဖူးကြတယ် ..... ။

ဆောင်းတွင်းရဲ့ နှင်းစက်တွေလား ....
ချမ်းအေးမှုကို အံတုရင်းနဲ့ ....
ဟောခန်းကြီးထဲက မှန်ချပ်တွေမှာ ချွေးငွေ့ပျံ.....
မှန်ချပ်တွေပေါ်မှာ အပတ်စဉ် နံပါတ် ကဗျည်းရေးထိုးရင်း
တိုက်ပုံ ကျယ်သီး တစ်လုံးချွတ်ရမဲ့ role တစ်ခုကို တက်မက်ဖူးတယ် ..... ။

မိုင် ၁၀၀ ခရီး ၅ ရက်နဲ့ အပြီး ခြေလျှင်အပြင်းနှင်ခဲ့ဖူးတယ် ....။
အကိုကြီးတွေရဲ့ ကျောပိုးအိတ်ကို သယ်ယူရင်း၊
ညီငယ်တွေရဲ့ ကိုယ့်ကျောပိုးအိတ်ကို လေးစားဂုဏ်ယူတဲ့အကြည့်တွေနဲ့ သယ်ယူတာလည်းခံဖူးတယ် ....။

စုတ်ပြတ်သတ်သွားတဲ့ ခြေထောက်တွေ၊ မိုးရေကြားက ခရီးဆက်ရင်း
သဲဝဲစားတဲ့ ခြေထောက်တွေ ....
"လေ့ကျင့်ရေးသည်၊ စစ်ဆင်ရေး၊
စစ်ဆင်ရေးသည်၊ လေ့ကျင့်ရေး၊
ချွေးထွက်များမှ သွေးထွက်နည်းမယ်၊
ယနေ့လေ့ကျင့်မှုသည်၊ တစ်နေ့နိုင်ငံနဲ့လူမျိုးအတွက်"ဆိုတဲ့ စိတ်ခံယူချက်တွေ
နှလုံးသားထဲ အမြစ်တွယ်ခဲ့ဖူးတယ် ....။

တစ်ယောက်ချင်းတက်လာရင် တစ်တောင့်ချင်းပစ်၊
ပစ်ချက်တိုင်းက ရန်သူ့အသက်ကိုခြွေမဲ့ လက်နက် .... ။
" ငါ မသေငါ့ စခန်းမကျစေရ "ဆိုတဲ့ စကားတစ်ခုက
ကျွန်တော်တို့ရဲ့ ဘ၀ ...
စီနီယာ တစ်ဦးရဲ့ သွေးစက်တွေနဲ့ ရေးခြစ်ခဲ့တဲ့ ....
" DSA Never Surrender "
ကျွန်တော်တို့ ဂျူနီယာတွေရဲ့ နှလုံးသားပေါ်က မှတ်ကျောက်တစ်ခုအဖြစ်
တစ်သက်တာ သတ်မှတ်ဖူးတယ် .... ။

မိဘတွေရဲ့ ဂုဏ်ယူအပြုံး၊ ပီတိမျက်ရည်တွေက ကျွန်တော်တို့ရဲ့ ကျောင်းဆင်းဘဝ
ကျောင်းဆင်းနေ့ရက်မှာ ၃/၄ နှစ် ညီအစ်ကိုရင်းထက် ချစ်ခင်ခဲ့တဲ့ သူငယ်ချင်းတွေ
နှုတ်ဆက်ဖို့ အချိန်မရခဲ့ဘူး ...... ။

ကျောင်းဆင်းကာလတွေ နှစ်တွေကြာတော့ ....
သတင်းသဲ့သဲ့ကြားခဲ့ရတယ် ...
ကျွန်တော်ဘေးက သူငယ်ချင်း တိုင်းပြည်တာဝန်ကျေပြွန်ခဲ့ပြီတဲ့ ..... ။

သူငယ်ချင်းတွေ တွေ့ဆုံပွဲမှ မလှပဘူးလို့ ထင်ခဲ့ရဘူးတယ်....
တစ်ချို့က ခြေတစ်ဖက်၊ တချို့က ခြေစုံ၊ တချို့ကြပြန်တော့လည်း လက်...
တစ်ယောက်ဆိုရင် လောကကြီးရဲ့ အကျည်းတန်မှုကို မျက်ကွယ်ပြုလိုက်ပြီ ....
အားလုံးသော သူငယ်ချင်းတို့ အမိကျောင်းတော်ကြီးရဲ့ ဂုဏ်ကိုဆောင်ခဲ့ကြတယ် .....
မလှပဘူးလို့ ထင်ခဲ့ပေမဲ့၊ သိပ်အဖိုးတန်တဲ့ ပေးဆပ်မှု ..... ။

တစ်ချိန်က နှင်းမှုန်ဖွေးဖွေး ချွေးစက်နဲ့ရေးခဲ့တဲ့ သမိုင်းတွေက
ကျွန်တော်တို့ရဲ့ ဗိုလ်လောင်းဘ၀ .....
ခုခါများတော့ သွေးစက်တွေနဲ့ ချယ်မှုန်းတဲ့ ပန်းချီကား တစ်ချပ်ပေ့ါ ..... ။

ME™

ကျွန်တော် ချစ်တဲ့ တက္ကသိုလ်ကြီးကို ဘယ်သူတွေကပဲ ပြစ်တင်နေပါစေ ....
သေထိတိုင်အောင် ချစ်နေဦးမှာ ....


ဒေါ်စိန်အေးရဲ့သား

ဒေါ်စိန်အေးရဲ့သား
 


ဆယ်တန်းအောင်စအရွယ်မှာ လူငယ်ဘဝအကုန်လုံးကို စွန့်လွှတ်ခဲ့ရတယ်။
မနက် ၅ နာရီထပြီး သုံးမိုင်ကို ကြွနေအောင်ပြေးရတယ်။
စစ်ပညာတစ်လှည့်၊ စာပေပညာတစ်လှည့် ၃ နှစ်၊ ၄ နှစ် သင်ကြားလေ့ကျင့်ရတယ်။
တစ်နှစ်မခံနိုင်လို့ ငိုပြီးပြန်သွားရတဲ့ကောင်တွေ အများကြီး။
ကျောင်းလစ်ကြဖို့မပြောနဲ့၊
မနက်မထခဲ့ရင်တောင် ကမ္ဘာပျက်မတတ်ဖြစ်တာ ဒေါ်စိန်အေးသားရဲ့ဘဝ။
ဟေ့ရောင်၊ လူ့ဘဝမှာ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲတာမျိုးကြုံကြုံ၊ ဗိုလ်လောင်း First Year လောက်မဆိုးဘူးကွ ဆိုတာ ဒေါ်စိန်အေးသားတွေရဲ့ လက်သုံးစကား။
Never Surrender ဆိုတာ ဒေါ်စိန်အေးသားတွေရဲ့ ဂုဏ်ဒြပ်။
စစ်ကျောင်းပေါင်းစုံက ညီအစ်ကိုတွေနဲ့အတူ မြန်မာနိုင်ငံတစ်ပတ်ကို အသက်နဲ့ရင်းပြီး ကာကွယ်ထားကြတဲ့ ကောင်တွေ။
လူအမျိုးမျိုးပါတယ်၊
ဆိုးတဲ့ကောင် တာတေလန်အောင်ဆိုးတတ်တယ်၊
ရိုင်းရမယ်ဆို သေနေတဲ့မသာ ဒေါသထွက်ပြီး ထထိုင်ရလောက်အောင်ရိုင်းတတ်တယ်။
အေး၊ လိမ္မာတဲ့ကောင်ကျ ၁၈ နှစ်သားထဲက ပရိတ်ကြီး ၁၁ သုတ်ကို ရှေ့နောက်ပြန်ရွတ်ပြတတ်တယ်။
ဒေါ်စိန်အေးကျောင်းဆင်း အကုန်ဘွဲ့ရတယ်။
ဘွဲ့လွန်မာစတာဘွဲ့တွေက မြန်မာနိုင်ငံက အဆိုတော်အရေအတွက်ထက်များတယ်။
PhD ထက်မြင့်တဲ့ DSc ဘွဲ့ရက ဟိုပါတီတစ်ခုလုံးထက် အဆပေါင်းများစွာ ပိုများတယ်။


သမ္မတသက်တမ်း ၅ နှစ်၊
တစ်ယောက်ထဲ လုပ်ပြနိုင်တယ်။
တပ်မတော်ကို ၁၀ နှစ်၊
တစ်ယောက်ထဲ ဦးဆောင်နိုင်တယ်။
သာကူးပြီး အဖားတော်ရင်၊
မတူတဲ့အစိုးရနှစ်ဆက် ဝန်ကြီးတက်လုပ်ပြီး အုပ်ချုပ်နိုင်တယ်။
အရည်အချင်းရှိရင် အစိုးရနှစ်ဆက် ပြောရေးဆိုခွင့်ရှိသူလုပ်ပြီး ဖာပေးကာပေးတာဝန်ခံပြောပေးနိုင်တယ်။
ကုန်ကုန်ပြောရင်ကွာ၊
ပြုတ်ထွက်ထောင်ကျရင်တောင် ဟိုပါတီမှာလူစွာလုပ်ပြီး မတင်ရွှေသားတစ်သိန်းလောက်ကို ဖိန့်ဖိန့်တုန်အောင် ထိန်းထားနိုင်တယ်။
ထမင်းစားရင်တောင် ငါတို့သည် နိုင်ငံတော်မှကျွေးသော ထမင်းကိုစား၍ နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရိုသေပါမည်လို့ ကတိသစ္စာပြုပြီးမှ ထမင်းစားခဲ့တဲ့ကောင်တွေကွ။
ဘယ်အစိုးရတက်တက် ဒေါ်စိန်အေးသားတွေ စောက်ဂရုမစိုက်ဘူး။
အေး.. မင်းတို့မဲရဖို့ ဒေါ်စိန်အေးသားတွေကိုတိုက်ခိုက်ပြီး မဲဆွယ်တာလဲ စောက်လုပ်မဟုတ်ဘူး။
ရှင်းလား။
ဦးတိမ်

နွားထိုးကြီးမြို့နယ်ရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆက်လက်ဆောင်ရွက်

နွားထိုးကြီးမြို့နယ်ရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ဒေသခံပြည်သူ များ၏ မျက်စိခွဲစိတ်ကုသရေးနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် နွားထိုးကြီးမြို့ရှိ အလည်ကျောင်းပရိယတ္တိစာသင်တိုက်၌အခြေပြု၍ သံဃာတော် ၄ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၂ ပါးနှင့် ဒေသခံ ပြည်သူ ၁၄၃ ဦးတို့ကို လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းင်းတို့အနက်မှ အတွင်းတိမ်ခွဲစိတ်ကုသမှု ၁၆ ဦးနှင့် အသေးစားမျက်စိခွဲစိတ်လူနာ ၁ ဦး၊ စုစုပေါင်းမျက်စိခွဲစိတ်ကုသလူနာ ၁၇ ဦးကို ရွေ့လျားခွဲစိတ်ကုသယာဉ်ပေါ်၌ ခွဲစိတ်ကုသ ပေးခြင်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
    
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် မျက်စိဝေဒနာ ရှင်များအား မျက်မှန်များတပ်ဆင်ပေးပြီး ဆေးကုသမှုလာရောက်ခံယူသည့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက နေ့လယ်စာထမင်း၊ဟင်းများဖြင့် ဧည့်ခံကျွေးမွေးသည်။
   
တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသ ယာဉ်တစ်စီးပါဝင်ပြီး အဆိုပါမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား မျက်စိရောဂါနှင့် အခြား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို COVID-19  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှထုတ်ပြန်ထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များနှင့်အညီ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရွေးကောက်ပွဲသုံး ပစ္စည်းများကို ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဒုတိယအကြိမ် ကူညီပို့ဆောင်

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရွေးကောက်ပွဲသုံး ပစ္စည်းများကို ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဒုတိယအကြိမ် ကူညီပို့ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ချင်းပြည်နယ်အတွင်း အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို တပ်မတော်မှ ရေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
    
ထိုသို့ ပို့ဆောင်လျက်ရှိရာတွင် ယနေ့တွင် ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများဖြစ်သည့် မဲရုံသုံးဗီနိုင်း ၁ အိတ်၊ မဲရုံမှူးသင်တန်းလွယ်အိတ် ၁ ပုံး၊ ခြင်းတောင်း ၃၉၆ ခု၊ ဆန္ဒပြုခန်း ၃၆၀ ခု၊ မီးစက် ၁ လုံး၊ မီးအိမ် ၃၃ လုံး၊ မဲရုံသုံးပစ္စည်းများ ၂ အိတ်၊ လက်သန့်ဆေးရည် ၂၀၀ ဘူး၊ လက်အိတ်/ Mask  ၃ ဖာ၊ Legal  စာရွက်ပုံး ၆ ပုံးနှင့် စားသောက်ကုန်ပစ္စည်းများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပူတာအိုတပ်နယ်မှ တပ်မတော်သားများက ရဟတ်ယာဉ်ပေါ်သို့ ကူညီသယ်ဆောင်၍ ဒုတိယအကြိမ် ပို့ဆောင်ပေးသည်။ အဆိုပါခေါင်လန်ဖူးမြို့သို့ ရောက်ရှိလာသော ပစ္စည်းများအား နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ရဟတ်ယာဉ်ပေါ်မှ ပစ္စည်းများအား သက်ဆိုင်ရာနေရာများသို့ ရွှေ့ပြောင်းသယ်ဆောင် ပေးသည်။
    
ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ ၂၂ ဦးတို့ကို ခေါင်လန်ဖူး မြို့မှ ပူတာအိုမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သတင်း ရရှိသည်။

လသာမြို့နယ်ရှိ အမျိုးသားသွေးဌာနအတွက် ဒလတပ်နယ်မှ တပ်မတော်သားများက စုပေါင်း သွေးလှူဒါန်း

လသာမြို့နယ်ရှိ အမျိုးသားသွေးဌာနအတွက် ဒလတပ်နယ်မှ တပ်မတော်သားများက စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသားသွေးဌာန၌ သွေးမျိုးစုံ လိုအပ်လျက်ရှိကြောင်း ဆက်သွယ်လာသည့်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တပ်မတော်သားများက ယနေ့နေ့လယ်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရထွန်းတင်ခန်းမ၌ စုပေါင်းသွေး လှူဒါန်းကြသည်။
    
အဆိုပါသွေးလှူဒါန်းမှုတွင် အရာရှိ၊ စစ်သည်များ ၄၀ ဦးတို့က သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ အရာရှိ၊ စစ်သည်များ၏ သွေးလှူဒါန်းနေမှုများကို ဒလတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇွဲဝင်းမြင့်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသွေးဌာနမှ ဆရာဝန်များနှင့် သူနာပြုများအတွက် ရွှေဖီဦး လက်ဘက်ရည်ထုပ်များနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဖျာပုံမြို့နယ်၊ ချောင်းကွင်းကျေးရွာနှင့် ကြံခင်းရေကျော်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူ များအား တပ်မတော်သားများက စားသောက်ဖွယ်ရာများပေးအပ်

ဖျာပုံမြို့နယ်၊ ချောင်းကွင်းကျေးရွာနှင့် ကြံခင်းရေကျော်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူ များအား တပ်မတော်သားများက စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း အောက်တိုဘာ ၂၀ ရက်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ဖျာပုံမြို့နယ်၊ ချောင်းကွင်းကျေးရွာအတွင်း ဖျာပုံမြစ်ရေဝင်ရောက်မှုနှင့် ကြံခင်းရေကျော်ကျေးရွာတွင် ဂျိုဝါချောင်းရေ ဝင်ရောက်မှုျား ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ရေဘေးသင့် အိမ်ထောင်စု ၇၈၇ စုအတွက် ဆန် ၇၀ အိတ်၊ ဆီ ၄၂ ပိဿာ၊ ဆား ၄၂ ပိဿာ၊ ကုလားပဲ ၂၆ ပိဿာနှင့် Mask ၆၀၀ ခု တို့ကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

COVID-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

COVID-19  ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံ များအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၂၆

   
ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်စီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် အောက်တိုဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် ရွာငံမြို့နယ်၊ တောကြယ်လဲပြားကျေးရွာတို့ရှိ ဒေသခံတောင်သူများထံမှ မှာယူဝယ်ယူခဲ့သည့် ခရမ်းချဉ်သီး ၁၀၀၀ ပိဿာနှင့် ဂေါ်ရခါးသီး ၂၃၀၀၀ လုံးတို့ကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များသို့ တပ်မတော်သားမိသားစုဝင်များနှင့် အရပ်သား အစားခန့်ဝန်ထမ်းများ COVID-19 ရောဂါဖြစ်ပွားနေသောကာလအတွင်း စားရေး အဆင်ပြေစေရန်အတွက် ယနေ့တွင် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့်  စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19  ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်း ဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။
    
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပွင့်ဖြူမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက မြို့နယ် အသီးသီးရှိ စစ်မှုထမ်းဟောင်းများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

COVID-19  ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုး များလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   
COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
   
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံသို့ Oxygen concentrator  ၁ လုံးနှင့်အောက်ဆီဂျင်အိုး ၂၀ လုံးတို့ကို ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၃၀ လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၄၀ လုံးနှင့် ကန်တော်နဒီဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၀ လုံးတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း တပ်မတော် Oxygen Plant   များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး အသီးသီးသွားရောက်ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်း ရရှိသည်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

COVID-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ COVID-19  ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသုံးပြု နိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask  ၃၀၀၀ ခုကို အင်းစိန်မြို့နယ်အတွင်း၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် Mask  ၂၀၀၀ ခုကို တောင်ငူမြို့နှင့် ရေတာရှည်မြို့တို့၌ လည်းကောင်း အများပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသည့်နေရာများတွင် ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်သို့ အရောက်အခမဲ့ပေးဝေလှူဒါန်းကြသည်။
    
COVID-19  ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက်  Mask  များကို အခမဲ့ ဆက်လက်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

 ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး  

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   


ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိသည်။
    
ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ ပြည်သူ့ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ ရွေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီးနှင့် မော်လမြိုင်ကျွန်းမြို့၊ ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံတို့နှင့် ရေတာရှည်မြို့နယ်၊ ဆွာတိုက်နယ်ဆေးရုံတို့၌ ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို သက်ဆိုင်ရာတပ်နယ်အသီးသီးရှိ တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၆


ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သား များက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေး အထူးကုဆေးရုံကြီး၊ ရပ်စောက်မြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးလက်ကျန်းမာရေးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ပြင်ရွာတိုက်နယ်ပြည်သူ့ဆေးရုံ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်တိုက်နယ် ဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း^တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း


နေပြည်တော်၊ အောက်တိုဘာ - ၂၆


ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများအား ဆောင်ရွက်လျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် မြို့နယ်စုစုပေါင်း ၁၆ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် စာသင်တိုက်များနှင့် ဘာသာရေးကျောင်းများ၊ စုစုပေါင်း ၁၈ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ အားလည်းကောင်း၊ မြို့နယ်စုစုပေါင်း ၅၂ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်စုစုပေါင်း ၁၅၄ ကျောင်းရှိ ဆရာတော်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများ အားလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်၍ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နှင့် လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်ပေါင်း ၆ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် မိုင်းတုံမြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ရေးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပဲခူးမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟုမ္မလင်းမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကား ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟုမ္မလင်းမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကား ပြောကြား


နေပြည်တော်၊ အောက်တိုဘာ - ၂၆

 


 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဟုမ္မလင်းမြို့၊ လဟယ်မြို့နှင့် ခန္တီး မြို့တို့ရှိနယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားသွားရောက်တွေ့ဆုံအမှာ စကား ပြောကြားသည်။
    
အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်မြေခံတပ်ခန်းမ များသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နယ်မြေခံတပ်များအား ယခုကဲ့ သို့ တွေ့ဆုံရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံ တော်ကာကွယ်ရေးတာဝန်ဖြစ်ကြောင်း၊ ပြည်သူကအားကိုးရသော၊ နိုင်ငံတော်က အားထားရသော တပ်မတော်ဖြစ်စေရေး တပ်တိုင်းသည် စစ်ရေးစွမ်းရည် ထက်မြက်နေရ မည်ဖြစ်ကြောင်း၊ ထိုသို့ စစ်ရေးစွမ်းရည်ထက်မြက်စေရန် စဉ်ဆက်မပြတ် လေ့ကျင့်နေရ မည်ဖြစ်ကြောင်း၊ ဟုမ္မလင်း၊ လဟယ်နှင့်ခန္တီး ဒေသရှိတပ်များသည် တပ်တည်ခဲ့သည့် နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည့်အတွက် ဒေသခံတပ်များအဖြစ် ပီပြင်စွာ ပုံပေါ်နေရမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုနှင့် တစ်သားတည်းဖြစ်နေရမည်ဖြစ်ကြောင်းနှင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေမှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် -
   
 "တစ်နေ့က ကာကွယ်ရေးနဲ့ပတ်သက်ပြီး ငါပြောခဲ့တာ ရှိတယ်။ ကာကွယ်ရေး ဆိုတာကတော့ စစ်တိုက်တာ တစ်ခုတည်း မဟုတ်ဘူး။ အများကြီး အကျုံးဝင်တယ်။ ဒီလိုပဲ လုံခြုံရေးဆိုတာဟာလည်း သာမာန် သူခိုးရန်၊ ဓားပြရန် လုံခြုံရေးလုပ်တာတင် မဟုတ်ဘူး။ လုံခြုံရေးဆိုတာ အများကြီးကျယ်ပြန့်တယ်။ လုံခြုံရေးဆိုတာ လူတွေက ထင်တာက ရဲတွေကနေပြီးတော့ သူခိုးဓားပြတွေ မရှိအောင် စောင့်ရှောက်ပေးတာတို့  ခိုး ဆိုး နှိုက်တွေ မရှိအောင် ဆောင်ရွက်ပေးတာတို့။တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေတာတို့ ဒီလိုမျိုးမြင်ကြတယ်။ ဒါပေမယ့် လုံခြုံရေးမှာ နောက်ပိုင်းကျတော့ ဒီလိုမဟုတ်တော့ဘူး။ Food Security ၊ Cyber Security ၊ Health Security စသည်ဖြင့် ပြောရရင်တော့ အစားအသောက်နဲ့ပတ်သက်တာ၊ ဆိုက်ဘာ၊ ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ လုံခြုံရေးတွေ၊ ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ လုံခြုံရေးတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့လုံခြုံရေးတွေ စသည်ဖြင့် ဒီလိုကဏ္ဍတွေ ရှိတယ်။ ဒီလိုပဲ စောစောကပြောတဲ့ ကာကွယ်ရေးဆိုတဲ့အပိုင်းမှာလည်း စစ်တိုက်တာတင် မဟုတ်ပဲနဲ့ မျိုးချစ်စိတ်ဓါတ်တွေ မထိပါးအောင်ကာကွယ်တာ၊ ယဉ်ကျေးမှုကို မထိပါးအောင် ကာကွယ်တာတို့ ဒီလိုတွေလည်းရှိတယ်။"
   


ထို့နောက် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် ပြည်သူ့ဆက်ဆံရေး အခန်း ကဏ္ဍသည် များစွာအရေးပါသဖြင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်း ဖြစ်နေရမည် ဖြစ်ကြောင်း၊ ပြည်သူနှင့် ကင်းကွာနေ၍မရဘဲ တပ်မတော်သည် ပြည်သူကြားမှ ပေါက် ဖွားလာသည့် တိုင်းပြည်၏အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် ပြည်သူနှင့် တစ်ဆက်တည်း၊ တစ်သားတည်းဖြစ်ရန်လိုအပ်သည့် အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဆက်လက်ပြောကြားရာတွင်-
   
 "အားလုံးဟာ ပြည်သူကြားက ပေါက်ဖွားလာတာ။ သီးခြားလူတန်းစားတစ်ရပ် မဟုတ်ဘူး တပ်မတော်က။ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာတာ။ ဒီထဲ မှာ နယ်မြေခံတွေက၊ နယ်မြေခံတပ်တွေက ပေါက်ဖွားလာတဲ့ မိသားစုတွေ ရှိသလို။ အခြားနယ်မြေကနေလာတဲ့ မိသားစုတွေ ရှိကြတယ်။ တပ်ထဲကလူတွေတင် မကဘူး။ အရင် ဘုရင်ခေတ်ကတော့ မင်းညီမင်းသားတွေ၊ နန်းတွင်းမှာ ရောက် နေတဲ့ အဖွဲ့တွေ သူတို့က လူတန်းစားတစ်ရပ်ဖြစ်တယ်။ နန်းတွင်းလူတန်းစားတစ်ရပ် ဖြစ်တာပေါ့။ တို့က အဲ့ဒီလို မဟုတ်ဘူး။ တို့က ပြည်သူနဲ့ တစ်ဆက်တစ်စပ်တည်းနဲ့ ပြည်သူကြားက ပေါက်ဖွားလာသူတွေဖြစ်တယ်။ ပြည်သူနဲ့ကင်းကွာလို့ မရဘူး။"
    
ယင်းနောက် (COVID-19) ရောဂါဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက် ၍ ယနေ့နံနက်အထိ မိမိတို့နိုင်ငံတွင် ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာဦးရေ ၄ သောင်း ကျော်၊ သေဆုံးသူဦးရေ တစ်ထောင်ကျော်ရှိပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားသူဦး ရေ ၄၃ သန်းခန့်၊ သေဆုံးသူဦးရေ တစ်သန်းခန့် ရှိပြီဖြစ်ကြောင်း၊ ရောဂါကာကွယ်ရေး နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်လိုကြောင်း၊ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကိုလည်း တပ်မတော်သားများအခမဲ့သုံးစွဲ နိုင်ရေးနှင့် အခက်အခဲရှိသည့်ပြည်သူလူထုသို့ ဝေငှပေးနိုင်ရေးအတွက် တပ်မတော် စက်ရုံများမှ ထုတ်လုပ် ဖြန့်ဝေလျက်ရှိကြောင်း၊ တစ်ဦးချင်းနေထိုင်မှုစည်းကမ်းကောင်း ပါက ရောဂါကူးစက်နိုင်ချေ နည်းပါးမည်ဖြစ်ပြီး မိမိပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေး ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
    
(COVID-19) ရောဂါသည် ရောဂါအခံရှိသူများတွင် ဝေဒနာ ပိုမိုဆိုးရွားနိုင်သဖြင့် သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ ဆီးချို နှင့် အခြားရောဂါများမဖြစ်ပွားစေရေး အသောက်အစားနှင့် အစားအသောက်ကို တစ်ဦးချင်း ကိုယ်စီအသိစိတ်ဖြင့် ဆင်ခြင်ကြရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အာဟာရပြည့်၀အောင်လည်း အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို မျှတစွာ စားသုံးရန်လိုကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်၊ အရက်နှင့် ကွမ်းယာ သုံးစွဲခြင်းများကို ရှောင်ရှားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို လက်တွေ့ကျကျ တာဝန်ထမ်းဆောင်နေကြသူများဖြစ်သဖြင့် ကျန်းမာရေး နှင့် ပတ်သက်လာပါက ပိုမိုဂရုစိုက်ကြရန်လိုကြောင်း။
   
နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့် ပတ်သက်၍ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များရွေးချယ်ရာတွင် တိုင်းပြည်နှင့် ပြည်သူ အပေါ် စိတ်ကောင်းစေတနာကောင်းထားနိုင်သူ၊ ဥပဒေအကြောင်းနားလည်သူ၊ ဒေသနှင့် နိုင်ငံ့ကောင်းရာကောင်းကျိုးကို ဖော်ဆောင်နိုင်မည့်သူများကို ရွေးချယ်ကြရန်လိုကြောင်း၊ ဒီမိုကရေစီ အစိုးရနှစ်ဆက်တွင် ကြုံတွေ့ခဲ့ရသည့် လုပ်ဆောင်ချက်များကို ချိန်ထိုးကာ  သေချာစဉ်းစားသုံးသပ်ပြီး ဆန္ဒမဲပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
 
 
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဆက်လက် မှာကြားပြီး တပ်နယ်အသီးသီးရှိ အရာရှိစစ်သည်မိသားစုများအတွက် Surgical Mask များ၊ စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
   
 တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။