ဘူးသီးတောင်မြို့နယ်၊ ပြိုင်းတောင်(ဘင်္ဂါလီ)ကျေးရွာ၌ လက်နက်ကြီးကျည်ကျ ရောက် ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ
နေပြည်တော် ၊ ဇွန် - ၂၇

ရခိုင်ပြည်နယ်၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ ပြိုင်းတောင်(ဘင်္ဂါလီ)ကျေးရွာနေ မာမတ်အီနုစ် သည် ၎င်း၏သားဖြစ်သူ မာမောက်နူစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် ဇွန် ၂၅ ရက်ည ၇ နာရီခွဲခန့်တွင် ကျေးရွာ၏အနောက်ဘက်ရှိ ဓနိတောဘက်မှ ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါလက်နက်ကျည် တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် မာမတ်အီနုစ်နှင့် မာမောက်နူစ်တို့တွင် လက်နက်ကြီး ကျည်စဖောက်ဝင် ဒဏ်ရာရရှိကာ မာမောက်နူစ်မှာ နေရာ၌ပင် သေဆုံးခဲ့သည်။
ဒဏ်ရာရရှိသူ မာမတ်အီနုစ်အား ဘူးသီးတောင်မြို့၊ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment