Wednesday, June 24, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၄


တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။

ဇွန် ၂၃ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ဆေးရုံ၊ မိုးစွေကျေးရွာ၊ ဘုရားတောင် ကျေးရွာ၊ ငန်းစပ်ကျေးရွာ၊ မင်းကုန်းကျေးရွာ၊ ကွမ်းခြံစုကျေးရွာ၊ မအူလေးပင် ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနများ၌လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နှင့် ကွမ်းလုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မန်စံတိုက်နယ်ဆေးရုံ၊ မိုင်းကောင်နှင့် နောင်လိုင်ကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ မုံးထတိုက်နယ်ဆေးရုံတို့၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ သမုက်တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန၊ မြိတ်တောင်နှင့် ခုံမော်တို့ရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကွမ်းခြံကုန်း မြို့နယ်၊ ဒရယ်လူးတိုက်နယ်ဆေးရုံနှင့် ကျောက်တန်း မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းတို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ အရာတော် မြို့နယ်၊ မလဲသာကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပြည်သူ့ဆေးရုံနှင့် ရွှေကျင်မြို့၊ ကွင်းဆိပ်တိုက်နယ်ဆေးရုံတို့၌ လည်းကောင်း တပ်မတော်ကလှူဒါန်းသော ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Surgical Mask များ၊ ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves)များ၊ N95 Maskများ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန် (Goggles) များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Examination Glove များ၊ Patient Monitor များ၊Infusion Pump များ၊ Syring Pump များ၊ သာမိုမီတာ များနှင့် ရေမလိုလက်သန့်ဆေးရည်များကို တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူ များနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက် ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment