Thursday, June 25, 2020

နားလည်လက်ခံကြလိမ့်မယ်လို့ ယုံကြည်စွာဖြင့်....

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲမှူးချုပ်တစ်ယောက်နဲ့ပတ်သက်တဲ့သတင်းတွေကိုဖတ်ပြီး မ
‌ကျေနပ်ကြတာကို လက်ခံပါတယ်။ အဆိုပါတိုင်ကြားခံရတဲ့ရဲမှူးချုပ်လည်း သူ့အကုသိုလ်နဲ့သူ အကျိုးပေးပါလိမ့်မယ်။ ဒါပေမဲ့ အခုဖြစ်စဉ်ကြောင့် တစ်နိုင်ငံလုံး မှာတာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးရဲတပ်ဖွဲ့ဝင် (အခြားအဆင့် /အရာရှိ)များရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေနှိုင်သော ရေးသားဝေဖန်မှု့များ ၊လှောင်ပြောင်သရော်မှု့များ ကိုပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။

ရဲလုပ်ငန်းကို စိတ်ပါဝင်စားလို့ ရိုးသားစွာတာဝန်ထမ်းဆောင်ရင်း လုပ်သက် အလိုက် ရာထူးတိုးမြင့်လာသော အမျိုးသမီးရဲတပ်ဖွဲ့ဝင်များကို လေးစားတန်ဖိုးထား သင့်ပါ တယ်။ ရဲအရာရှိစစ်စစ်တွေဟာ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို သိပ်တန်ဖိုးထားတတ်ကြ ပါတယ်။ ဆိုလိုချင်တာက ကျူးလွန်သူကိုရှုံ့ချချင်တာနဲ့ အများပြည်သူကြားမှာ တာဝန်ထမ်းနေရတဲ့ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကိုအရှက်ရသိမ်ငယ်စေမဲ့ post တွေမရေးကြ ဖို့မေတ္တာရပ်ခံချင်တာပါ။

နားလည်လက်ခံကြလိမ့်မယ်လို့ ယုံကြည်စွာဖြင့်....

Image may contain: 1 person, sitting, tree, plant, outdoor and natureCredit-

0 comments:

Post a Comment