Monday, June 29, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၉


တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာ၊ ကြို့တန်းကျေးရွာနှင့် လမ်းပျဉ်းမနားကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲတို့၌လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ပြည်သူ့ဆေးရုံ၊ နမ့်စလပ်နှင့် မန်ပန်တိုက်နယ် ဆေးရုံ၊ နမ့်ကျွမ်းနှင့် ပုံဝိုးကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ် ဆေးရုံ၌လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံ၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းပြည်သူ့ဆေးရုံ၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ စပါးကြွယ် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အုတ်တွင်းမြို့၊ ကျွဲပွဲတိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနတို့၌လည်းကောင်း တပ်မတော်ကလှူဒါန်းသော ခွဲစိတ် ခန်းသုံး နှာခေါင်းစည်း Surgical Mask များ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves)များ၊ N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန် (Goggles) များ၊ Digital B. P Cuff များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Sodium Hyopchrite များ၊ Suction Machine များ၊ Examination Glove များ၊ Patient Monitor များ၊ Infusion Pump များ၊ Syring Pump များ၊ Stethoscope များနှင့် နားကြပ်များနှင့် ရေမလို လက်သန့် ဆေးရည်များကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန် ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူ များနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလား ပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment