ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ တက်ရောက်ကုသနေသော လူနာများအား ဖြည့်စွက်အာဟာရများ ပေးအပ် လှူဒါန်း
နေပြည်တော်၊ ဇွန် - ၂၅

Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို တပ်မတော်အနေဖြင့် အင်တိုက်အား တိုက် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် အသုံးပြုနိုင်ရန် အတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။ ထို့ပြင် ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသ မှုခံယူလျက်ရှိသော ပြည်သူများ အာဟာရပြည့်ဝကာ ကျန်းမာ စေရန်အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း လျက်ရှိ သည်။
ထိုသို့လှူဒါန်းရာတွင် ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ပြည်သူ့ဆေးရုံစုစုပေါင်း ၂၇၂ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းနှင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသောလူနာ စုစုပေါင်း အင်အား ၁၆၁၀၇ ဦးတို့ကို ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ကြက်သားဆန်ပြုတ်၊ ငါးဆန်ပြုတ်၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)နှင့် အခြားအာဟာရဖြည့်စား သောက်ဖွယ်ရာများ (စုစုပေါင်းငွေကျပ်သိန်း ၁၀၀ ကျော် တန်ဖိုး)ရှိ အာဟာရဖြည့် အစားအစာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment