Thursday, June 25, 2020

ဧရာဝတီတိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းအဖွဲ့များက နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အလှူငွေများပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းအဖွဲ့များက နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အလှူငွေများပေးအပ် လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၅


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့များက နိုင်ငံတော် ကာကွယ် ရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အလှူငွေ ပေးအပ်ခြင်း ကို ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမ၌ပြုလုပ်သည်။

ထိုသို့လှူဒါန်းရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းအဖွဲ့များကိုယ်စား တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အလှူငွေကျပ် ၃၂ သိန်း ကိုပေးအပ် လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment