အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များ အနက်မှ စစ်သည် ၃ ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိ
နေပြည်တော်၊ ဇွန် - ၂၈

အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီးဆုံး၍ ဇွန် ၂၆ ရက်တွင် တပ်မတော် လေယာဉ် ဖြင့် အိန္ဒိယနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာကန့်သတ် သီးခြားစောင့် ကြည့်ထားသည့် အရာရှိ၊ စစ်သည် ၄၈ ဦးအနက် စစ်သည် ၂ ဦး COVID-19 ရောဂါပိုး တွေ့ရှိမှု သတင်းအား ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းလာခဲ့သည့် ကျန်ရှိသူ ၄၆ ဦးအား ဇွန် ၂၇ ရက် ညပိုင်းတွင် ၎င်းင်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အား ရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ Polymerase Chain Reation (PCR)နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ စစ်သည် ၃ ဦး၌ COVID-19 ရောဂါ ပိုးထပ်မံ တွေ့ရှိ (တွေ့ရှိ)ရကြောင်း သိရှိရသည်။ ရောဂါပိုးတွေ့ရှိရသော စစ်သည်များ အား တပ်မတော်က ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်းရောဂါ အထူးကု ဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ၎င်းတို့ ၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် စစ်သည်များနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

0 comments:
Post a Comment