#မီဒီယာများသို့ .........

ပြည်ထဲရေးသတင်းစာရှင်းလင်းပွဲမှာ
ဧရာတီသတင်းထောက်က
"AA ကိုတယ်လီဖုန်းနဲ့ဆက်သွယ်
သတင်းယူရင်ဖမ်းမလား" တဲ့ ။
ပြည်ထဲရေးတာဝန်ရှိသူက
မရုတ်မလွန် ဖြေသွားတယ် ။
ဖမ်း မဖမ်းဆိုတာ
ဆက်သွယ်တဲ့အကြောင်းအရာနဲ့
ပတ်သက်ပြီး ဥပဒေနဲ့ညီ မညီ
အပေါ်မူတည်ပါတယ် တဲ့ ။
ဧရာဝတီက သတင်းသမားအနေနဲ့
စွပ်စွဲတဲ့သတင်းတွေမှာ
တပ်နဲ့ ပြည်ထဲရေးကထုတ်တဲ့ဘက်
ကိုပဲ ရေးနေရတဲ့အတွက် ဘက်မျှ
အောင် သူပုန်ဘက်ကိုမေးရင်ဖမ်း
မှာလား လို့ ဆက်မေးတယ် ။
ပြည်ထဲရေးက စာနယ်ဇင်းကျင့်ဝတ်ကို
လိုက်နာဖို့ ဒို့တာဝန်အရေးသုံးပါး
မထိခိုက်ဖို့ ဖြေပါတယ် ။
- AAဟာ သာမန်သူပုန်မဟုတ်ပါဘူး။
အစိုးရက အကြမ်းဖက်အဖွဲ့အစည်း
လို့ သတ်မှတ်ထားပါတယ် ။ အ
ကြမ်းဖက်အဖွဲ့အစည်းနဲ့ သတင်း
ထောက် ဆက်သွယ်ခွင့်ရှိတယ်လို့
ဥပဒေကခွင့်ပြုမထားပါဘူး ။
- တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ သူပုန်ကြား
မှာ မီဒီယာဆိုတာ တရားမျှတမှုရှာ
ဖို့ ဘယ်နိုင်ငံမှာမှခွင့်ပြုချက်ပေးမ
ထားပါဘူး ။ သတင်းသမားက
တရားသူကြီးမဟုတ်ပါဘူး ။
- ဘယ်သူပုန်ကမှ မှန်ကန်တဲ့ သတင်း
ပေးရိုးထုံးစံမရှိပါဘူး ။
- စစ်ဆင်ရေးကာလမှာ သူပုန်ပြော
ချင်တဲ့စကား(သတင်း) ကို ပြည်သူ
ထဲချပြတာ သူပုန်ဘက်တော်သား
လုပ်တာ ဖြစ်ပါတယ် ။
- စစ်ဆင်ရေးဆိုတာ သေနတ်
ချင်းပစ်ကြတာချည်း မဟုတ်ပဲ
စိတ်ဓာတ်စစ်ဆင်ရေးနဲ့လည်း
တိုက်နေတယ်လို့ မီဒီယာတွေ
သိဖို့လိုပါတယ် ။
- ကိုယ့် မီဒီယာဟာ သူပုန်ဝါဒဖြန့်ချိ
ရေးလမ်းကြောင်း ဖြစ်နေတာကို
သိဖို့လိုပါတယ် ။
- မီဒီယာဟာ အိမ်စောင့်ခွေး လို့
ဆိုထားပါတယ် ။ နိုင်ငံ့ အင်စတီ
ကျူးရှင်းတွေ ဘက်က ဟောင်မှာ
လား သူပုန်ဘက်က ဟောင်မှာ
လား ဧရာဝတီ ရွေးချယ်ရပါ
မယ် ။
- သူပုန်သတင်းထုတ်ချင်ရင် သူပုန်
မီဒီယာတွေမှာ အလုပ်ပြောင်းလုပ်
လို့ အကြံပေးပါတယ် ။ ဖမ်း မဖမ်း
သိရအောင် လက်တွေ့ဆက်သွယ်
ပြီး သတင်းထုတ်ကြည့်ရင် ပိုရှင်း
သွားမှာပါ ။
မောင်ချိုဝေ
၂၂့၆့၂၀၂၀
Monday, June 22, 2020
မီဒီယာများသို့ .........
June 22, 2020
No comments
0 comments:
Post a Comment