Sunday, June 21, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၀

တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုတိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ပိုတက်ကျေးရွာ၊ ပိုးစာတောကျေးရွာ၊ တက်ရှိန်းကျေးရွာ၊ တပ်ကုန်းမြို့နယ်၊ ဆင်သေကျေးရွာ၊ ဂွေးပင်ကျေးရွာ၊ သာယာအေးကျေးရွာ၊ အိုင့်ကျယ်ကျေးရွာ၊ မျက်ရဲကျေးရွာ၊ သံပုရာကျေးရွာ၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာကျေးရွာ၊ စည်ပင်ကြီးကျေးရွာ၊ သာယာဝှမ်းကျေးရွာများရှိ ကျေးလက် ကျန်းမာရေးဌာနများ၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နှင့် အင်ဂျန်းယန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နှင့် ကွတ်ခိုင်မြို့တို့ရှိ ပြည်သူ့ဆေးရုံ များ၊ ကုန်းကြမ်းတိုက်နယ်ဆေးရုံ၊ မိုင်းယော်နှင့် မိုင်းကျက်ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးတိုက်နယ်ဆေးရုံ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းတိုက်နယ်ဆေးရုံ၊ ညောင်ရွှေမြို့နယ်၊ ဟဲယာရွာမတိုက်နယ်ဆေးရုံ၊ ရပ်စောက်မြို့နယ်၊ အင်တောပြည်သူ့ဆေးရုံ၊ ပင်ဖြစ်တိုက်နယ် ဆေးရုံ၊ ကျောက်ဂူတိုက်နယ်ဆေးရုံ၊ ရွာငံမြို့ပြည်သူ့ဆေးရုံ၊ မြိုင်တိုက်နယ်ဆေးရုံ၊ ပင်းတယမြို့ ပြည်သူ့ဆေးရုံ၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ဘော်ဆိုင်းမြို့၊ တီကျစ်မြို့၊ ဘန်းယဉ်မြို့၊ လအိမြို့နှင့် ခရက်ဒုန်းမြို့တို့ရှိ တိုက်နယ်ဆေးရုံများ၊ ပင်လောင်းမြို့ ပြည်သူ့ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးတိုက်နယ် ဆေးရုံ၊ ဒီးမော့ဆိုမြို့နှင့် မယ့်စဲမြို့တို့ရှိ ပြည်သူ့ ဆေးရုံတို့၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်နှင့် ယောင်ခတိုက်နယ်ဆေးရုံတို့၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နှင့် ကလိန်အောင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကလိန်အောင်မြို့၊ ကျေးလက်ကျန်းမာရေးဌာန၊ ကံပေါက်တိုက်နယ်ဆေးရုံ၊ ရာဖူးနှင့် ဖောင်းတောကျေးလက် ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြိးခနောင်တိုမြို့နယ်ရှိ ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်ပြည်သူ့ဆေးရုံနှင့် ခန္တီးမြို့ခရိုင်ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ပန်းတောင်းမြို့ပြည်သူ့ဆေးရုံနှင့် ထန်းတပင်မြို့နယ်၊ နတ်ရွာ ကျေးလက်ကျန်းမာရေးဌာနတို့၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းSurgical Mask များ၊ ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves)များ၊N95 Maskများ၊ Cotton Mask များ၊Digital B. P Cuff များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန် (Goggles) များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Examination Glove များ၊ Patient Monitor များ၊Infusion Pump များ၊ ှSyring Pump များ၊Hand Wash များ၊ အောက်ဆီဂျင် ဆလင်ဒါအိုးများ၊ သာမိုမီတာများ၊ နားကြပ်များနှင့် ရေမလိုလက်သန့်ဆေးရည်များကို တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment