စစ်ရေယာဉ် ၁ စီးအား AA စက်လှေများက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်
(ကျောက်ဖြူ၊ ၂၀၂၀ ဇွန် ၂၆ ရက်)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ရေပြင်လုံခြုံ ရေး လှည့်ကင်းဆောင်ရွက်နေသည့် စစ်ရေယာဉ် ၁ စီးအား AA အဖွဲ့မှ အမြန်သွား စက်လှေငယ် ၃ စီးဖြင့် ခန့်မှန်းအင်အား ၁၀ ဦးခန့်ကစစ်ရေယာဉ်၏ ဘေး ၂ ဘက်နှင့် နောက်ပိုင်းမှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ကြရာ စစ်ရေယာဉ်မှ မြေပြင်ပစ် စက်အမြောက်ဖြင့်ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့ရသည် ...
.
တိုက်ခိုက်မှုမှာ ၂၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ရာ AA အကြမ်းဖက်သမားများ လိုက်ပါ လာသည့်အမြန်သွားစက်လှေငယ် ၃ စီးလုံး နစ်မြုပ်သွားခဲ့ပြီး အကြမ်းဖက်သမား ၅ ဦး အား AK-47 လက်နက်ငယ် ၂ လက်၊ RPG ဒုံးပစ်လောင်ချာ ၁ လက်၊ လက်နက်ငယ် ကျည် ၁၈၀ တောင့်နှင့်အတူဖမ်းဆီးရမိခဲ့ပြီး စက်လှေနစ်မြုပ်ရာတွင် ပျောက်ဆုံးနေ သည့် အကြမ်းဖက်သမားများအား ရေငုပ်စစ်သည်များဖြင့် ရှာဖွေလျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲတင်နိုင်ရေး ကျောက်ဖြူ မြို့မရဲစခန်းသို့ လွှဲပြောင်း/အပ်နှံသွားမည်ဖြစ်ကြောင်းသိရသည်။
စစ်ရေယာဉ်ပေါ်ပါ စစ်သည်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိ
Credit; Myanmar Navy page:

0 comments:
Post a Comment