ဘုန်းတော်ကြီးကျောင်းများ၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်
ပြင်ဦးလွင်၊ ဇွန် ၂၂

ပြင်ဦးလွင်၊ ဇွန် ၂၂




မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် အထောက်အကူပြုစေရန်နှင့် ကူးစက်ရောဂါကြောင့် သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ခဲဖွယ်များ အဆင်ပြေစေရေးအတွက် ပြင်ဦးလွင်တပ်နယ်မိသားစုများက ယနေ့နံနက်ပိုင်းတွင် တပ်ဦးမဟာဂန္ဓာရုံ ကျောင်းတိုက်၊ ရန်မျိုးအောင်ကျောင်းတိုက်၊ ပတ္တမြား ကျောင်းတိုက်၊ မဟိန္ဒာရာမ မိုးညိုကျောင်းတိုက်၊ ဓမ္မပါလကျောင်းတိုက်၊ တပ်ဦးကျောင်းတိုက်၊ ဓမ္မဒီပကျောင်းတိုက်၊ မဇ္ဈိမပဋိပဒါကျောင်းတိုက်နှင့် ပတ္တမြားတောင်ကျောင်းတိုက် အစရှိသော ဘုန်းတော်ကြီးကျောင်း (၉) ကျောင်းသို့ သွားရောက်၍ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment