Saturday, June 27, 2020

ရဲသော်မသေ သေသော်ငရဲမလား

၂၀၁၈ စက်တင်ဘာလ ရဲ့..ပထမ အပါတ်
ကနေ စပီး...တပ်ရင်းဋ္ဌာနချုပ်ဆိုတဲ့
ရင်ခွင်ထဲကနေ...🙂
တပ်မ အဆင့် မွမ်းမံသင်တန်း
ကို. ချီတက် ခဲ့ကြတဲ့... ကျွန်တော် တို့ရဲ့
ရဲဘော် ရဲဘက် ..ညီအကို တွေ...
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, people standing and outdoor
အဲ့ကနေ..၂၀၁၉.. ရဲ့ လဆန်းပိုင်း
မိထ္ထီလာမှာ ပြုလုပ်တဲ့
ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို... တက်ကြွ စွာ ချီတက်ခဲ့ကြတဲ့....တပ်ရင်းကညီအကိုတွေ..🙂

အဲ့ကနေ..တဆင့် ဋ္ဌာနချုပ်ကို ပြန်ခွင့်မရဘဲ..
စစ်ဆင်ရေး နယ်မြေ ကို...ချက်ချင်း ဆိုသလို..
ရောက်ခဲ့ ရတဲ့...ရဲဘော်ရဲဘက် သေဖော်သေဖက်...
တွေ..

ဒီနေ့ လိုနေ့မျိုးကို...ကျနော်တို့အပါအဝင်..
မိ သားစု ဝင် အကုန်လုံးက..မျှော်လင့်ခဲ့ကြ ဆုတောင်းခဲ့ကြတာ....အရှင်ဘုရား တောင် နားညီး နေရော့မယ် ...🙏🙏🙏
Image may contain: one or more people, people standing and outdoor
ခုတော့..ရောက်လာပီလေ...
တကယ်..အောင်ပွဲ ရပီး ပြန်လာကြပါပီ...
ဒါပေမဲ့...😔😔😔

အကုန်တော့ မဟုတ်နိုင်တော့ပါ လေ😢

ပြန်လာရတဲ့ သူတွေ အတွက် ဝမ်းသာတဲ့ မျက်ရည်က တဖက်..😭
ကိုယ့်လင်..ကိုယ့်သား
ပါမလာတော့ဘူး ဆို တာ သိရက်နဲ့..
မျှော်လင့် ချက်မဲ့စွာ လာပီး ကြို နေကြတဲ့...
အချို့ သော မိသားစု တွေ...😥

ဗိုလ်ကြီး ကတိမတည် ဘူးဆိုပီး...ဂရုနာ ဒေါသော
နဲ့..လက်မောင်းကိုဆွဲကိုင်လှုပ် ရင်း
"သမီးယောက်ျား ကို သမီးလက်ထဲ အရောက် ပြန်ပီး
ထည့်ပေးမယ် ဆို "
မျက်ရည် မပါတော့တဲ့ ဆို့နင့်ကွဲအက်သံကို
ကျနော်..နားနဲ့
ကြားတစ်ဝက် မကြားတဝက်....😢😢

ဖေဖေ ဖေဖေ ဆိုပီး မပီကလာ ပီကလာ
..ခေါ်သံရဲ့ နောက်မှာ..
"သမီး ဖေဖေ က သင်တန်းသွားတက်တယ်လေ
သမီးရဲ့..ဆိုတဲ့ စကားကို...."
မျက်ရည်တွေ ကြားက..နေ မနဲ ဖြေရရှာတဲ့...
မုဆိုးမ ပူပူနွေးနွေး... ဆီက ငိုရှိုက်သံ 😢😢

ပြန်ပါ မလာတော့ တဲ့ ညီလေး တို့ နဲ့..တပည့်ကျော်တို့ ရေ...မင်းတို့ကို တချိန်လုံး မျှော်နေကြတဲ့ မိသားစု တွေ ရဲ့ ရင် ထဲ မှာ...😭😭😭
အပူမီးတွေ ဘယ်လောက် တောက်နေလဲ ဆိုတာ...😔😔

စစ်သား.စစ်တိုက်ရင်း သေတာ မဆန်း ပေမဲ့
မြင့်မိုရ် တောင်ကြီး ပြိုသွား တဲ့မိသားစုတွေ
အတွက်တော့...ဒီ့ထက်ဆန်းတာ.ရှိနိုင်အုံးတော့ မည် မထင်..တော့ပါ...😢
Image may contain: one or more people and outdoor
ကျွန်တော်.နဲ့ နှစ်ပေါင်း များစွာ...ဆိုးတူ ကောင်းဘက်..လက်တွဲပီး..တိုက်ပွဲ ဝင်ခဲ့ ဖူးတဲ့
လုပ်ဖော်ကိုင်ဖက်...တွေရဲ့ အောင်မြင်မှု တွေရဲ့
အရသာ ကို...

မကြာသေးမှီက ဗိုလ်ကြီး (ငြိမ်း) တစ်ယောက်
အနေ နဲ့ ...

မိုင်ပေါင်းများစွာ ခရီး..ကို
ကိုယ်တိုင် လာပီး....ဂုဏ်ပြုကြိုဆိုခွင့်ရလို့..
ဝမ်းသာ မှူရဲ့..ရသကလဲ..ပါးပေါ်ကို တဖြည်းဖြည်း
ကျလာတဲ့ မျက်ရည်ပူ တချို့ အဖြစ် စားသုံး နေပီလေ😢

ပြန်မလာနိုင်ခဲ့တဲ့...ညီအကို😪 တွေ နဲ့ �စစ်သည်
တွေကိုလဲ... ရင်ထဲကနေ လှိုက်လှိုက်လဲလဲ
လက်တင် အလေးပြုလျက်ရှိတာကို😢😢😢
ကောင်းမွန်ရာဘုံ ဘဝ ကနေ...မြင်နေကြရမယ်
ဆိုတာ.....😔

" ရဲသော်မသေ သေသော်ငရဲမလား "
ဆိုတဲ့ စာသား က သက်သေ တည် လျက် 😔😔

Image may contain: one or more people, people standing and outdoor
ပုံ / အူးနေ💜💜💜 ရင်နှင့် ရင်း၍
Credit

0 comments:

Post a Comment