Wednesday, June 24, 2020

အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းသာယာလှပရေးအတွက် ကူညီ ဆောင်ရွက်ပေး

အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းသာယာလှပရေးအတွက် ကူညီ ဆောင် ရွက်ပေး

နေပြည်တော်၊ ဇွန် - ၂၄


ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အတွက် ယနေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဘီးလင်းမြို့နယ်၊ အဝန်းကြီးကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲနှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နဘူးအခြေခံပညာ အထက်တန်းကျောင်းတို့၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နရွဲပင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သား များက လည်းကောင်း ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ တူးဖော် ပေးခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူ ပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment