ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ မှီခိုသူ ၃ ဦးအား AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ၎င်းတို့၏အမာခံများမှ ဖမ်းဆီး
နေပြည်တော်၊ ဇွန် ၂၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ စစ်သည်များ၏ မှီခိုသားသမီး ကျား ၃ ဦးသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကြိမ်သာရွာဘက်သို့ သွားရောက်ခဲ့ရာ
ကြိမ်သာကျေးရွာသို့ရောက်ရှိစဉ် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ၎င်းတို့၏ အမာခံများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခံရသူ ၃ ဦးအား ပြန်လည်ရှာဖွေ ကယ်ဆယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ၎င်းတို့၏အမာခံများသည် လက်နက် အားကိုးဖြင့် ၎င်းတို့၏ခိုင်းစေမှုအား ငြင်းဆန်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၊ အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် မတရားဖမ်းဆီးခေါ်ဆောင်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment