Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်း များ ဆက်လက်လှူဒါန်း
နေပြည်တော်၊ ဇွန် - ၂၇

နေပြည်တော်၊ ဇွန် - ၂၇


တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ ဆီဆုံကုန်းကျေးရွာ၊ ရှမ်းရွာကျေးရွာနှင့် အောင်စည်နတ်ကန်ကျေးရွာ များရှိ ကျေးလက်ကျန်းမာရေးဌာနများနှင့် ဌာနခွဲတို့၌လည်းကောင်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် မိုင်းရယ်မြို့ တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဟိုပန်တိုက်နယ်ဆေးရုံ၊ မန်မုံနှင့် လွယ်ငင်းတို့ရှိ ကျေးလက် ကျန်းမာရေးဌာနများ၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကျီနီချောင်တိုက်နယ် ဆေးရုံ၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နှင့် အဖျောက်မြို့တို့ရှိ တိုက်နယ်ဆေးရုံများ၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဟင်္သာတမြို့ အထွေထွေ ရောဂါကုဆေးရုံ ကြီးတို့၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အမျိုးသမီးသွားဖွားနှင့် ကလေးဆေးရုံ ကြီးနှင့် မင်းကင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ် ဌာန ချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အင်ဒိုင်းကျေးရွာ၊ ကျေးလက်ကျန်း မာရေး ဆေးပေးခန်းဌာနခွဲတို့၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်း သုံး နှာခေါင်းစည်း Surgical Mask များ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များ၊N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန်(Goggles) များ၊Digital B. P Cuff များ၊ OT Cap များ၊OT Gown များ၊Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Examination Glove များ၊ Patient Monitor များ၊Infusion Pump များ၊ Syring Pump များ၊ နားကြပ်၊Abate ဆေးများနှင့် ရေမလိုလက်သန့်ဆေးရည်များကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံ အသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူ များနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည် ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စား သောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment