Thursday, June 25, 2020

ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် တပ်မတော်သားများက ပြင်ပ စျေးထက် သက်သာသော ထမင်း၊ဟင်းလျာများဆက်လက်ရောင်းချ

ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် တပ်မတော်သားများက ပြင်ပ စျေးထက် သက်သာသော ထမင်း၊ဟင်းလျာများဆက်လက်ရောင်းချ

ကျောက်ဆည်မြို့၊ ဇွန် ၂၅

Image may contain: one or more people, people standing and outdoor
COVID-19ကူးစက်ရောဂါ ဖြစ်ပွားနေသဖြင့် သွားလာရေး ကန့်သတ်ချက်များ ရှိလာသောကြောင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် ကျောက်ဆည် တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ယနေ့မနက်ပိုင်းတွင် ပြင်ပစျေးနှုန်းထက် သက်သာသည့် တန်ဖိုးဖြင့် ၄၀၀ကျပ်သာ ကျသင့်သော တန်ဖိုးသင့် ထမင်းဟင်း (ထမင်းဖြူ၊ ကြက်ဥချဉ်ဟင်း၊ ပဲကုလားဟင်း၊ ချဉ်ပေါင်ရွက်ကြော်၊ ငရုတ်သီးကြော်) ၁၅၀ ဗူးတို့အား ကျောက်ဆည်မြို့နယ်ရှိ အေးမြကြည်လင်စျေးတွင် ဆက်လက်ရောင်းချ ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

#ရွှေဆည်သတင်းမီဒီယာ

0 comments:

Post a Comment