Saturday, June 27, 2020

မြေပုံမြို့နယ်၊ စံညှင်းကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင် ထား သည့်ဒေသန္တရလက်လုပ်မိုင်း ၁ လုံးနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူ တစ်ဦးဒဏ်ရာရရှိ

မြေပုံမြို့နယ်၊ စံညှင်းကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင် ထား သည့်ဒေသန္တရလက်လုပ်မိုင်း ၁ လုံးနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူ တစ်ဦးဒဏ်ရာရရှိ

နေပြည်တော် ၊ ဇွန် - ၂၇


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စံညှင်းကျေးရွာနေ မနန်းစု သည် ကျေးရွာအနီး ဂဏန်းထောင်ရန် သွားရောက်စဉ် ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံးနင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစ ထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။

အဆိုပါမိုင်းထိလူနာအား ရွာသူ၊ရွာသားများက ကမ်းထောင်းကြီးမြို့၊ တိုက်နယ် ဆေးရုံ သို့ ပို့ဆောင်၍ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment