Thursday, June 25, 2020

ဘားအံမြို့၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အယောင်ဆောင်၍ ငွေကြေးလိမ်လည်ရယူခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ ရောင်းချနေသူတစ်ဦးအား ဖမ်းဆီးရမိ

ဘားအံမြို့၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အယောင်ဆောင်၍ ငွေကြေးလိမ်လည်ရယူ ခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ ရောင်းချနေသူတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၂၅


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာနေ ဘီလား(ဘ) ဦးမိုဗစ်ရာမန် ဆိုသူသည် နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးအဖြစ် အယောင်ဆောင်၍ ဘားအံမြို့ ပေါ်ရပ်ကွက်များ၌ ငွေကြေးလိမ်လည်ရယူခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ ရောင်းချ ခြင်းများ ပြုလုပ်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေး ရှာဖွေရာ ဇွန် ၂၃ ရက်မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဘားအံမြို့၊ ကားကြီးဝင်း၌ ဘီလား အား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ပွိုင့်-၃၈ ခြောက်လုံးပြူးသေနတ် ၁ လက်နှင့် ၎င်းကျည် ၃ တောင့်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် အယောင်ဆောင်သူအား ဘားအံမြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment