Tuesday, June 30, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၃၀


တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ ပန်ဝါမြို့ တိုက်နယ် ဆေးရုံ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နှင့် ဟိုပန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မန်ကန်တိုက်နယ် ဆေးရုံ၊ အေးသာယာနှင့် ခွန်ခါကျေးလက်ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင် ပြည်သူ့ဆေးရုံ၊ ဝမ်စိမ်းတိုက်နယ်ပြည်သူ့ ဆေးရုံနှင့် လင်းခေးခရိုင်၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အလုပ်သမားဆေးရုံကြီး၌ လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့၊ ပြည်သူ့ ဆေးရုံ၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်ပြည်သူ့ဆေးရုံနှင့် ကျွန်းလှမြို့ တိုက်နယ်ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့၊ မိုးကောင်းကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၌ လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းSurgical Mask များ၊ ခွဲစိတ်ခန်းသုံး လက်အိတ် (Surgical Gloves)များ၊N95 Mask များ၊ Personal Protective Equipment (PPE)) ဝတ်စုံများ၊ မျက်မှန်f (Goggles) များ၊ Digital B. P Cuff များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Sodium Hyopchrite များ၊ Suction Machine များ၊ Examination Glove များ၊ Patient Monitorများ၊ Infusion Pump များ၊ Syring Pump များ၊ Stethoscopeများ၊ နားကြပ်များနှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံ အသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူ များနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလား ပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment